♥ဥပက္ခာStory ♥ဖတ်ရင်းဖတ်ရင်းမျက်ရည်မကျအောင်ထိမ်းနော်
မောင်နေမကောင်းဘူး....
ဒီနေ့ ဖုန်းမဆက်တော့ဘူးနော်ချစ်ဲလေး
ဝင်လာတဲ့ မက်ဆေ့ကိုကြည့်ပြီး သူမ နူတ်ခမ်းကို အရုပ်ဆိုးစွာ
မဲ့ပစ်လိုက်တယ်
ရမလား....
ဒီလိုမျိုး
သူငယ်ချင်း တွေရှေ့မှာဆို သူမ သူ့ကို အရမ်းနိုင်သည်
အခုဆိုအခုပဲ ဒါလိုချင်တယ် ရမှ ဟိုဟာ လိုချင်တယ် ဆို ရမှ
သူမကတ ဇွတ်ထိုးနိုင်သည်
နင့်ကောင်လေး နင့်ကို အရမ်းချစ်တာ နော်
နင့်မျက်နှာတစ်ချက်ပျက်တာနဲ့ ပြာနေတာပဲ ဂရုစိုက် တာ
ဒီအပြောတွေမှာ သူမ သာယာနေခဲ့တာ
သူမကောင်လေးအပေါ်မှာ သူမ အရမ်းဆိုးမှန်း အရမ်းနိုင်မှန်း
သူမ ကိုယ်တိုင် မေ့လျော့နေမိကာ ဥပက္ခာ တွေပေးနေမိတာ
ကို သူမ မသိခဲ့
အခုလည်း ဖုန်းမဆက်တော့ဘူးနော် ဆိုတဲ့ မက်ဆေ့ကြောင့်
စိတ်တ်ုနေကာ
လက်ကအလိုအလျောက် ဖုန်းနံပါတ် ဆီနှိပ်မိလျက်
ဟလို ချစ်လေး
ဘာချစ်လေး လည်း ခုမှ
ဘာလဲ ဖုန်းမဆက်တာ စိတ်ကုန်နေပြီ လား
မဟုတ်တာ ဘာလို့စိတ်ကုန်ရမှာလည်း
တကယ်ပါ မောင်နေမကောင်းလို့
အပိုတွေ ပြောမနေပါနဲ့
ကောင်မလေးစကားကြောင့် သူ့ရင်ဘက်ထဲအောင့်တက်သွားတယ်...
သူအကောင်းဆုံးပေးဆပ်ထားပါတယ်
သူအတက်နိုင်ဆုံး အလျော့ပေးထားပါတယ်
သူကသူမရဲ့ကျွန်တစ်ကောင်လို အကောင်းဆုံးနေထိုင်ခဲ့ပါတယ်
သူ့ရဲ့ မာနတွေ သိက္ခာတွေ သူမရဲ့ခြေရင်းမှာ ဝပ်ဆင်းထားပါလျက်
သူမ ပြောခဲ့တာက အ ပို တွေ ပါ တဲ့ လား...
ယောက်ျား တန်မဲ့ မျက်ရည် က ဝဲတယ်
သူခပ်ဖိဖိအံကြိတ်ရင်း..
ဆက်ပြောနေရင် ပြသနာ တက်တော့ မှာ ကြိုသိတဲ့စိတ်က
ဖုန်းချဖို့ကို ဦးတည်နေလျက်
ထို့အတူ.. .
ရင်ဘက်ကအဆမတန်အောင့်တက်နေကာ
နာကျင်မှုက ဘာနဲ့မှမတူ
ချစ်လေး
မောင် ဖုန်းချလိုက်တော့ မယ်
တူ...
သူ့စကားမဆုံးခင်မှာပဲ ကောင်မလေး ဖုန်းချသွားတယ်
စိတ်ဆိုးသွားပြီ.....
စိတ်ဆိုးရင် သူ့ကိုblထားတက်တာ
သူဘယ်လိုမှမနေတတ်
ဖုန်းနံပါတ် လေးပြန်နိပ်ရင်း ခေါ်လိုက်တော့
ထင်မှတ်ထားတဲ့အတိုင်း စက်ပိတ်ထားပါတယ်
ဟုတ်တယ် ငါမှားတာ
ကိုယ့်ချစ်သူကို ဂရုမစိုက်နိုင်တဲ့ ငါမှားတာ
အခန်းထဲက ပစ္စည်း တွေပစ်ပေါက်လွှင့်ပစ်ရင်း
မျက်ရည် က အတိုင်းဆမဲ့စွာ
ဖုန်းလေးက ဝင်ပါတယ်
သို့ပေမဲ့ မကိုင်ခဲ့ပါ
နောက်ဆုံး သူ့စိတ်တွေကစဥ့်ကလျားဖြစ်ကာ သူ့ကိုသူအဆုံး
စီရင်ဖို့ဆုံးဖြတ်လိုက်ပါတယ်
အိပ်ဆေးတွေ လက်တစ်ဆုပ်မော့သောက်ရင်း
နောက်ဆုံး အကြိမ် ဖုန်းခေါ်လိုက်ကာ
မကိုင်ခဲ့ပါ.. .
