Wednesday, November 29, 2017

ဣနြေ္ဒရှင်

ဣနြေ္ဒရှင်
*******
မိန်းမတို့ဣနြေ္ဒရွှေပေးလို့မရ ဆိုတာပဲရှိပြီး ဟောက်ျားတို့ဣနြေ္ဒ ရွှေပေး
လို့မရ ဟုမပြောကြတော့ ဣနြေ္ဒဆိုလျင် မိန်းမတွေနဲ့သာဆိုင်သလို
ထင်နေကြသည်။အမှန်တော့ဣနြေ္ဒဟူသည် အားလုံးနဲ့ဆိုင်သော
အရာဖြစ်သည်။မိန်းမသဘာဝကို ဣတ္ထိနြေ္ဒဟုဆို၍ မိန်းမတို့သဘာဝ
တွင်အစိုးရသည့်သဘောကိုဆို၏။ယောက်ျားသဘာဝကိုတော့
ပုရိသိနြေ္ဒဟုဆို၍ ယောက်ျားတို့သဘာဝကိုအစိုးရသည့်သဘောဖြစ်၏။
ယောက်ျားမိန်းမ ထင်ရှားအောင်ကွဲပြားစေသောအမူအကျင့်တွေကိုပင်
ဘာဝဣနြေ္ဒဟုဆိုရ၏။နပုန်း၊ပဏ္ဍုတ်၊ဥဘတောစသည်ဖြင့်လိင်ချို့ယွင်း
လာသူတွေကိုတော့ ဘာဝဣနြေ္ဒ ချို့သည်ဟုဆိုရပေမည်။ဣနြေ္ဒဟူ
သည် အစိုးရခြင်းသဘောဖြစ်၏။အစိုးရသည်ဆိုရာ၌ဆိုင်ရာဋ္ဌာနမှာသာ
အစိုးရခြင်းဖြစ်သည်။မျက်စိပသာဒသည် မြင်ခြင်းကိစ္စ၌အစိုးရ၍
စက္ခုနြေ္ဒဟုဆိုရ၏။ကြားခြင်းကိစ္စ၌ သောတပသာဒသည်အစိုးရ၍
သောတိနြေ္ဒ။နံခြင်းကိစ္စ၌ ဃာနပသာဒသည်အစိုးရ၍ ဃာနိနြေ္ဒ။
အရသာသိခြင်းကိစ္စ၌ ဇိဝှာပသာဒသည်အစိုးရ၍ ဇိဝိနြေ္ဒ။ထိခြင်းကိစ္စ၌
ကာယပသာဒသည် အစိုးရ၍ ကာယိနြေ္ဒ။သိခြင်းကိစ္စ၌ မနောသည်အစိုး
ရ၍ မနိနြေ္ဒ။ မြင်။ကြား၊နံ၊စား၊ထိ၊တွေးကိစ္စတို့သည် လူတို့လုပ်သော
ကိစ္စဖြစ်ခြင်းကြောင့် ဣနြေ္ဒသည်လူတိုင်းနဲ့ဆိုင်၏။ထိုကိစ္စတွေကြောင့်
ပင် ကုသိုလ် အကုသိုလ်တွေဖြစ်လာရ ဣနြေ္ဒဆိုတာကိုများစွာ
သဘောပေါက်ဖို့လို၏။

