သံပုရာပင်စိုက်ပျိုးနည်း(ထိုင်း)
=======================(၁)အကျယ်နှစ်ပေ၊အနက်တစ်ပေရှိအင်္ဂတေကွင်း
(အောက်ခံအပြားအားအင်္ဂတေခင်းလျှင်ပိုကောင်းသည်)
(၂)နွားချေး၊သဲ၊အုန်းခွံဆတူရောစပ်၍ထည့်ပါ။
(၃)ကိုင်းကူးပြီးသားသံပုရာပင်အားခြောက်ပေခြား
စိုက်ပျိုးပြီးနေ့စဉ်ရေလောင်းပေးပါ။
(၄)အပင်ကြီးထွားလာပါကနှစ်ရက်တကြိမ်ခန့်နှင့်
အပွင့်များလာပါကလေးရက်တကြိမ်သာရေလောင်းပါ။
(၅)အသီးရှိသောကိုင်းအားကူးယူလိုပါက...
သံပုရာကိုင်းအခွံအားဓားဖြင့်ပါးပါးခြစ်ပြီး
ရေစိမ်ထားသောအုန်းဆံမှုန့်အားပုံပါအတိုင်း
ပလတ်စတစ်ဖြင့်ကောက်ညှင်းထုပ်စီးသကဲ့ချည်ပါ။
ကူးထားသောအကိုင်းအားရေလုံးဝမလောင်းရ။
(၆)အမြစ်စတင်ထွက်လာပါကအကိုင်းအား
ဖြတ်တောက်၍အသစ်ပြန်လည်စိုက်ပျိုးနိုင်ပြီဖြစ်သည်။
မရှင်းလင်းပါကမေးမြန်းနိုင်ပါသည်။
ရဲထက်ဆိုး
0 comments:
Post a Comment