Friday, December 8, 2017

တန်းတူ မထားနိုင်ဘူး

တန်းတူ မထားနိုင်ဘူး
---------------------------------------

ဘုရားရှင်လက်ထက်က တရားနာလာကြတဲ့အခါ
ရဟန်းတော်တွေအတွက်နေရာကတနေရာ
ဘုရင်အတွက်ကတစ်နေရာ မူးကြီးမတ်ရာတွေကတစ်နေရာ သာမန် လူတန်းစားတွေကတစ်နေရာ
စသဖြင့် သူ့ နေရာနဲ့ သူတရားနာကြရတယ်

ဒါဟာ  လူတန်းစားခွဲခြားတာ မဟုတ်ပါဘူး

သူ့ အဆင့် နဲ့ သူ လိုက်လျှောညီထွေမှု့ဖြစ်အောင်
နေရာယူကြရတာပါ

လောကမှာ မိခင် နဲ့  မယားဟာ အသွင်တူပေမဲ့
ဂုဏ်ကျေးဇူးကွာတဲ့အတွက် တန်ဘိုးရှိပုံချင်းရော
တန်ဘိုးထားပုံချင်းပါ မတူပါဘူး မယားကိုသတ်ရင်
အဝီစိမကျပါဘူး တရားထူးတရားမြတ်ရဖို့  အခွင့်အလမ်း ရ ရှိနိုင်ပါသေးတယ်

မိခင်ကိုသတ်ရင်တော့ ဘာကုသိုလ်မှ
မကယ်နိုင်တော့ပါဘူး အဲဒီသားသမီးဟာ ငရဲကျဖို့ ကလွဲလို့ ဘာမှ မရှိတော့ပါဘူး  ဒါဟာ ဘာ့ကြောင့်လည်းဆိုတော့ ပေးဆပ်တဲ့ ဂုဏ်ကျေးဇူးကွာပြီး သက်ရောက်မှု့ခြင်းပါ ကွာခြားသွားတာပါ

လူလူချင်း ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်တာ
တူပေမဲ့ သီလ သမာဓိ ပညာ ဆိုတဲ့ ပေတံနဲ့ တိုင်းတာတဲ့အခါ
အနိမ့်အမြင့် အယုတ် အလတ် အမြတ် ဆိုပြီး
သူ့ သဘောတရားနဲ့ သူ ကွာပြားခြားနားပါတယ်
လူလူချင်းတူပေမဲ့ ကွဲပြားတာတွေ အများကြီးပါ

ကျွန်တော်တို့ ရဲ့ ဂေါတမ ဘုရားရှင်ဟာ
သဗ္ဗေညုတ ဥာဏ်ရ ရှိဖို့ အတွက် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့ရပါတယ်
အသွေးတော်တွေလှူတာက သမုဒ္ဒရာလေးစင်းထဲကရေထက်များပြီး
မျက်လုံးတော်တွေလှူတာ ကောင်းကင်က ကြယ်တာရာထက်များတယ်
အသားတော်တွေကိုလှုတာကမဟာပထဝီမြေကြီးထက်ပိုများပါတယ် ဖြည့်နိုင်ခဲ့တဲ့
ပါရမီဆယ်ပါးကို ဖြည့်ကျင့်ခဲ့လို့  ဘုရားအဖြစ်ကို
ရောက်တော်မူခဲ့ပါတယ်

အဲဒီလို ဘုရားအဖြစ်ရောက်ခဲ့တဲ့အတွက်
ကျွန်တော်တို့  ဗုဒ္ဓဘာသာဝင်တွေဟာ
ကောင်းမှု့မကောင်းမှု့ ကုသိုလ် အကုသိုလ် ကို
ပိုင်းပိုင်းခြားခြား သိခွင့်ရခဲ့တယ် အမြတ်ဆုံးနိဗ္ဗာန်အတွက် ပါရမီတွေ ဖြည့်ဆည်းခွင့်
ရ ရှိခဲ့ပါတယ်

ပြောချင်တာက  ဗုဒ္ဓဘာသာဖြစ်ခွင့် ရနေတာ ဟာသာမန်ဘုန်းကံမဟုတ်ပါဘူး  ဒါ့ကြောင့်
ကျွန်တော်တို့ ဘဝနဲ့  ကျွန်တော်တို့ ဘာသာကို
မြတ်နိုးတယ် တန်ဘိုးထားတယ်
ဘာနဲ့ မှ မလဲနိုင်သလို  ဘာအတွက်နဲ့ မှ အဆုံးရှုံးမခံနိုင်ပါဘူး

အခု အခြေအနေ အရပ်ရပ်ကြောင့် ဘာသာရေး
ပဋိပက္ခတွေဖြစ်တယ် ဒါဟာ လူတန်းစား
ခွဲခြားတာမဟုတ်ပါဘူး ကိုယ့်ဘာသာကို ကိုယ်ကာကွယ်တာပါ
 သူ့ ဘုရား ငါ့ဘုရားဆိုပြီး ခွဲခြားတာမဟုတ်ပါဘူး
စစ်မှန်တဲ့ ဘုရားမို့  အသက်နဲ့ လဲပြီး ကိုးကွယ်
ယုံကြည်တာပါ

ရှင်းရှင်းပြောရရင်

လေးအသင်္ချေကမ္ဘာတသိန်းပေးဆပ်ခဲ့ရတဲ့
ဂေါတမ ဘုရား ရှင်ကို
စိတ်ကူးယဉ် ဘုရားတွေနဲ့ 
တန်းတူမထားနိုင်ပါဘူး

အကြောင်းအကျိုး ဝါဒကို
ထာဝရ ယုံကြည်မှု့ ဆိုတာနဲ့ 
အစားမထိုးနိုင်ပါဘူး

ဒါဟာ လူတန်းစားခွဲခြားတာမဟုတ်ပါဘူး

ကိုယ့်အဆင့်နဲ့ ကိုယ်
ကိုယ့်တန်ဘိုးနဲ့ ကိုယ်
သိက္ခာရှိရှိ နေချင်လို့ ပါ

ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်ပေမဲ့
သီလ သမာဓိ ပညာ ကွာတဲ့အတွက်
တန်းတူ မထားနိုင်ပါဘူး

အစွန်းရောက်တယ် တဘက်သတ်ဆန်တယ်လို့ ပြောလည်း ပြောကြပါစေတော့

ဗုဒ္ဓဘာသာကို အသက်ထက် မြတ်နိုးတယ်
အသက်ထက် တန်ဘိုးထားတယ်

ဘယ်ဘာသာနဲ့ မှ
တန်းတူမထားနိုင်ပါဘူး

              ဦးမြင့်ခိုင်

0 comments:

Post a Comment