Sunday, December 24, 2017
Home »
တရားဆိုင္ရာ
» ဟန္းေတာ္မ်ားအေနျဖင့္ မိခင္ဖခင္မ်ားကို ရွိခိုးသင့္- ရွိမခိုးသင့္
ဟန္းေတာ္မ်ားအေနျဖင့္ မိခင္ဖခင္မ်ားကို ရွိခိုးသင့္- ရွိမခိုးသင့္
ဟန္းေတာ္မ်ားအေနျဖင့္ မိခင္ဖခင္မ်ားကို ရွိခိုးသင့္- ရွိမခိုးသင့္
ရဟန္းေတာ္မ်ားအေနျဖင့္ မိခင္ဖခင္မ်ားကို ရွိခိုးသင့္- ရွိမခိုးသင့္
━━━━━━━━━━━━━━━━━━━━
အရွင္ဣႏၵာစာရ။ ။ အရွင္ဘုရား ရဟန္းတစ္ပါးသည္ မိဘထက္သီလဂုဏ္အားျဖင့္ ျမင့္ပါ၏။ သုိ႕ေသာ္ မိဘကား ရဟန္း၏ အသက္သခင္ေက်းဇူးရွင္ျဖစ္ပါ၏။ ထို႕ေၾကာင့္ ရဟန္းသည္ မိဘ၏ဂုဏ္ေက်းဇူးကို အားရံုျပဳကာ ေျခအစံုကို ရွိခုိးေသာ္ မိဘျဖစ္သူတို႕၌ အျပစ္ျဖစ္ပါသလား။ ရွိခုိးသင့္ မခိုးသင့္ သိခ်င္ပါတယ္ဘုရား။
အရွင္ဝိသာရဒ။ ။ စူဠဝါပါဠိေတာ္၊ ေသနာသနကၡႏၶက၌ ရဟန္းတို႔ ရွိမခိုးထိုက္ေသာပုဂၢိဳလ္ ဆယ္ေယာက္ႏွင့္ ရွိခိုးထိုက္ေသာပုဂၢိဳလ္ သံုးေယာက္တို႔ကို ေဟာၾကားညႊန္ျပေတာ္မူထားပါတယ္။
ရဟန္းတို႔ ရွိမခိုးထိုက္ေသာ ပုဂၢိဳလ္ (၁၀) ေယာက္
━━━━━━━━━━━━━━━━━━━━
ရဟန္းတို႔ ရွိမခိုးထိုက္ေသာ ပုဂၢိဳလ္တို႔သည္ ဤဆယ္ေယာက္တို႔တည္း။
၁။ ေရွးဦးပၪၥင္း ျဖစ္သူသည္ ေနာက္မွ ပၪၥင္းျဖစ္သူကို ရွိမခိုးအပ္၊
၂။ လူ သာမေဏကို ရွိမခိုးအပ္၊
၃။ နာနာသံဝါသက အဓမၼဝါဒီ သီတင္းႀကီးကို ရွိမခိုးအပ္၊
၄။ မာတုဂါမကို ရွိမခိုးအပ္၊
၅။ ပ႑ဳက္ကို ရွိမခိုးအပ္၊
၆။ ပရိဝါသ္ေနေသာ ရဟန္းကို ရွိမခိုးအပ္၊
၇။ အရင္းသို႔ ငင္ထိုက္ေသာ ရဟန္းကို ရွိမခိုးအပ္၊
၈။ မာနတ္ေပးျခင္းငွာထိုက္ေသာ ရဟန္းကို ရွိမခိုးအပ္၊
၉။ မာနတ္က်င့္ဆဲရဟန္းကို ရွိမခိုးအပ္၊
၁၀။ အဗၻာန္ သြင္းထိုက္ေသာ ရဟန္းကို ရွိမခိုးအပ္၊
