၃၂၂။
IC (Integrated circuit) အကြောင်း
***************************
Integrated circuit ကို electronic ပစ္စည်းများတွင်
(IC,chip သို့မဟုတ် microchip )
အဖြစ်လည်းခေါ်ဆိုကြသည်။
၎င်းသည်အလွန်သေးငယ်သော electronic circuit လည်းဖြစ်သည်
ယနေ့ခေတ်တွင် IC ကို
electronic equipment အားလုံးနည်းပါးတွင်မပါမဖြစ်ပစ္စည်းအဖြစ်
အသုံးပြုနေကြပြီဖြစ်သည်
Computer,TV,phones နှင့်အခြားသော digital သုံးပစ္စည်း ကိရိယာ များတွင် တွင်ကျယ်စွာသုံးစွဲနေပြီဖြစ်ပါသည်
ထို့ပြင် ic များကို ခေတ်မီ ပစ္စည်းကိရိယာ များတွင် ကုန်ကျစရိတ် နည်းသည်ထက်နည်းအောင်လည်း
အပြိုင်ထုတ်လုပ်နေကြသည်
IC ကို ပတ်လမ်းပေါ်တွင် "U" သင်္ကေတဖြင့်ဖော်ပြသည်
IC တစ်လုံးတွင် အနဲဆုံး 3 pin မှ pin 500 ကျော်သည်အထိပါဝင်သောကြောင့် multimeter ဖြင့်စစ်ဆေး၍မရနိုင်ပါ
IC ကို
Transistors,Diode,Resistors,Capacitors
ပေါင်းမြောက်မြားစွာဖြင့် ပေါင်းစပ်၍ တည်ဆောက်ထားခြင်းဖြစ်ပါသည်
IC များကိုတည်ဆောက်မှုပေါ်မူတည်ပြီးကွဲပြားခြားနားသောအမျိုးအစားများစွာရှိပါတယ်
ဥပမာအားဖြင့်
● Single inline pin package.(SIPP)
● Double inline pin package.(DIPP)
● Quard pin package(QPP)
● Pin guard array package(PGA)
● Ball grid array package(BGA)
● Leadless chip career package(LCC)
စသည်ဖြင့်ရှိကြပါတယ်
(အောက်တွင်ပုံများကိုလေ့လာပါ)
ထို့ပြင်တည်ဆောက်မူပုံစံပေါ်မူတည်ပြီး
Technique ic နှစ်မျိုးရှိပါတယ်
Linear integrated circuit:
၎င်း ic သည် analog signal input ကို ကိုက်ညီမှုရှိသည့် output အဖြစ် ပြန်ထုတ်ပေးပါသည်
Digital integrated circuit:
၎င်း ic သည် တိကျ သေချာသော digital signal input ကို တိကျသေချာသော ပမာဏ ကို output အဖြစ် ပြန်ထုတ်ပေးပါသည်
Digital IC များကိုလည်း အောက်ပါအတိုင်းခွဲခြားထားသေးသည်
● Small scale Integration (SSI):
IC’s are made of 100 electronic components.
● Medium scale Integration (MSI):
Made of 3000 electronic components.
● Large Scale Integration (LSI):
Made of 3000 to 10000 electronic components.
● Very large scale Integration:
made of 10000 to 1000000 electronic components.
● Ultra Large Scale Integration:
made of more then 1000000 components.
IC တွေဟာအရွယ်အစား ကွာခြားမူရှိသော်လည်း
အခြေခံအားဖြင့် special function, common function များထည့်ထားပြီး power ပေးသွင်းမှ အလုပ်လုပ်ပါသည်
Input control output control များကိုလည်း ပေးသွင်းခြင်းထုတ်ပေးခြင်း ပြုလုပ်ပါသည်
#aungtunelectronic
0 comments:
Post a Comment