လမ်းခွဲခြင်းရဲ့တန်ရာတန်ကြေး
📌📌📌📌📌📌📌📌📌
မငိုပါနဲ့အချစ်ရယ်..
ချစ်သူနှစ်ဦးဆုံးဆည်းနိုင်ခွင့်ဆို
တာ သူများတွေအတွက်လွယ်ချင်
လွယ်ကူနိုင်ပေမယ့်...
ငါတို့နှစ်ယောက်အတွက်ကတော့ ဗြဟ္မာ့
ပြည်ကအပ်တစ်စင်းနဲ့ လူ့ပြည်ကအပ်ချင်း
ထိစပ်ဖို့ထက်ပိုခက်ခဲချင်ခက်ခဲနေပါသေး
တယ်။
ကံတရားကို စိတ်တိုင်းကျချယ်လှယ်ခွင့်
မရှိမှတော့ ငါတို့မမြင်နိုင်တဲ့အတိတ်ဝဋ်
ကြွေးကိုပဲ မျက်လုံးစုံမှိတ်
ခေါင်းပုံချကြတာပေါ့ကွယ်။
ပြုံးပြုံးလေးနေပါအချစ်ရယ်...
အချစ်ကြောင့်ရတဲ့ပူလောင်ခြင်းတွေကို
နင့်အပြုံးလေးကိုပဲကြည့်ပြီးဖြေဖျောက်ရ
မယ့်သူပါကွယ်။
ငါလည်းပြုံးပြုံးလေးပဲနေမယ်...
နင့်ကိုသတိရရင် ဘုရားရှေ့သွားပြီး
အရပ်မျက်နှာအစုံမှာရှိတဲ့သတ္တဝါအကုန်လုံးကိုမေတ္တာပို့မယ်...
သူတို့ဆီကတန်ပြန်လာတဲ့မေတ္တာတွေနဲ့
နင်အေးချမ်းပါစေကွယ်။
နင့်ကိုအရမ်းလွမ်းတဲ့အခါစာအုပ်တွေဖတ်
မယ်...
အလွမ်းဒဏ်ကြောင့်ငါ့အသိဥာဏ်တွေ
ဖောက်ပြန်မသွားအောင် စာအုပ်တွေက
ထိန်းချုပ်ပေးလိမ့်မယ်...
ငါ့ကိုလွမ်းတဲ့အခါ နင်လည်းစာဖတ်ပါ
အချစ်ရယ်။
ဒီထက်မက မခံမရပ်နိုင်အောင်ပိုလွမ်းလာ
တဲ့အခါ ကဗျာလေးတွေဖန်တီးမယ်...
ငါ့ကဗျာတွေထဲမှာ နင့်အငွေ့အသက်တွေ
ရှိနေတယ်...
ငါ့ကဗျာတွေထဲမှာ တို့အတိတ်ရက်တွေရှိနေ
တယ်...
ငါ့ကဗျာတွေထဲမှာ ငါတို့နှစ်ယောက်သိပ်
ချစ်ကြတယ်လေကွယ်။
တကယ်ပါအချစ်ရယ်...
ငါတို့နှစ်ယောက်ဝေးကြတဲ့အခါ
ကောင်းမှုကုသိုလ်တွေပိုလုပ်ကြမယ်။
ဒီဘဝမှာနီးခွင့်မရှိတော့ပေမယ့်
နောက်နောင်ဘဝတွေအတွက် ရေစက်တွေ
အတူဆက်ကြမယ်။
ငါတို့လမ်းခွဲရခြင်းကို အချည်းနှီးတော့
အဖြစ်မခံနိုင်ဘူးပေါ့ကွယ်။ ။
မနောဖြူ







Myanmar Kyat Converter

0 comments:
Post a Comment