ရဟန္းတို႔ ရွိမခိုးထိုက္ေသာ ပုဂၢိဳလ္တို႔ကား ဤဆယ္ဦးတို႔တည္း။
ရဟန္းတို႔ ရွိခိုးထိုက္ေသာ ပုဂၢိဳလ္ (၃) ေယာက္
━━━━━━━━━━━━━━━━━━━━
ရဟန္းတို႔ ရွိခိုးထိုက္ေသာ ပုဂၢိဳလ္တို႔သည္ ဤသံုးဦးတို႔တည္း။
၁။ ေနာက္မွ ပၪၥင္းျဖစ္ေသာ သူသည္ ေရွးဦးပၪၥင္းျဖစ္ေသာသူကို ရွိခိုးထိုက္၏၊
၂။ နာနာသံဝါသက ဓမၼဝါဒီ သီတင္းႀကီးကို ရွိခိုးထိုက္၏၊
၃။ ရဟန္းတို႔ နတ္ မာရ္နတ္ ျဗဟၼာတို႔ႏွင့္ တကြေသာ နတ္ေလာကႏွင့္ သမဏျဗာဟၼဏ မင္းမ်ား လူမ်ားႏွင့္ တကြေသာ ဤလူ႕ေလာက၌ ေရွးဘုရားတို႔အတူ လာေတာ္မူေသာ ပူေဇာ္အထူးကို ခံေတာ္မူ ထိုက္ေသာ ျမတ္စြာဘုရားကို ရွိခိုးထိုက္၏၊
ရဟန္းတို႔ ရွိခိုးထိုက္ေသာ ပုဂၢိဳလ္တို႔ကား ဤသံုးဦးတို႔တည္းဟု (မိန္႔ေတာ္ မူ၏)။ (စူဠဝါပါဠိေတာ္၊ ေသနာသနကၡႏၶက)
အထက္ပါ ညႊန္ျပေတာ္မူခ်က္ကို ေထာက္ဆပါလွ်င္…
– ဖခင္သည္ လူဝတ္ေၾကာင္ျဖစ္ေနမူ သားျဖစ္ေသာ ရဟန္းေတာ္အေနျဖင့္ ရွိမခိုးထိုက္ပါ။
– ဖခင္သည္ ရဟန္းျဖစ္ေနခဲ့ေသာ္လည္း မိမိထက္ သီတင္းငယ္သူ (သိကၡာဝါေတာ္ငယ္သူ) ျဖစ္ေနပါမူ သားျဖစ္ေသာ ရဟန္းေတာ္အေနျဖင့္ ရွိမခိုးထိုက္ပါ။
– ဖခင္သည္ ရဟန္းလည္းျဖစ္ေနခဲ့ၿပီး မိမိထက္ သိကၡာဝါေတာ္ၾကီးခဲ့မူ သားျဖစ္ေသာ ရဟန္းေတာ္အေနျဖင့္ ရွိခိုးထိုက္ပါသည္။
ဂရုဓမ္ (၁၀)ပါး၌လာရွိေသာ “ရဟန္းမသည္ ပၪၨင္းျဖစ္၍ ၀ါတစ္ရာရွိေသာ္လည္း ထိုေန႔ပၪၨင္းျဖစ္ေသာ ရဟန္းအားရွိခိုျခင္း၊ ခရီးဦး ႀကိဳဆိုျခင္း၊ လက္အုပ္ခ်ီၿပီးရုိေသျခင္း အမႈတို႔ကို ျပဳရမည္။ ဤတရားကိုလည္း ရုိေသ၍ ေလးစား၍ ျမတ္ႏုိး၍ ပူ ေဇာ္၍ အသက္ထက္ဆံုးမလြန္က်ဴးအပ္။” ဟူေသာပညတ္ခ်က္ ကို ေထာက္ဆလွ်င္ေသာ္လည္းေကာင္း၊ အထက္ပါ ရွိမခိုးအပ္သူ (၁၀) ေယာက္၌လာရွိေသာ နံပါတ္ (၄) ညႊန္ျပေတာ္မူခ်က္အရေသာ္လည္းေကာင္း ….