**************************
ကိုင်လိုက်ပါဟယ်.. ..နင်ကလည်း
သူ့ကိုသနားပါတယ်..
ဘယ်နှစ်ခါ ရှိနေပြီလဲ.ခေါ်နေတာ
ငါ့တို့ကောင်လေးတွေဆို အဲ့လောက် စိတ်မရှည်ဘူး
နေပါအုန်း ဟ
နောက်တစ်ခါဆို ငါကိုင်မယ်
ဖုန်းလေးကျသွားခဲ့တယ်....
ကောင်မလေး နောက်ထပ်အဝင်ကောလေးကို စောင့်နေပါတယ်
စောနက နောက်ဆုံး အကြိမ် ဖုန်းဆက်တယ်ဆိုတာ သူမ မသိခဲ့ဘူး
ဟဲ့ မခေါ်တော့ဘူး ကြည့်...
ငါ့အဲ့ဒါတွေ စိတ်တိုတာ
အလိုမကျစွာ စူပုတ်နေရင်း ဖုန်းကိုစိုက်ကြည့်နေမိကာ
ဟဲ့ နင်လွန်တာလေ သူခေါ်နေတာ အကြိမ်ကြိမ် နင်ကိုင်ခဲ့လို့လား
နင်သူ့ကိုမချစ်ဘူးဆိုလည်း ဖျတ်လိုက်ပါ
ဒီလောက် ထိ နှိပ်စက် ဖို့မလိုဘူး ထင်တယ်
သူမက သူ့ကို မချစ်ဘူး တဲ့လား
ဟင့်အင်း မဟုတ်တာ ဘာလို့မချစ်ရမှာလည်း ချစ်တာပေါ့ အသည်းနင့်အောင်ချစ်တာ ဒါမဲ့ သူမ ထုပ်မပြခဲ့တာ
ဘာလို့ ဖျတ်ရမှာလည်း ငါသူ့ကို အရမ်းချစ်တာ ဟ
နင်သူ့ကို ဥပက္ခာ ပြုတာတွေ စိတ်ဆိုးရင် ဖုန်းမကိုင်တာတွေ
ဖုန်းစက်ပိတ်ထားတာတွေ သူအရမ်းခံစားနေရတာ
နင်သူ့ကို အရမ်းနိုင်လွန်းတယ်
ငါသူ့အပေါ်အရမ်းဆိုးနေခဲ့တာလား
ဘာရယ် ဆိုးနေခဲ့တာလား ဟုတ်လား
နင့်ကိုနင် မသိဘူးလား နင် အရမ်းဆိုးတာ နင့်အရမ်းအနိုင်ယူတာ
နင့်အကျင့်တွေ ပြင်သင့်နေပြီ
မဟုတ်ရင် သူက နင့်ကို စိတ်ပျတ်သွားလိမ့်မယ်
ဘာ....
စိတ်ပျတ်သွားလိမ့်မယ် ဟုတ်လား.. .
ဟုတ်တယ်လေ
ဘယ်သူက ကိုယ့်ကိုဂရုမစိုက်တဲ့သူကို အချိန်ကြာကြီးဖတ်တွယ်နေမလဲ
ကြာလာရင် သူလည်း စိတ်ပျတ်လာမှာပဲ
သူလည်း နှလုံးသား နဲ့လူပါ နင်အရမ်းမဆိုးပါနဲ့
ငါ....ငါ ဘာလုပ်သင့်လဲ ဟင်
ဟာ ...ဖုန်းပြန်ခေါ်လေ ...
သူမဖုန်းနံပါတ် လေးတွေ နိပ်ကာခေါ်လိုက်သည်
သို့ပေမဲ့ မကိုင်ခဲ့ပါ.. ..
၁ခါ
၂ခါ
၃ခါ
သည်းခံ နိုင်စွမ်းမရှိတော့....
ဘာလို့မကိုင်တာလဲ....တောက်စ် တွေ့ကြသေးတာပေါ့
ဟဲ့ ဘာလဲ အခုတော့ နင် စိတ်တိုနေပြီလား...
နင်ခေါ်တာ သုံးလေးခါအပြင်မပိုဘူးနော်
သူနင့်ကို ခေါ်တာ အဝင်ကော၃၀ကျော်နေပြီ နင်ကိုင်ခဲ့လို့လား
တော်ပြီဟာ ငါ သူ့အိမ်သွားမယ်...
