ကျွန်တော်သိသောသူငယ်ချင်းဆိုတာ
📖📖📖📖📖📖📖📖📖📖📖📖
📋အားပေးစရာရှိအားပေးတတ်ရသည်။စားစရာရှိဝေစားတတ်ရသည်။
ပြောစရာရှိပွင့်လင်းစွာပြောဆိုရသည်။
ရယ်စရာရှိတူတူရယ်မောပြောဆိုပြီးနေရသည်။
ဝမ်းနည်းစရာရှိဖြေသိမ့်ပေးတတ်ရသည်။
📋သာပေါင်းညာစားတတ်တာကသူငယ်ချင်းမဟုတ်ဘူး။
📖မရှိလည်းပေါင်းရှိလည်းပေါင်းတာကမှသူငယ်ချင်း။
🗂ဘယ်နေရာရောက်ရောက်မမေ့တတ်တာသူငယ်ချင်း။
📂ချစ်သူရှိရှိမရှိရှိခေါ်ပြောနှုတ်ဆက်တတ်တာသူငယ်ချင်း။
📁စိတ်ရင်းအမှန်ကိုဟန်ဆောင်ခြင်းမပါဖော်ပြတတ်တာသူငယ်ချင်း။
📔ကောင်းရင်တိုင်ပင်ဆိုးရင်ဖြေရှင်းပေးနေတတ်တာသူငယ်ချင်း။
💻မိုက်ခြင်းကိုပြုပြင်ကောင်းခြင်းကိုလမ်းညွန်ပေးတာသူငယ်ချင်း။
⌨အမြဲတမ်းစကားတွေပြောနေဖို့မလိုပါဘူး။
စိတ်ရင်းအမှန်လေးနှင့်ခင်ရင်လည်းသူငယ်ချင်းပါ။
☎️စကားချိုချိုတွေသုံးနေဖို့လည်းမလိုပါဘူး။
စေတနာနှင့်ဆုံးမတတ်တဲ့စကားပြောလည်းသူငယ်ချင်းပါ။
⏰ငယ်ကတည်းကသူငယ်ချင်းဖြစ်နေဖို့မလိုဘူး။
ခင်တဲ့အချိန်ကစဖြူစင်မေတ္တာနှင့်ခင်ရင်လည်း သူငယ်ချင်းပါ။
📞ဘယ်သွားမယ်ဘာလုပ်မယ်ပြောနေဖို့မလိုဘူး။
စကားပြောနေချိန်မှာမလိမ်မညာတတ်ရင်လည်းသူငယ်ချင်းပါ။
🎥သတင်းတွေအတင်းတွေပြောပြနေဖို့မလိုဘူး။
အလုပ်နှင့်ပတ်သက်ပြီးမသိတာကိုပြောပြတာလည်းသူငယ်ချင်းပါ။
📙အစစအရာရာအတွက် အကူအညီတွေ အမြဲပေးနေဖို့မလိုဘူး။
အကူအညီလိုတဲ့အခါထွက်မပြေးတတ်တာလည်းသူငယ်ချင်းပါ။
🗞ငွေကြေးပြည့်စုံချမ်းသာသောသူလည်းဖြစ်နေစရာမလိုဘူး။
မရှိအတူရှိအတူပုံမှန်ခေါ်ပြောနေရင်လည်းသူငယ်ချင်းပါ။
💯ပျော်စရာဟာသတွေအမြဲပြောနေဖို့မလိုဘူး။
စိတ်မပျော်ရွှင်တဲ့အခါပြောလေသမျှနားထောင်ပေးတာလည်းသူငယ်ချင်းပါ။
💚💚💚ခင်မင်မှူနှင့်သူယ်ချင်းဆိုတာ💜💜💜
သစ်ပင်လေးတစ်ပင်ပါပဲတဲ့။ဖတ်ဖူးသမျှစာတွေထဲကလို
သူငယ်ချင်းရေ တို့တွေအမြဲ မမုန်းမမေ့ကြေး ဆက်ခင်ကြမယ်,,,,
မေတ္တာဖြင့် မျှဝေပါသည်
Aung Ko Latt
Crd
0 comments:
Post a Comment