-မိခင္ကိုမူ ရဟန္းမပင္ျဖစ္ေနခဲ့ေစကာမူ သားျဖစ္ေသာ ရဟန္းေတာ္အေနျဖင့္ ရွိမခိုးထိုက္ဟု မွတ္သားနိုင္ပါသည္။
—————————–
ဗဟုသုတအလို႔ငွါမင္းပူးဆရာေတာ္ ဦးၾသဘာသ၏ ေတမိယဇာတ္ေတာ္ႀကီးလာ “ဝႏၵနာကာရ၊ သကၠာရ၊ ဂါရဝ၊ ပူဇာ တို႔၏ ျခားနားခ်က္မ်ား” ကိုပါ ေဖာ္ျပရပါသည္။
ဝႏၵနာကာရ၊ သကၠာရ၊ ဂါရဝ၊ ပူဇာ တို႔၏ ျခားနားခ်က္မ်ား
ရွိခိုးျခင္း ဝႏၵနာကာရ အရာ၌ကား သီလအစရွိေသာဂုဏ္တို႔ျဖင့္ ႀကီးျမတ္ေသာ သူသည္သာလွ်င္ သီလအစရွိေသာဂုဏ္တို႔ျဖင့္ ငယ္ေသာသူတို႔၏ ရွိခိုးျခင္းကို ခံထိုက္၏။ ႀကီးေသာဂုဏ္ရွင္သည္ ငယ္ေသာဂုဏ္ရွင္အား ရွိမခိုးထိုက္။ ရွိခိုးေခ်ေသာ္ ႏွစ္ဦးလံုး အျပစ္မလြတ္။
ပညာဂုဏ္ အစရွိေသာ ေက်းဇူးတစ္ခုခုကို အေၾကာင္းျပဳ၍လည္းေကာင္း၊ နိႆယ နည္းယူေသာအခါ, ပညာသင္ေသာအခါ အစရွိသည္ တို႔၌လည္းေကာင္း ျဖစ္မူကား ငယ္ေသာ္လည္း ႀကီးျမတ္ေသာသူတို႔ ရွိခိုးခံထိုက္၏။ သကၠာရ, ဂါရဝ, ပူဇာအရာျဖစ္မူကား ပုဂၢိဳလ္အျမတ္ အယုတ္ဟူ၍ မေရြးသင့္ ထိုသူတို႔၌ ရွိတိုင္းေသာ ေက်းဇူး အားေလ်ာ္စြာ ျပဳအပ္လွေတာ့သည္သာဟု သိအပ္၏။
ထိုတြင္ ‘သကၠာရ’ ဟူသည္ကား အဘယ္နည္း၊ ‘ဂါရဝ’ ဟူသည္ကား အဘယ္နည္း၊ ‘ပူဇာ’ ဟူသည္ကား အဘယ္နည္းဟူမူ- [ယႆ စတၱာေရာ ပစၥေယ သကၠရိတြာ သု႒ဳအဘိသခၤေတ ပဏီတပဏီေတ ကတြာ ေဒႏၱိ၊ ေသာ သကၠေတာ။ ယသၼိ ံ ဂရုဘာဝံ ပ႒ေပတြာ ေဒႏၱိ၊ ေသာ ဂရုကေတာ။ ယံ မနသာ ပိယာယႏၱိ၊ ေသာ မာနိေတာ။ ယႆ သဗၺေမၸတံ ကေရာႏၱိ၊ ေသာ ပူဇိေတာ။ ။] ဟူေသာ ပါရာဇိကဏ္ အ႒ကထာႏွင့္ အညီ-
-ပုဂၢိဳလ္အား အေလးမျပဳလြန္းဘဲ ပစၥည္းကိုသာ ေကာင္းစြာ စီရင္၍ ေပးကမ္းျခင္းသည္ ‘သကၠာရ’ မည္၏။
-ေပးကမ္းဖြယ္ပစၥည္းတို႔ကို ေကာင္းစြာစီရင္ျခင္း စသည္တို႔ကို မျပဳဘဲ ပုဂၢိဳလ္ကိုသာ အေလးအျမတ္ျပဳ၍ ေပးကမ္းျခင္းသည္ ‘ဂါရဝ’ မည္၏။
