"တစ်နေ့သေမယ်ဆိုတာ
ကို တစ်ကယ်မမေ့တဲ့သူဆိုရင်တော့
တရားအားထုတ်ဖို့အတွက်အချိန်ကို ရအောင်ယူလို့ရမှာပါ"
******
#နေ့စဉ် ကိုယ့်ကိုယ်ကို သတိပေးနော်..
နေ့စဉ် မေတ္တာဘာဝနာကို ပွားများဖြစ်အောင် ပွားများပါ..
မေတ္တာဘာဝနာပွားများရင်းနဲ့ပဲ အဲဒီမေတ္တာစိတ်ကိုပါ ပြန်ရှုပြီးတော့
ဝိပဿနာပါ တစ်ခါတည်း တစ်ဆက်တည်း ပွားသွားလို့ရပါတယ်..
ဝိပဿနာကို တစ်ဆက်တည်းပွားများပါ..
ဒီလိုတရားတော်တွေကို ပွားများအားထုတ်ပြီး
တဖြည်းဖြည်း မေတ္တာစိတ်တွေပိုပြီးတော့ ကြီးလာတဲ့အခါမှာ
ကိုယ့်စိတ်က ပိုပြီးတော့ လွတ်လပ်လာလိမ့်မယ်
ပေါ့ပါးလာလိမ့်မယ်နော်..
ကုသိုလ်စိတ်မှန်သမျှဟာ စိတ်ကို
လွတ်လပ်သွားစေတယ် ပေါ့ပါးသွားစေတယ်
ကြည်လင်သွားစေတယ် အေးချမ်းသွားစေတယ်..
အဲဒီတော့ တစ်ကယ်လွတ်လပ်မှုကို လိုချင်တယ်ဆိုရင်
ဘယ်လိုကုသိုလ်မျိုးကိုမဆို ဖြူစင်တဲ့စိတ်နဲ့ ပြုပါ..
ကုသိုလ်မှန်သမျှဟာ မဂ်ဖိုလ်နိဗ္ဗာန်ကိုရဖို့အတွက်
အထောက်အပံ့ ဖြစ်ပါတယ်..
ဝိပဿနာကိုလည်း နေ့စဉ်ပွားများပါ..
ဘုရားဂုဏ်တော်ကိုလည်း နေ့စဉ်ပွားများပါ..
မေတ္တာဘာဝနာကိုလည်း နေ့စဉ်ပွားများပါ..
ပြီးတော့ သေခြင်းတရားကိုလည်း မေ့မထားပါနဲ့..
အခု လုပ်နေတဲ့ကိစ္စတွေဟာ
လုပ်နေရတုန်းမှာ အရေးတော့ကြီးပါတယ် မလုပ်လို့မဖြစ်ပါဘူး..
သို့သော် သေရင် အကုန်လုံးကိုထားခဲ့ရမှာပါ..
ဘယ်လောက်ပဲအလုပ်များများ အဲဒီအလုပ်များတဲ့ကြားထဲကပဲ
တရားအားထုတ်ဖို့အချိန်ကို ရအောင်ယူပါ..
တစ်နေ့သေမယ်ဆိုတာကို မမေ့တဲ့သူကတော့ အချိန်ရအောင်ယူလို့ရမှာပါ..
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
credit>World of Buddha
စေတနာမေတ္တာအရင်းခံဖြင့် ထပ်ဆင့်မျှဝေပူဇော်သည်..
ohmarshin







Myanmar Kyat Converter

0 comments:
Post a Comment