Tuesday, November 7, 2017

အတွေးအခေါ်

တစ်နေ့ တော့ စားသောက်ဆိုင်အရှေ့ကို အကောင်းစားဇိမ်ခံကားကြီးတစ်စီး ဆိုက်ရောက်လာပါတယ်။

ကားပေါ်က ရုပ်ရည်သန့်ပြန့်တဲ့ အသက် ၃၀ ဝန်းကျင်ခန့် လူငယ်တစ်ယောက် တည်ငြိမ်စွာ ဆင်းလာပြီး စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာပါတယ်။

ထိုစဉ် ဆိုင်နားရှိ့ ဆိုင်ကယ်ပေါ်တက်အံ့ဆဲဆဲ့
အသက်တူရွယ်တူ လူတစ်ယောက်က ကားပေါ်ကဆင်းလာတဲ့လူကို မမှိတ်​မသုန်​ ကြည့်နေရင့်း့

ခဏကြာတော့ မရဲတရဲနဲ့
ထိုကာပေါ်က ဆင်းလာသူထံ အနားသွားပြီ့း

"မိတ်ဆွေ… စိတ်မရှိပါနဲ့ ကျွန်တော့် သူငယ်ချင်း
တစ်ယောက်နဲ့အရမ်းတူလို့ပါ။ '' လို့ ပြောလိုက်တော့
ကားပေါ်ကဆင်းလာတဲ့ လူငယ်က ပြုံး၍

'' တူမှာပေါ့ကွ ငါမင်းသူငယ်ချင်းလေကွာ "တဲ့။

ဒီတော့မှ သူငယ်ချင်းနှစ်ယောက်
အားရဝမ်းသာစွာနဲ့ စားပွဲတစ်ဝိုင်းတည်း ထိုင်လိုက်ကြတယ်။

`မင်း ဘာတွေလုပ်လို့ ခုလိုကြီးပွားချမ်းသာလာတာလဲအရင်က မင်းဆယ်တန်းကထွက်လိုက်ရပြီး ဆိုက္ကားနင်းနေတာနော်အေး...ငါလည်း ဆေးကျောင်းပြီးကတည်းက နယ်မှာတာဝန်ကျတာသူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်တာကြာပြီကွ။

လို့ စမေးတဲ့အခါ့

ကားပေါ်ကဆင်းလာသူက
" အေးပါသူငယ်ချင်းရာ ငါ ရှင်းပြပါ့မယ်
ငါ ဆယ်တန်းတုန်းက မိဘတွေ ကျောင်း
ဆက်မထားနိုင်လို့ ကျောင်းထွက်
လိုက်ရပြီး ငါ့ အဖေ နင်းနေတဲ့ ဆိုက္ကားကို
ငါ ဆက်နင်းခဲ့ရတယ်။
ဆိုက္ကားနင်းနေရင်း ငါ အမြဲတွေးတယ် ။
အဲ့ဒါက ဘာလဲဆိုတော့
လူဆိုတာက ပညာမတတ်ရင် ငွေရှိမှ
လူရာဝင်မယ်ဆိုတာ။

ဆိုက္ကားသမားဘဝက ချမ်းသာတဲ့သူဖြစ်အောင်
ဘယ်လိုလုပ်ရမလဲ
ငါ အမြဲတွေးတယ်။ငါ့မှာလည်း လုပ်ငန်းကြီးလုပ်ဖို့
အရင်းအနှီးကလည်းမရှိတော့ လက်ရှိလုပ်နေတဲ့
အလုပ်ကို ဘယ်တိုးချဲ့ရမလဲဘဲ
အကြံထုတ်ရတာပေါ့။တစ်နေ့တော့ ငါ အကြံတစ်ခုရတယ်
အဲ့ဒါနဲ့ ဆိုက္ကားကို နေ့ရောညရော မနားဘဲ
ငါ ကြိုးစားနင်းခဲ့တယ်။

ရလာတဲ့ ငွေလေးတွေစုပြီး ဆိုက္ကားနောက်စီး
ဝယ်ပြီး စိတ်ချယုံကြည်ရတဲ့
သူတစ်ယောက်ကို အငှါးပေးခဲ့တယ်။
ရလာတဲ့ အငှါးခလေးရယ်
ငါ ကြိုးစားနင်းလို့ရတဲ့ ငွေတွေပေါင်းပြီး
ဆိုက္ကားနောက်တစ်စီး
ထပ်ဝယ်တယ်။အဲ့ဒီလိုနဲ့ ဆိုက္ကားတစ်စီးပြီး
တစ်စီး ထပ်ထပ်ဝယ်ရင်း
အငှါးပေးရင်းနဲ့ ငါ့မှာ ဆိုက္ကား(၁၀စီး)
ကျော်ကျော်ရှိလာတယ်။