-ထို သကၠာရ, ဂါရဝ ႏွစ္ပါးႏွင့္ျပည့္စံုစြာ ခ်စ္ျမတ္ႏိုးျခင္းႏွင့္တကြ ေကာင္းမြန္စြာ စီရင္အပ္ေသာ ပစၥည္းျဖင့္ ပုဂၢိဳလ္ကိုလည္း အေလးအျမတ္ျပဳ၍ ပူေဇာ္ခ်ီးေျမွာက္ျခင္းသည္ ‘ပူဇာ’မည္၏ ဟု မွတ္အပ္၏။
(မင္းပူးဆရာေတာ္ ဦးၾသဘာသ၏ ေတမိယဇာတ္ေတာ္ႀကီးမွ)
ေမတၱာျဖင့္
အရွင္ဝိသာရဒ (ရမၼာဝတီ)
ျမတ္ဗုဒၶ ၏ သာသနာ Page မွ
━━━━━━━━━━━━━━━━━━━━
ေမတၱာျဖင္႔ ဓမၼစကူးလ္ဆုံရာ
crd-သတင္းစံု
Unicode
ရဟန်းတော်များအနေဖြင့် မိခင်ဖခင်များကို ရှိခိုးသင့်- ရှိမခိုးသင့်
━━━━━━━━━━━━━━━━━━━━
အရှင်ဣန္ဒာစာရ။ ။ အရှင်ဘုရား ရဟန်းတစ်ပါးသည် မိဘထက်သီလဂုဏ်အားဖြင့် မြင့်ပါ၏။ သို့သော် မိဘကား ရဟန်း၏ အသက်သခင်ကျေးဇူးရှင်ဖြစ်ပါ၏။ ထို့ကြောင့် ရဟန်းသည် မိဘ၏ဂုဏ်ကျေးဇူးကို အားရုံပြုကာ ခြေအစုံကို ရှိခိုးသော် မိဘဖြစ်သူတို့၌ အပြစ်ဖြစ်ပါသလား။ ရှိခိုးသင့် မခိုးသင့် သိချင်ပါတယ်ဘုရား။
အရှင်ဝိသာရဒ။ ။ စူဠဝါပါဠိတော်၊ သေနာသနက္ခန္ဓက၌ ရဟန်းတို့ ရှိမခိုးထိုက်သောပုဂ္ဂိုလ် ဆယ်ယောက်နှင့် ရှိခိုးထိုက်သောပုဂ္ဂိုလ် သုံးယောက်တို့ကို ဟောကြားညွှန်ပြတော်မူထားပါတယ်။
ရဟန်းတို့ ရှိမခိုးထိုက်သော ပုဂ္ဂိုလ် (၁၀) ယောက်
━━━━━━━━━━━━━━━━━━━━
ရဟန်းတို့ ရှိမခိုးထိုက်သော ပုဂ္ဂိုလ်တို့သည် ဤဆယ်ယောက်တို့တည်း။
၁။ ရှေးဦးပ ဉ္စင်း ဖြစ်သူသည် နောက်မှ ပ ဉ္စင်းဖြစ်သူကို ရှိမခိုးအပ်၊
၂။ လူ သာမဏေကို ရှိမခိုးအပ်၊
၃။ နာနာသံဝါသက အဓမ္မဝါဒီ သီတင်းကြီးကို ရှိမခိုးအပ်၊
၄။ မာတုဂါမကို ရှိမခိုးအပ်၊
၅။ ပဏ္ဍုက်ကို ရှိမခိုးအပ်၊
၆။ ပရိဝါသ်နေသော ရဟန်းကို ရှိမခိုးအပ်၊
၇။ အရင်းသို့ ငင်ထိုက်သော ရဟန်းကို ရှိမခိုးအပ်၊
၈။ မာနတ်ပေးခြင်းငှာထိုက်သော ရဟန်းကို ရှိမခိုးအပ်၊
၉။ မာနတ်ကျင့်ဆဲရဟန်းကို ရှိမခိုးအပ်၊
