Tuesday, December 26, 2017

"ရိုးရှင်းသော ယောင်္ကျား"

"ရိုးရှင်းသော ယောင်္ကျား"

#ယောင်္ကျားထဲကယောင်္ကျားပဲ
ပွေတယ်လို့ပဲပြောပြော ရူပ်တယ်လို့ပဲထင်ထင်
မိန်းမတစ်ယောက်ကို မူယာမာယာများမသိမ်သွင်းဘူး
ဖြစ်ချင်တာကိုပြောပြမယ် ဖြစ်သင့်တာကိုတိုင်ပင်မယ်
ဒါမှ သဘောမကျရင်ထားခဲ့ပေါ့။

#ယောင်္ကျားထဲကယောင်္ကျားပဲ
မိန်းမမြင်တိုင်း ငမ်းတယ်ထင်ထင်   မျတ်နှာပိုးမသက်ဘူးဆိုဆို
တွေ့သမျှမိန်းမတိုင်းကိုလည်း ဟန်ဆောင်ပြီးမဖော်ရွှေတတ်ဘူး
ကိုယ့်လက်တွဲဖော်မိန်းမဟာ ဘယ်မိန်းကလေးပုံစံဖြစ်သင့်တယ်ဆိုတဲ့
စိတ်နဲ့ကြည့်ခဲ့တာ
ဒါမှ မိန်းမမြင်တိုင်းတဏှာထတယ် ထင်ရင်ထားခဲ့ပေါ့။

#ယောင်္ကျားထဲကယောင်္ကျားပဲ
စိတ်ကြီးဝင်တတ်တဲ့ယောင်္ကျားမဟုက်ဘူး
လူအထင်ကြီးအောင်နေတတ်တဲ့ယောင်္ကျားလည်းမဟုက်ဘူး
ဘယ်အရာမဆို ဘယ်သူနဲ့တွေ့တွေ့
အောက်ကျို့နေထိုင်တယ်
ဒါမှ အရည်အချင်းမရှိဘူးထင်ရင်ထားခဲ့ပေါ့။

#ယောင်္ကျားထဲကယောင်္ကျားပဲ
မရှိတာကိုအရှိမလုပ်ဘူး
ရှိတာကိုလည်း ထုက်ဖော်မကြွားဝါတက်ဘူး
ရှိတာလေးနဲ့ နေတတ်တယ်
တတ်သိသလောက်နဲ့တင်းတိမ်တယ်
မသိတာကို သိဟန်ဆောင်ရမှာအကြောက်ဆုံးနဲ့
မတတ်တာကို တက်ယောင်ဆောင်ရမှာအရှက်ဆုံးပဲ
အရာရာတိုင်းကို စီုးရိမ်ပူပန်မူ့နဲ့သတိတစ်ခုလက်ကိုင်ထားတယ်။

#ယောင်္ကျားထဲကယောင်္ကျားတစ်ယောက်ပါ
တစ်ခြားယောင်္ကျားတွေလို ထက်မြက်တဲ့ယောင်္ကျားမဟုက်ဘူး
မြင့်မြတ်တဲ့ယောင်္ကျားလည်း မဟုက်ဘူး
ထူတယ်ပြောပြော   'အ'တယ်ထင်ထင်
ရိုင်းတယ်ဆိုဆို
အတိတ်ကအဖြစ်ပျတ်ကို သင်္ခန်းစာယူ
ပစ္စုပ္ပန်မှာ အေးချမ်းလှပအောင်ဖန်တီးမယ်
အနာဂတ်ကို ဖြောင့်ဖြူးသာယာချင်တဲ့
'ရိုးရှင်းသော ယောင်္ကျား'ပါ။

                          #ဝိုင်မှူးကေ(မုံရွာ)
                        #စိုင်းမင်းချစ်သူ(ခ)သင်္ခါရ

0 comments:

Post a Comment