ဣနြေ္ဒတွေကို မညှိတတ်လျင် မြင်တိုင်းမြင်တိုင်းအကုသိုလ်ဖြစ်ပေမည်။
ကြားတိုင်းကြားတိုင်း။နံတိုင်းနံတိုင်း၊စားတိုင်းစားတိုင်း၊ထိတိုင်းထိတိုင်း၊
တွေးတိုင်းတွေးတိုင်းအကုသိုလ်သဘောကိုမလွန်ဆန်နိုင်ပေ။
မြင်တိုင်းငါ။ကြားတိုင်းငါ။နံတိုင်းငါ။စားတိုင်းငါ။ထိတိုင်းငါ။တွေးတိုင်းငါ။
ကိစ္စတိုင်းကိုငါလို့ ထင်နေမိခြင်းကပင်လျင် အကုသိုလ်ဖြစ်ဖို့ ပို၍
လမ်းသာ၏။ပါပသ္မိံ ရမတိ မနော အရပင် မိမိတို့ရဲ့ မနိနြေ္ဒက
ကိလေသာလက်အောက်ပြားပြားမှောက်နေပြီးဖြစ်၏။မှောက်နေတာကို
လှန်ဖို့ရာကလည်း ထိုဣနြေ္ဒတို့ကိုညှိယူမှသာဖြစ်မည်။ညှိဆိုရာ၌လည်း
မြင်တိုင်း၊ကြားတိုင်း။နံတိုင်း။စားတိုင်း၊ထိတိုင်း၊တွေးတိုင်းမှာ အကုသိုလ်
မဖြစ်ဖို့ သီလဖြင့်ထိန်းရ၏။သမာဓိဖြင့်ထိန်းရ၏။ပညာဖြင့်ထိန်းရ၏။
ထကြွလုံ့လရှိခြင်း၊မမေ့မလျော့ခြင်း၊သီလစောင့်စည်းခြင်း၊
ဣနြေ္ဒတို့ကိုဆုံးမခြင်းနှင့်ပြည့်စုံသောပညာရှိသည် သံသရာတည်းဟူ
သောသမုဒ္ဒရာ၌ အရဟတ္တဖိုလ်တည်းဟူသော မှီခိုရာကျွန်းကိုပြုလုပ်ရာ
၏။ထိုကျွန်းကို ကိလေသာရေအလျဉ်သည်မဖျက်စီးနိုင်တော့ပြီဟူ၍
ဘုရားရှင်လည်းဆုံးမတော်မူပြီးဖြစ်၏။ဣနြေ္ဒတို့ကိုမှမထိန်းလျင်
လေးသြဃ ဝဲဇလုတ် မှာနစ်မြုပ်ရမည်။သံသရာ ထောင်အချုပ်မှာလည်း
အနှောင်အတုပ်ခံရမည်။ထိုအခါ မြတ်သောပန်းတိုင်လည်းပျောက်၍
မမှားသင့်သောအမှား မမိုက်သင့်သောအမိုက်တွေလုပ်မိရင်း
မိုက်မလင်းတဲ့ အမိုက်မင်းတွေဖြစ်နေဦးမည်။မိုက်နေတာတွေမလင်း
သည့်အခါ အမြိုက်နိဗ္ဗာန်အတွင်းလည်းဘယ်တော့မှချဉ်းနိုင်မည်
မဟုတ်ချေ။

ဣနြေ္ဒတို့ကိုစောင့်စည်းခြင်း၌သီလဖြင့်စောင့်စည်းသည်ဆိုငြား ငါးပါး၊
ရှစ်ပါး၊ကိုးပါး၊ဆယ်ပါးဖြင့်စောင့်စည်းခြင်းကား ကံပေါ်သီလဖြစ်၍
နိဗ္ဗာန် မဂ်ဖိုလ်ကိုရဖို့ခက်၏။ဣန္ဒြိယသံဝရသီလသည်သာ နိဗ္ဗာန်မဂ်ဖ်ုလ်
နဲ့ပို၍နီးကပ်သောသီလဖြစ်သည်။သီဟိုဠ်ခေတ်က ကုရဏ္ဍကလိုဏ်ဂူ
တွင် စိတ္တဂုတ္တမထေရ်အရှင်သီတင်းသုံး၏။တစ်ခါ၌ အာဂန္တုရဟန်း
တော်တွေလာတော့ ကျောင်းစဉ်လှည့်လည်ကြည့်ရှုကြရင်း
မထေရ်အရှင်မြတ်ကြီးသီတင်းသုံးရာလိုဏ်ဂူသို့ရောက်လာကြ၏။လိုဏ်
ဂူတွင် ဘုရားခုနစ်ဆူတို့၏တောထွက်ခန်းတွေကိုအဆန်းတကျယ်ရေး
ဆွဲထားလေသည်။အရှင်ဘုရား သီတင်းသုံးရာလိုဏ်ဂူ၌ ရေးခြယ်ထား
သည့် တောထွက်ခန်းရုပ်ပုံတော်များသည်အင်မတန်နှစ်သက်ဖွယ်
ကောင်းသည်ဟုလျှောက်ထားကြ၏။မထေရ်အရှင်မြတ်က
ငါ့ရှင်တို့ ငါသည် အနှစ်ခြောက်ဆယ်ကျော် ဒီလိုဏ်ဂူမှာသီတင်းသုံးခဲ့
သော်လည်း ပန်းချီဆေးရေးရုပ်များရှိမှန်းမသိခဲ့။အခုမှ မျက်စိအမြင်စူးရှ
သည့် ငါ့ရှင်တို့ပြောပြ၍ သိရ၏။မထေရ်မြတ်ကြီးကား အနှစ်ခြောက်
ဆယ်ကျော်သီတင်းသုံးခဲ့သော်လည်း စက္ခုနြေ္ဒကိုစောင့်စည်းသဖြင့်
လိုဏ်ဂူကို တစ်ခါမှမော်မကြည့်ဘူးပေ။လိုဏ်ဂူရှေ့မှာလည်းကံ့ကော်ပင်
ကြီးတစ်ပင်ရှိရာ တစ်ခါမှမော်မကြည့်။ကံ့ကော်ဝတ်ဆံတွေမြေကြီးပေါ်
ကြွေကျမှသာ ကံ့ကော်ပင်ကြီးပွင့်မှန်းသိ၏။ထိုမျှဣနြေ္ဒကိုစောင့်၏။
မျက်စိ၊နာ၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ်မှ အကုသိုလ်ဖြစ်မှာကြောက်၍
သတိဖြင့် ပိတ်ဆို့စောင့်စည်းနေခြင်းဖြစ်သည်။ဒွါရခြောက်ပါးမှနေ၍
အကုသိုလ်မဖြစ်အောင်စောင့်စည်းခြင်းကိုပင် ဣန္ဒြိယသံဝရသီလကို
စောင့်စည်းခြင်းဟုခေါ်၏။မထေရ်မြတ်ကိုကြည်ညိုလွန်း၍ရှင်ဘုရင်က
ပင့်သော်လည်းမကြွပေ။နောက်ဆုံး အရှင်မြတ်မကြွလာလျင်
သားမိခင်များ နို့မတိုက်ရဟု အတင်းပင့်တော့မှ သနားသောစိတ်ဖြင့်
နန်းတော်ကိုကြွလေသည်။ှနန်းတော်ရောက်တော့လည်း ရှင်ဘုရင်က
ရှိခိုးလျင် ဘုရင်ကြီးကျန်းမာချမ်းသာပါစေဟုဆုပေး၏။မိဖုရားများရှိခိုး
တော့လည်း ဘုရင်ကြီးကျန်းမာချမ်းသာပါစေဟုဆုပေး၏။ဘယ်သူက
ရှိခိုး ရှိခိုး ဘုရင်ကြီးကျန်းမာချမ်းသာပါစေဟုသာဆုပေးတော်မူ၏။
အရှင်မြတ်၏ နှလုံးသွင်းကား ယောက်ျားမိန်းမမရှိ။ရှင်ဘုရင်ဆိုသော
အာရုံတစ်ခုတည်းကိုသာအာရုံပြု၍ ဆုပေးနေခြင်းဖြစ်၏။

