💝အောင်မြင်တဲ့မိန်းကလေးဖြစ်ချင်ရင်💝
💝ညီမလေးရေ
အောင်မြင်တဲ့မိန်းကလေးတစ်ယောက်
ဖြစ်ချင်လား????
💝စကားပြောတတ်ခြင်းဟာ
အောင်မြငိသူတို့ရဲ့အဓိကအရည်အချင်းတွေမှာ
ပါဝင်တယ်ညီမလေး။
လူတွေကိုစကားပြောတတ်သလား?လို့မေးရင်
ကိုယ့်ကိုရူးနေတယ်လို့ထင်ကြလိမ့်မယ်။
အမှန်တော့မလိုလားအပ်တဲ့စကားတွေ
အကျိုးမဲ့တန်ဖိုးမရှိတဲ့စကားတွေပြောတတ်တာဟာ
စကားပြောတတ်တာမဟုတ်ဘူး။
💝ညီမလေးရေ
လူတစ်ယောက်မှာယဉ်ကျေးမူရှိမရှိပညာတတ်မတတ်
အဆင့်အတန်းရှိမရှိဆိုတာတွေကို
သူပြောလိုက်တဲ့စကားတွေကဖော်ပြနေတတ်တယ်။
လူတစ်ယောက်ဟာပညာရှိမရှိ
အရည်အသွေးရှိမရှိကိုသူ့ရဲ့နူတ်ကထွက်တဲ့စကားကို
ကြည့်ရင်သိသာနိုင်တယ်။
💝ညီမလေးရေလောကမှာ
ရုပ်ချောဖို့ပြင်ရင်လွယ်ကူချင်လွယ်ကူလိမ့်မယ်
နူတ်ချောဖို့ကတော့လေ့ကျငိ့ယူရမှာဖြစ်တယ်။
💝ကောင်းမွန်ပြီးအကျိုးရှိတဲ့စကားတွေပြောရင်
ကောင်းမွန်အကျိုးရှိတဲ့ကိစ္စတွေဖြစ်ပေါ်လာနိုင်ပေမယ့်
အကျိုးမဲ့တန်ဖိုးမရှိတဲ့စကားတွေပြောရင်
အကျိုးယုတ်တန်ဖိုးမရှိတဲ့ကိစ္စတွေပဲ
ဖြစ်ပေါ်လာမယ်နော်။
💝ညီမလေးရေ
စကားပြောရင်စိတ်ထဲရှိတဲ့အတိုင်း
လက်လွှတ်စပယ်ပြောချင်သလိုပြောပြစ်တာဟာ
ကလေးဆန်ဆန်နဲ့ရင့်ကျက်မူမရှိတဲ့လူတွေအလုပ်ပါ။
နူတ်တစ်ရာစာတစ်လုံးလို့ဆိုရိုးရှိပါတယ်။
ဒါပေမယ့်
စာပေဆိုတာလက်နဲ့ရေးတဲ့စာဖြစ်သလို
စကားဆိုတာဟာနူတ်နဲ့ရေးတဲ့စာဖြစ်တယ်ဆိုတာ
မေ့မထားပါနဲ့ ။
ဒါ့ကြောင့်ကိုယ့်ရဲ့နူတ်ကိုစောင့်ထိန်းတတ်ရမယ်။
ပြီးတော့ထိန်းချုပ်တတ်ရပါမယ်။
💝ကောင်းမွန်ပြီးအကျိုးရှိတဲ့
မင်္ဂလာစကား,အားပေးစကား,ဆုံးမစကား,
ကူညီစောင့်ရှောက်စကားတွေကိုပြောတတ်သူဟာ
လူတော်လူကောင်းတစ်ယောက်ဖြစ်တယ်ညီမလေး။
💝ညီမလေးရေ
စကားပြောကောင်းဖို့ဆိုတာ
စိတ်ထားကောင်းထားတတ်ရမှာဖြစ်သလို
ဗဟုသုတလည်းပြည့်စုံရမယ့်အပြင်
သူ့နေရာနဲ့သူအံဝင်ဂွင်ကျဖြစ်အောင်ပြောတတ်ရပါမယ်
ဒါဆိုရင်ညီမလေးဟာ
လူ့အသိုင်းအဝိုင်းအလယ်မှာဝင်ဆန့်ပြီး
လူချစ်လူခင်ပေါများလို့တစ်နေ့မှာ
အောင်မြင်သူတစ်ယောက်ဖြစ်ဖို့
သေချာသလောက်ပါပဲ။
မူရင်း📕Hay le Hmawe📕
#Htut Nan Oo
Thursday, December 28, 2017
Home »
ဗဟုသုတဆိုင်ရာ
» 💝အောင်မြင်တဲ့မိန်းကလေးဖြစ်ချင်ရင်💝
0 comments:
Post a Comment