Friday, December 15, 2017
Home »
ဗဟုသုတဆိုင်ရာ
» ထီပေါက်ချင်သူများအတွက်
ထီပေါက်ချင်သူများအတွက်
ချစ်သူရင်ခွင်မြို့တော်
MENU
နန်းတွင်းစာဆိုတော်ပညာရှင်ကြီးစလေဦးပုညရဲ့အာမခံထီပေါက်ကိန်းတွက်နည်း
မင်္ဂလာပါဗျာ
လူတွေရဲ့ခနခနမေးခြင်းခံရပါတယ်
ထီပေါက်ကိန်းရှိလား. စပ်တူထီအကျိုးပေးလား.
ကျွန်တော်က လူတဦးချင်းစီကို စေတနာအခမဲ့ဟောကိန်းတွေ မဟောပေးနိုင်လို့မို့ စလေဦးပုညရဲ့အာမခံထီပေါက်ကိန်းတွက်နည်းကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
လင်္ကာလေးကို အရင်ဆိုပြပါမယ်
မွေးသက္ကရ ဂြိုလ်သက်ကျတို့
ပေါင်း၍တည်ပြန် ၃တန်ဗေဒ
စားကတမူ အကြွင်းယူ၍
ကူအသက် တချက်သတ္တာ ဘုဉ္စကာ
ပဉ္စာသုည ထီပေါက်ကြ။
မိမိမွေးသက္ကရာဇ်နဲံ့
မိမိမွေးနံဂြိုလ်သက်တို့ကိုပေါင်းပါ
ပေါင်း၍ရလာဒ်ကို ၃နဲ့စား
စကြွင်းကို မိမိရဲ့အသက်နဲ့ပြန်ပေါင်း
တဖန်၇နဲ့ပြန်စားပါ။
၅ကြွင်းလျှင်တဦးတည်းထီထိုးပါ
သုညကြွင်းလျှင်ထီစပ်တူထိုးပါ။
နမူနာတွက်ပြပါမယ်
တောင်ငူမင်းကြီးညိုရပ်ကွက်က ကျွန်တော့်မိတ်ဆွေကိုအောင်ထွန်းပါ
၁၃၃၈ခုဖွားတနင်္ဂနွေသားပါ။
လွန်ခဲ့တဲ့၅နှစ်ကအောင်ဘာလေ၁၀သိန်းဆုပေါက်ခဲ့သူပါ။
မွေးဖွားနှစ်၁၃၃၈ကို
တနင်္ဂနွေဂြိုလ်သက်၆နဲ့ပေါင်း
ပေါင်း၍ရလာဒ်၁၃၄၄ကို
၃နဲ့စားပါက
သုညကြွင်းပါသည်
သုညနဲ့၃၅နှစ်နဲ့ပေါင်းလျှင်
၃၅သာရပါမည်။
၃၅ကို၇နဲ့စားက သုညကြွင်းဖြစ်၏
ဒီဥပမာနည်းအတိုင်း တွက်ကြည့်ပါ။
၁၃၃၈+၆=၁၃၄၄
၁၃၄၄÷၃=ဝ
သုညကြွင်းသဖြင့်ပေါင်းရန်ကိန်းမရှိပါ
ထို့ကြောင့်အသက်ကို၇နဲ့စားရမှာပါ။
၃၅÷၇=ဝ
သုညကြွင်းဖြစ်ပါတယ်။
ဂြိုလ်သက်ကိုသိစေရန်
တနင်္ဂနွေ ၆
တနင်္လာ ၁၅
အင်္ဂါ ၈
ဗုဒ္ဓဟူး ၁၇
ကြာသာပတေး ၁၉
သောကြာ ၂၁
စနေ ၁၀
စသည်တို့ဖြစ်ပါသည်။
သိစေရန်မှာ
သုညကြွင်း၅ကြွင်းသူတိုင်း ထီမပေါက်ခဲ့ရင်တောင် ထီပေါက်သလိုငွေတွေရကြပါတယ်။
ထီပေါက်ကိန်းကျတိုင်း ထီမပေါက်နိုင်ပေမဲ့
ထီပေါက်တဲ့သူတိုင်းကတော့
ဒီထီပေါက်ကိန်းနဲ့တွက်ကြည့်ရင် သုညနဲ့ငါးကြွင်းနေကြတယ်ဆိုတာပါပဲ။
မူရင်းပိုင်ရှင်စလေဦးပုညကတော့လျှာဖြတ်ခံဖို့အထိ အာမခံနဲ့ဒီ-ထီပေါက်ကိန်းကိုပြောခဲ့ပါတယ်။
တခြားသော နဝင်း စန်း လာဒ် စသည်တို့ကိုလည်း သိသင့်သိထိုက်ပါတယ်ခင်ဗျာ။
အောင်ချမ်းမင်း
ဝေဒလက္ခဏာပညာရှင်
0 comments:
Post a Comment