မထေရ်မြတ်၏အကြောင်းကိုဖတ်ရတော့ မျက်စိအစာကျွေးတယ်ဆိုပြီး
မျက်စိကို ကိလေသာအစာတွေကျွေးရင်း အကုသိုလ်တရိပ်ရိပ်တက်နေ
သောမိမိ၏အဖြစ်ကိုများစွာရှက်မိလေသည်။မျက်စိလေးတစ်လုံးတောင်
ဖွင့်တတ်ဖို့မလွယ်ပါလားဟူ၍လည်း သတိပြုမိ၏။မျက်စိနဲ့အဆင်းတိုက်
တော့လည်း ရာဂပုတ္တံ။နားနဲ့အသံတိုက်တော့လည်း ရာဂပုတ္တံ။နှာခေါင်း
နဲ့အနံ့တိုက်တော့လည်း ရာဂပုတ္တံ။ကိုယ်နဲ့ထိတွေ့စရာ တွေ့ထိတော့
လည်းရာဂပုတ္တံ။စိတ်ထဲမှာတွေးနေတော့လည်း ရာဂပုတ္တံ။ထိတိုက်လာ
တိုင်း ရာဂဆိုသောသားတွေသာပေါက်ပွားသလိုဖြစ်နေသဖြင့်
ဓမ္မဟူသောသားလေးပေါက်ဖွားဖို့မရှိပါချေ။ဓမ္မသားလေးပေါက်ပွားဖို့ဆို
လျင် သဒ္ဓိနြေ္ဒ၊ ဝီရိယိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒဟူသော
မဂ္ဂင်ဣနြေ္ဒတွေစောင့်စည်းဖို့လို၏။ထိုဣနြေ္ဒငါးပါးသည်ဣနြေ္ဒအဖြစ်မှ
သည် ဗိုလ်အဖြစ်သို့ရောက်ပြီဆိုပါက မဂ်ဖိုလ်သည်ဝေးတော့မည်
မဟုတ်ပေ။ဣနြေ္ဒအဖြစ်ဒွါရခြောက်ပါးမှာအစိုးရလာလျင် ဗိုလ်အဖြစ်
ကိုရောက်ပါက ကိလေသာအာရုံတိုင်းကို အရှုံးမပေးတော့ဘဲ
ကုသိုလ်ဖြစ်အောင်နှလုံးသွင်းတတ်လာမည်ဖြစ်၏။တကယ်တမ်းမှာ
လည်း ကိလေသာနဲ့စစ်ခင်းရသည့်ပွဲမှာ သဒ္ဓါဗိုလ်၊ဝီရိယဗိုလ်၊သတိဗိုလ်၊
သမာဓိဗိုလ်၊ပညာဗိုလ်ဆိုသောဗိုလ်ငါးယောက်ကိုခေါင်းဆောင်တင်
ပါမှ ဓမ္မအောင်ပွဲကိုဆောင်နိုင်ပေမည်။ဓမ္မအောင်ပွဲကိုလည်း ထိုသို့
သောဣနြေ္ဒရှင်များသာလျင် အောင်ရိုးဖြစ်၏။ဣနြေ္ဒမဲ့သူတိုင်းက
တော့ ကိလေသာလက်ချက်ဖြင့် နစ်ရသည်ချည်းသာ။

