ဘာနဲ့အိပ်တာလဲ
~•~•~•~•~•~•~
ပြိတ္တာ အိပ်နည်း
••••••••••••••••••
လိုချင်တာ ရချင်တာတွေကိုတွေး
ရလာမည့်အရာ မရသေးတာတွေကို
တွေးပြီး အိပ်တဲ့သူဟာ လောဘနဲ့ အိပ်တာမို့ ပြိတ္တာအိပ်နည်း။
ငရဲသား အိပ်နည်း
•••••••••••••••••••••
စိတ်ဆိုးစရာ မကျေနပ်စရာ
အလိုမကျတာတွေကို တွေးပြီး အိပ်တဲ့သူဟာ ဒေါသနဲ့ အိပ်တာမို့ ငရဲသား အိပ်နည်း။
တိရစ္ဆာန် အိပ်နည်း
••••••••••••••••••••••
ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိပြီဆိုတာနဲ့
အိပ်ချလိုက်တာ. စိတ်ထဲက ဘာဂုဏ်တော်မှ သတိမရ ဘာဝနာလည်းမပွား သတိလည်း
မထားပဲ အိပ်ပျော်တဲ့သူဟာ မောဟနဲ့ အိပ်တာမို့ တိရစ္ဆာန် အိပ်နည်း။
ယောဂီ အိပ်နည်း
••••••••••••••••••••
အိပ်မည်ဆိုကတည်းက သတိလေးနဲ့ ဂုဏ်တော် တစ်ခုခုပွားတယ်၊ မေတ္တာ ပွားတယ် ဘာဝနာ တစ်ခုခုကို သတိရပြီး အိပ်တာမို့ ယောဂီအိပ်နည်း။
ကဲ သူတော်ကောင်းတို့လည်း မိမိတို့နေ့စဉ် အိပ်နေကြတာ ဘယ်အိပ်နည်းမျိုးနဲ့ အိပ်တယ်ဆိုတာ သတိထား အသိပွားကြဖို့ပါပဲ။
=================================
အရှင်တေဇိန္ဒ (ဗုဒ္ဓ၏ သားတော်)
0 comments:
Post a Comment