၁၀။ အဗ္ဘာန် သွင်းထိုက်သော ရဟန်းကို ရှိမခိုးအပ်၊
ရဟန်းတို့ ရှိမခိုးထိုက်သော ပုဂ္ဂိုလ်တို့ကား ဤဆယ်ဦးတို့တည်း။
ရဟန်းတို့ ရှိခိုးထိုက်သော ပုဂ္ဂိုလ် (၃) ယောက်
━━━━━━━━━━━━━━━━━━━━
ရဟန်းတို့ ရှိခိုးထိုက်သော ပုဂ္ဂိုလ်တို့သည် ဤသုံးဦးတို့တည်း။
၁။ နောက်မှ ပ ဉ္စင်းဖြစ်သော သူသည် ရှေးဦးပ ဉ္စင်းဖြစ်သောသူကို ရှိခိုးထိုက်၏၊
၂။ နာနာသံဝါသက ဓမ္မဝါဒီ သီတင်းကြီးကို ရှိခိုးထိုက်၏၊
၃။ ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော ဤလူ့လောက၌ ရှေးဘုရားတို့အတူ လာတော်မူသော ပူဇော်အထူးကို ခံတော်မူ ထိုက်သော မြတ်စွာဘုရားကို ရှိခိုးထိုက်၏၊
ရဟန်းတို့ ရှိခိုးထိုက်သော ပုဂ္ဂိုလ်တို့ကား ဤသုံးဦးတို့တည်းဟု (မိန့်တော် မူ၏)။ (စူဠဝါပါဠိတော်၊ သေနာသနက္ခန္ဓက)
အထက်ပါ ညွှန်ပြတော်မူချက်ကို ထောက်ဆပါလျှင်…
– ဖခင်သည် လူဝတ်ကြောင်ဖြစ်နေမူ သားဖြစ်သော ရဟန်းတော်အနေဖြင့် ရှိမခိုးထိုက်ပါ။
– ဖခင်သည် ရဟန်းဖြစ်နေခဲ့သော်လည်း မိမိထက် သီတင်းငယ်သူ (သိက္ခာဝါတော်ငယ်သူ) ဖြစ်နေပါမူ သားဖြစ်သော ရဟန်းတော်အနေဖြင့် ရှိမခိုးထိုက်ပါ။
– ဖခင်သည် ရဟန်းလည်းဖြစ်နေခဲ့ပြီး မိမိထက် သိက္ခာဝါတော်ကြီးခဲ့မူ သားဖြစ်သော ရဟန်းတော်အနေဖြင့် ရှိခိုးထိုက်ပါသည်။
ဂရုဓမ် (၁၀)ပါး၌လာရှိသော “ရဟန်းမသည် ပ ဉ္ဇင်းဖြစ်၍ ၀ါတစ်ရာရှိသော်လည်း ထိုနေ့ပ ဉ္ဇင်းဖြစ်သော ရဟန်းအားရှိခိုခြင်း၊ ခရီးဦး ကြိုဆိုခြင်း၊ လက်အုပ်ချီပြီးရိုသေခြင်း အမှုတို့ကို ပြုရမည်။ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူ ဇော်၍ အသက်ထက်ဆုံးမလွန်ကျူးအပ်။” ဟူသောပညတ်ချက် ကို ထောက်ဆလျှင်သော်လည်းကောင်း၊ အထက်ပါ ရှိမခိုးအပ်သူ (၁၀) ယောက်၌လာရှိသော နံပါတ် (၄) ညွှန်ပြတော်မူချက်အရသော်လည်းကောင်း ….