သဒ္ဓါဗိုလ်ဆိုတာက တရားလုပ်ငန်း၌ လူသေရင်သေ မသေရင်တရားရ
အောင်လုပ်မယ်ဆိုသောစိတ်ဓာတ်မျိုးဖြစ်၏။ဝီရိယဗိုလ်က တရားအလုပ်
၌ ရှုမှတ်ရမည့်အာရုံကနေ စိတ်ကလေးလွတ်ထွက်မသွားအောင်
အားထုတ်သည့် ထက်သန်သောစိတ်ဓာတ်မျိုးဖြစ်၏။သတိဗိုလ်ဆိုတာ
ကျတော့ ရုပ်အာရုံပဲဖြစ်ဖြစ် နာမ်အာရုံပဲဖြစ်ဖြစ် ရှုမှတ်ရမည့်အာရုံကို
အမိဖမ်းနိုင်သောစိတ်မျိုးဖြစ်၏။သမာဓိဗိုလ်သည် ဖမ်းမိထားသော
အာရုံကို လွတ်ထွက်မသွားအောင် စူးစူးစိုက်စိုက် တုပ်ချည်ပေးသော
စိတ်မျိုးဖြစ်၏။ပညာဗိုလ်သည်ကား တုပ်ချည်မိထားသောအာရုံကို
မမြဲ ဆင်းရဲ သဘောပဲဟု ပိုင်းခြားနိုင်သောစိတ်မျိုးဖြစ်သည်။
ထိုဗိုလ်ငါးပါးအားကောင်းပါမှလည်း သတိပဋ္ဌာန်အားကောင်းလာမည်
မုချဖြစ်၏။အာရုံတို့၏သဘောအမှန်ကို ပညာဗိုလ်ဖြင့်ပိုင်းခြားနိုင်လာ
သည့်အခါ မြင်တာငါ။ကြားတာငါ။နံတာငါ။စားတာငါ။ထိတာငါ။သိတာ
ငါဆိုသည့် ဒိဋ္ဌိအမြင်တွေကင်းလာမှာဖြစ်သည်။အမြင်မှားတွေနေရာ၌
မြင်တာလည်း ရုပ်နာမ်သဘောပဲ။ကြားတာလည်းရုပ်နာမ်သဘောပဲ
ဟူ၍ ဒိဋ္ဌိကင်းသောအမြင်ကိုရလာပေမည်။ဖောက်ပြန်တာနဲ့ ခံစားတာပဲ
ရှိသည့် ရုပ်နာမ်တို့၏ အမှန်သဘောကို တွေ့လာသိလာသည်နှင့်
ဓမ္မ၏ တကယ့် အနှစ်သာရ ဝိမုတ္တိရသကို ခံစားလာရမည်သာဖြစ်၏။
အာရုံတို့၏ အမှန်သဘောကို မသိနိုင်သည့်အခါ ဣနြေ္ဒမဲ့သူတို့က
ဒိဋ္ဌိဖြင့်ခံစား၏။ရာဂဖြင့်ခံစား၏။အာရုံတို့၏ သဘောအမှန်ကိုသိသည့်
ဣနြေ္ဒရှင်တို့ကား အာရုံတိုင်းကို ပညာဖြင့်ခံစားကြ၏။ဣနြေ္ဒရှင်တို့၏
မှီခိုရာပညာကျွန်းသာယာကြီးကား ကိလေသာရေအလျဉ်တို့
ဘယ်တော့မှတိုက်စားနိုင်ခြင်းမရှိတော့ပါပေ။ထိုသည်ပင် ဣနြေ္ဒရှင်
တို့၏ ဓမ္မအောင်ပွဲ။ကိလေသာအောင်ပွဲပင် မဟုတ်ပါသလော။

သုခီ အတ္တာနံ ပရိဟာ ရန္တု။

0 comments:

Post a Comment