Sunday, December 24, 2017

ပြတ်သားသင့်ပြီ (ဘယ်လိုခံစားကြမလဲ?)

ပြတ်သားသင့်ပြီ
(ဘယ်လိုခံစားကြမလဲ?)
~~~~~~~~~~~~~~~~~~~~~~

အေးစက်တဲ့လက်တစ်စုံကို
ဆုပ်ကိုင်ထားရပြီး ခံစားနေမယ့်အစား..... လက်လွှတ်လိုက်ပြီးခံစားတာကမှ ပိုသက်သာလိမ့်မယ်. . .

ကြင်နာမှုမရှိတဲ့ဆက်ဆံရေးကို တွယ်တာနေပြီးခံစားနေမယ့်အစား.... နှုတ်ဆက်ပြီးခံစားတာကမှ ပိုနေသာလိမ့်မယ်. . .

သာယာမှုမရှိတဲ့အခြေအနေကို သည်းခံပြီး ခံစားနေမယ့်အစား ....
ရှောင်ထွက်ပြီးခံစားတာကမှ ပိုသာယာလိမ့်မယ်. . .

နွေးထွေးမှုမရှိတဲ့ရင်ခွင်မှာ ခိုလှုံပြီးခံစားနေမယ့်အစား ခိုကိုးရာမဲ့ပြီးခံစားနေတာက ပိုဖြေသာလိမ့်မယ်. . .

ချိုသာမှုမရှိတဲ့အပြောအဆိုကို
နားဝင်နိုင်အောင်ကြိုးစားပြီးခံစားနေမယ့်အစား... တိတ်တဆိတ်ပြေးထွက်ပြီးခံစားတာကမှ နားဝင်ချိုလိမ့်မယ်. . .

အမြင်မကြည်စွာနေရပြီး ခံစားနေမဟ့်အစား... ဝေးရာကိုပုန်းရှောင်ပြေးပြီး မမြင်နိုင်အောင်သွားနေပြီး ခံစားရတာကမှ ပိုအဆင်ပြေဦးမယ်. . .

ရန်လိုမုန်းတီးစရာနဲ့ကြုံရပြီး ခံစားနေရမယ့်အစား... စိတ်ကွယ်ရာမှာပေါက်ကွဲထွက်ပြီးခံစားတာကမှ ပိုအမုန်းကင်းဦးမယ် ”

ဝမ်းနည်းစရာနဲ့ပျော်ရွှင်သလိုနေရပြီးခံစားနေမယ့်
အစား... တစ်ယောက်တည်း အားရပါးရငိုလို့ရတဲ့နေရာ ထွက်သွားပြီး
ခံစားတာကမှ ပိုပျော်ရွှင်ဦးမယ်. . .

နာကျင်မျက်ရည်ကျအောင်လုပ်ပီးပေါင်းသင်း
ခံစားနေမယ့်အစား ...ခွဲထွက်ပြီးကြိတ်မှိတ်
ခံစားတာကမှ ပိုကောင်းလိမ့်ဦးမယ်. . .

ပူဆွေးသောကတွေနဲ့ဖူလုံစွာနေရမယ့်အစား... မပြည့်မဝပဲအေးဆေးစွာနေတဲ့ဘဝကို ခံစားတာကမှ ပိုပြည့်စုံလိမ့်မယ်.

အလင်းမဲ့တဲ့နေ့ရက်တွေကို
အတူဖြတ်သန်းနေရပြီးခံစားနေမယ့်အစား... အမှောင်ထုမှာ တစ်ယောက်တည်း
လျှောက်သွားပြီး ခံစားတာကမှ ပိုချိုမြိန်လိမ့်မယ်. . . .

မျှော်လင့်ချက်မရှိတဲ့သူနဲ့ လက်တွဲလျှောက်ပြီး ခံစားနေမယ့်အစား လမ်းမရှိတဲ့ခရီးမှာဆက်သွားပြီး ခံစားတာကမှ ပိုအဓိပ္ပါယ်ရှိလိမ့်မယ်. .

တန်ဖိုးမရှိတဲ့အချိန်တွေ ကို
မှီခိုကုန်ဆုံးပြီး ခံစားနေမယ့်အစား ...
အချိန်လင့်အောင်အိပ်စက်ပြီး ခံစားတာကမှပိုတန်ဖိုးရှိလိမ့်မယ်. . .

ယုံကြည်အားကိုးမှုမပေးတဲ့သူကို မျော်ကိုးပြီး ခံစားနေမယ့်အစား
စွန့်လွှတ်ထွက်ခွါသွားပြီး ခံစားတာကမှ နစ်နာမှု ပိုလျော့ပါးပါလိမ့်ဦးမယ်...။

©®♥ဝသာန်ဦး. . ./June-23

❄စာပေချစ်သူများကို အစဉ်လေးစားလျက်❄
🌹စာပေဝေမျှသူ🌹
🌼Pan Ka Byar🌼

ပန်းကဗျာ နှစ်သက်သော စာစုများ

0 comments:

Post a Comment