ငါ တွေးမိတယ် `ငါ့ ဆိုက္ကားတွေက
ခိုင်းနေတော့ ပျက်လာတယ်
ငါကလည်း ကိုယ့်ဆိုက္ကားကို
အရင်တုန်းက ကိုယ့်ဘာကို
ပြင်ပြင်ြပီး နင်းနေတော့ ဆိုက္ကားကို
ကောင်းကောင်းပြင်တတ်လာတယ်
အငှါးပေးနေတဲ့ ဆိုက္ကားတွေကို
ငါကိုယ်တိုင်ပဲ ပြင်ပေးနေရတော့
အပိုပစ္စည်းတွေ ကြိုကြိုဝယ်ထားရင်းနဲ့
အပိုပစ္စည်းဆိုင်ဖြစ်မှန်းမသိ
ဖြစ်လာတယ်။ ငါ ဆိုက္ကားကိုယ်တိုင်
မနင်းတော့ဘဲ ဆိုက္ကားတွေ
တစ်စီးပြီးတစ်စီးဝယ်ရင်း ၊ အပိုပစ္စည်းဆိုင်ကိုပါ
တိုးချဲ့လာတယ်
ပညာရှင်တွေ ခေါ်ပြီးဆိုက္ကားဝပ်ရှော့ကြီးပါ
တည်ထောင်ခဲ့တယ်။

ငါ့ စီးပွားရေးက တဖြည်းဖြည်းနဲ့
အင်အားကြီးလာခဲ့တယ်
အဲ့ဒီလိုနဲ့ ငါတို့မြို့မှာ ဆိုင်ကယ်တွေ
အစီးများလာတော့ ဆိုင်ကယ်အ
ပိုပစ္စည်းပါ တွဲထောင်ခဲ့တယ်။
ငါကလည်း အလုပ်ကို
စေတနာထားသလို
ငါ့လုပ်ဖော်ကိုင်ဖက်တွေနဲ
့ ဝယ်သူအားပေးသူတွေ
အပေါ် ကောင်းကောင်းမွန်မွန်နှိမ့်ချစွာ
ဆက်ဆံတတ်တော့
ဆိုင်ကယ်ပစ္စည်းဆိုင်ကလည်း
အောင်မြင်လာခဲ့တယ်။

ခုကျတော့ ငါတို့မြို့မှာ ကားတွေ အစီးများလာပြီလေ။
ဒါကြောင့်ကားအပိုပစ္စည်းပါ တွဲရောင်းခဲ့တယ်။
နဂိုကတည်းက မိတ်များတဲ့
ငါ့ဆိုင်က ကားအပိုပစ္စည်းဆိုင်ထောင်တော့လည်း
အရမ်းရောင်းကောင်းခဲ့တယ်။ဆိုက္ကားကို
တစ်စီးပြီးတစ်စီးဝယ်ြပီး အငှါးချခဲ့သလိုပဲ
ကားတစ်စီးပြီးတစ်စီးဝယ်ပီး ကားဂိတ်တွေမှာ
ငါ့ကားတွေသွင်းပြီး လိုင်းစွဲခဲ့တယ်။

မောင်ဖြူ ရဲ့စကားဆုံးတော့ မောင်နီသည်
ပါးစပ်အဟောင်းသားနဲ့
မောင်ဖြူ ရာ မင်းကကျောင်းတစ်ဝက်တစ်ပျက်နဲ
့ ငါ့လိုဆရာဝန်တစ်ယောက်ထက်ပြိုပီး အောင်မြင်
အောင်လုပ်နိုင်ခဲ့တယ်။
ငါ မင်းကို အရမ်းလေးစားအားကျမိတယ်။
ငါက ပညာတတ်ရင်လူရာဝင်တယ် ၊
ဂုဏ်ရှိတယ်လို့ ထင်ထားခဲ့တာ။
လောကမှာ လူတစ်ယောက်နဲ့ ကံကြမ္မာမတူညီဘူး
ဆိုပေမယ့်ပညာဆက်လက်မသင်ကြားနိုင်လည်း
စိးပွားရေးကို တိုးတက်အောင်
လုပ်နိုင်ရင် ပညာတတ်တွေထက် ပိုပြီးလူရာ
ဝင်တယ်ဆိုတာငါ လက်ခံသွားပါပြီ မောင်ဖြူရာ… ။

ဘာလို့လဲဆိုတော့ ဘွဲ့လက်မှတ်က လူသိအောင် လည်ပင်းမှာ
ချိတ်ထားလို့မရဘူးလေ။ ကားအကောင်းစားကြီးစီးနေတဲ့ မင်းနဲ့
ဆိုင်ကယ်လေးစီးနေရတဲ့ ငါ ဆိုရင် လူတွေက မင်းကို ပျုိပီး
သတိထားမျိပီး လေးစားအထင်ကြီးကြမှာ သေချာတယ်လေ။

သာဓလေးကို ကြည့်ခြင်းအားဖြင့် ပညာဆက်လက်မသင်ကြားနိုင်လည်းလက်ရှိကိုယ်လုပ်နေရတဲ့ လုပ်ငန်းကို မဆုတ်မနစ် မလျော့သောဇွဲနဲ့ကြိုးစားမယ်ဆိုရင် ကံ ၊ ဥာဏ် ၊ဝီရိယအကျိုးကို ခံစားရမှာဖြစ်ပြီးပညာမတတ်လည်း အတွေးအခေါ်ရှိရင် ပညာတတ်တဲ့လူတွေထက်တောင် ပိုပြီးကျော်ကြားအောင်မြင်နိုင်တယ်ဆိုတာ အမှန်တရားတစ်ခုပါ။

အတွေးအခေါ်မြင့်တဲ့ လူတစ်ယောက်မှာ
တစ်နှစ်စာ planရှိတယ်ဆိုရင်
ကြိုးစားနေတဲ့လူတစ်ယောက်မှာ တစ်ဘဝစာ plan ရှိပါတယ်……

Credit to ဇင်းနစ်​ မကွေး

0 comments:

Post a Comment