-မိခင်ကိုမူ ရဟန်းမပင်ဖြစ်နေခဲ့စေကာမူ သားဖြစ်သော ရဟန်းတော်အနေဖြင့် ရှိမခိုးထိုက်ဟု မှတ်သားနိုင်ပါသည်။
—————————–
ဗဟုသုတအလို့ငှါမင်းပူးဆရာတော် ဦးသြဘာသ၏ တေမိယဇာတ်တော်ကြီးလာ “ဝန္ဒနာကာရ၊ သက္ကာရ၊ ဂါရဝ၊ ပူဇာ တို့၏ ခြားနားချက်များ” ကိုပါ ဖော်ပြရပါသည်။
ဝန္ဒနာကာရ၊ သက္ကာရ၊ ဂါရဝ၊ ပူဇာ တို့၏ ခြားနားချက်များ
ရှိခိုးခြင်း ဝန္ဒနာကာရ အရာ၌ကား သီလအစရှိသောဂုဏ်တို့ဖြင့် ကြီးမြတ်သော သူသည်သာလျှင် သီလအစရှိသောဂုဏ်တို့ဖြင့် ငယ်သောသူတို့၏ ရှိခိုးခြင်းကို ခံထိုက်၏။ ကြီးသောဂုဏ်ရှင်သည် ငယ်သောဂုဏ်ရှင်အား ရှိမခိုးထိုက်။ ရှိခိုးချေသော် နှစ်ဦးလုံး အပြစ်မလွတ်။
ပညာဂုဏ် အစရှိသော ကျေးဇူးတစ်ခုခုကို အကြောင်းပြု၍လည်းကောင်း၊ နိဿယ နည်းယူသောအခါ, ပညာသင်သောအခါ အစရှိသည် တို့၌လည်းကောင်း ဖြစ်မူကား ငယ်သော်လည်း ကြီးမြတ်သောသူတို့ ရှိခိုးခံထိုက်၏။ သက္ကာရ, ဂါရဝ, ပူဇာအရာဖြစ်မူကား ပုဂ္ဂိုလ်အမြတ် အယုတ်ဟူ၍ မရွေးသင့် ထိုသူတို့၌ ရှိတိုင်းသော ကျေးဇူး အားလျော်စွာ ပြုအပ်လှတော့သည်သာဟု သိအပ်၏။
ထိုတွင် ‘သက္ကာရ’ ဟူသည်ကား အဘယ်နည်း၊ ‘ဂါရဝ’ ဟူသည်ကား အဘယ်နည်း၊ ‘ပူဇာ’ ဟူသည်ကား အဘယ်နည်းဟူမူ- [ယဿ စတ္တာရော ပစ္စယေ သက္ကရိတွာ သုဋ္ဌုအဘိသင်္ခတေ ပဏီတပဏီတေ ကတွာ ဒေန္တိ၊ သော သက္ကတော။ ယသ္မိ ံ ဂရုဘာဝံ ပဋ္ဌပေတွာ ဒေန္တိ၊ သော ဂရုကတော။ ယံ မနသာ ပိယာယန္တိ၊ သော မာနိတော။ ယဿ သဗ္ဗမ္ပေတံ ကရောန္တိ၊ သော ပူဇိတော။ ။] ဟူသော ပါရာဇိကဏ် အဋ္ဌကထာနှင့် အညီ-
-ပုဂ္ဂိုလ်အား အလေးမပြုလွန်းဘဲ ပစ္စည်းကိုသာ ကောင်းစွာ စီရင်၍ ပေးကမ်းခြင်းသည် ‘သက္ကာရ’ မည်၏။
-ပေးကမ်းဖွယ်ပစ္စည်းတို့ကို ကောင်းစွာစီရင်ခြင်း စသည်တို့ကို မပြုဘဲ ပုဂ္ဂိုလ်ကိုသာ အလေးအမြတ်ပြု၍ ပေးကမ်းခြင်းသည် ‘ဂါရဝ’ မည်၏။
-ထို သက္ကာရ, ဂါရဝ နှစ်ပါးနှင့်ပြည့်စုံစွာ ချစ်မြတ်နိုးခြင်းနှင့်တကွ ကောင်းမွန်စွာ စီရင်အပ်သော ပစ္စည်းဖြင့် ပုဂ္ဂိုလ်ကိုလည်း အလေးအမြတ်ပြု၍ ပူဇော်ချီးမြှောက်ခြင်းသည် ‘ပူဇာ’မည်၏ ဟု မှတ်အပ်၏။
(မင်းပူးဆရာတော် ဦးသြဘာသ၏ တေမိယဇာတ်တော်ကြီးမှ)
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
မြတ်ဗုဒ္ဓ ၏ သာသနာ Page မှ
━━━━━━━━━━━━━━━━━━━━
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
0 comments:
Post a Comment