သူမ စိတ်တိုမှု စိုးရိမ်မှုနဲ့အတူ မောင့်အိမ်ကို ခြေလှမ်းတွေ ဦးတည်နေမိတယ်
မောင် ချစ်လေး ကို မုန်းသွားပြီလား....ဟင့်အင်း မဟုတ်ဘူး
ချစ်လေး မောင့်ကို အရမ်းချစ်တာပါ
ချစ်လေး ဥပက္ခာ တွေ တမင်ပေးခဲ့တာမဟုတ်ခဲ့ရပါဘူး မောင်ရယ်
အိမ်တံခါးလေးက ပွင့်နေလျက်
သူမ အိမ်ထဲဝင်လိုက်ကာ....မောင် ...
ခေါ်လိုက်သည်...သို့ပေမဲ့ တုန့်ပြန်သံထွက်မလာခဲ့ပါ
မောင်...
မောင်
အခန်းတံခါးလေးပွင့်နေလျက် ဝင်လိုကာ
မြင်လိုက်ရတဲ့ မြင်ကွင်းက....
ဆေးလုံးလေးတွေက ကြမ်းပြင်ပေါ် ပြန့်ကျဲလျက် ထိုနံဘေးမှာတော့
အရမ်းချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက် ပါးပြင်ထပ် မျက်ရည် စက်များစွာနဲ့ ငြိမ်သက်စွာနဲ့ လဲလျောင်း နေပါတယ်
မယုံနိုင်ပါ.....ဟင့်အင်း မဟုတ်ဘူး မောင် တကယ်မဟုတ်ဘူး
အခန်းတစ်ခုလုံး သူမ ဓာတ်ပုံ တွေနဲ့ ပြည့်နေလျက်
အလှရိုက်ထားတဲ့ပုံမဟုတ်
သူမရဲ့ လှုပ်ရှားမှုတိုင်း ကို အသေးစိတ် ရိုက်ထားသလို
မောင်.....
သူမ နှလုံးသား တွေ ပဲ့ကြွေရပါပြီ....
မောင် ချစ်လေး မှားခဲ့ပါတယ် ချစ်လေးမောင့်အပေါ် အရမ်းဆိုးခဲ့ပါတယ်
ချစ်လေး မောင့်ကို အရမ်းချစ်ပါတယ်.....
ပြန်လာပေးပါ မောင်ရယ်
မောင့် ရဲ့ အသက်မဲ့နေတဲ့ ခန္ဒာကိုယ်ကို ပွေ့ဖတ်ရင်း အရူးမလေးလို
ငိုမိရပါပြီ ....
ချစ်လေး နောင်တရပါပြီမောင်ရဲ့...
မဆိုးတော့ပါဘူး
မောင့်
လိမ်လိမ်မာမာ နေပ့မယ် မောင်ရ ချစ်လေး လိမ်လိမ်မာမာ နေပ့မယ်
ချစ်လေး ကို သနားပါ
အဲ့လိုကြီးမနေပါနဲ့ ထပါ
ဟင့်......ဟင့်.....ဟင့်............ဟင့်
သူမတစ်သိမ့်သိမ့်ရှိုက်ငိုမိရပါပြီ...😔😪😪
သူမအရမ်းချစ်တဲ့ကောင်လေးက သူမအနားမှာရှိနေပါတယ်
သူမမမြင်နိုင်ခဲ့ပါ
သူမကိုယ့်ပွေ့ဖတ်ရင်း နှစ်သိမ့် နေတဲ့ သူမ ကောင်လေး စကားတွေ
သူမ မကြားနိုင်တော့ပါ
ကိုယ့်ကိုအရမ်းချစ်တဲ့သူအပေါ် ဆိုးတာက တော်ရုံ လောက်ပဲ ဆိုးသင့်ပါတယ် တခါတလေ မှာ အဆုံးသတ် ဖို့ထိ စိတ်တွေညစ်သွားတတ်ပါတယ်
အချစ်ဆိုတာ ဆိုးတိုင်းလည်းမကောင်း ပါ
ဥပက္ခာ ဆိုတာ တကယ်ချစ်မိသူအတွက် အရှင်လက်လက် ငရဲကျနေသလို ပြင်းထန်လွန်းလှပါတယ်
ကိုယ့်ချစ်သူကိုတကယ်ချစ်တယ်ဆို ဥပက္ခာ တွေ မပေးမိပါစေနဲ့
သူတို့လည်း နှလုံးသား နဲ့လူပါ
အသက်မရှင်ချင်လောက်အောင် နာကျင်သွားတက်ပါတယ်
ချစ်သူတိုင်းဘဝ အဆင်ပြေကြပါစေ
ရင်ထဲကျန် ခဲ့တာလေးတွေ မန့်ပေးပါနော်
တိုးဝေ😔😢
Wednesday, November 15, 2017
Home »
ဗဟုသုတဆိုင်ရာ
» ♥ဥပက္ခာStory ♥ဖတ်ရင်းဖတ်ရင်းမျက်ရည်မကျအောင်ထိမ်းနော်
0 comments:
Post a Comment