Friday, November 24, 2017

အဓိကရန်သူ

အဓိကရန်သူ
========

လောကကြီးမှာ အဆိုးဆုံး အရာက မကောင်းတဲ့စိတ်ဖြစ်သလို့အကောင်းဆုံး အရာကလည်း ကောင်းတဲ့စိတ်ပဲဖြစ်တယ်

အသုံးမကျဆုံး အရာက မတွေးတောတတ်တဲ့
စိတ် ဖြစ်လို အသုံးဝင်ဆုံးကလည်း တွေးတော
တတ်တဲ စိတ်ပဲဖြစ်တယ်

စိတ်ကြောင့် ဆိုးတယ်
စိတ်ကြောင့် ကောင်းတယ်
စိတ်ကြောင့် မိုက်တယ်
စိတ်ကြောင့် ရိုးတယ်
စိတ်ကြောင့် မူးရူးတယ်
စိတ်ကြောင့် လိမ္မာတယ်

လုံးလ ဝိရိယ ဇွဲ သတ္တိမှနသမျှကိုလည်း
စိတ်ကပဲ ထိမ်းချုပ်ထားတယ်
စိတ်အလိုလိုက်မိလျှင် ဘာမဆိုဖြစ်သွားနိုင်တယ်

ကောင်းလမ်းကိုစေလျှင် ကောင်းရာရမယ်
ဆိုးလမ်းကိုစေရင် ဆိုးရာရမယ် ဘဝမှာ
ဖြစ်ပေါ်နေတဲ့ အနိုင်အရူံး အငိုအပြုံးတွေ
အားလုံးက စိတ်ရဲ့ဖန်တီးမူ့ပါ
ဒါ့ကြောင့် ကိုယ့်စိတ်ကို ကိုယ် ဘယ်တော့မှ
အရူံးမပေးနဲ့.....

ကိုယ့်စိတ်ကို ကိုယ်နိုင်မယ်ဆိုလျှင်
လောကကြီးမှာ ကြောက်စရာဘာတခုမှမရှိနိုင်ပါ

 တကယ်လို့ ကိုယ့်စိတ်ကို ကိုယ်မနိုင်ပဲ
နေလျှင်တော့ ကိုယ့်ဘဝအတွက် အဓိက ကြောက်စရာ အကောင်းဆုံး အရာတခု ရှိလာနိုင်တယ်

အဲဒါက
အရာရာကို တွေးပြီး ကြောက်နေတဲ့
ကြောက်တတ်တဲ့"ကိုယ့်ရဲ့စိတ်" ပဲ ....

#စွယ်စုံကျွဲကျောင်းသား

Photo..credit

ညီမလေးရေ အားတင်းထားပါ
သူတော်ကောင်းနတ်စောင့်လိမ့်မယ်

0 comments:

Post a Comment