သီလကို စောင့်ထိန်းချင်စိတ်ရှိဖို့ပဲ လိုပါတယ်၊
သီလစောင့်ထိန်းချင်စိတ်ကို အလေ့အကျင့်လုပ်တာများလာရင် သီလကျိုးပေါက်
တော့မယ်ဆိုရင် သတိက ချက်ချင်းဝင်လာပါလိမ့်မယ်
ကိုယ့်ကြောင့် သူတစ်ပါးစိတ်မဆင်းရဲစေရဘူး ၊
သီလကျိုးပေါက်မှာလည်း ရှက်၊ကြောက် လာလိမ့်မယ်၊
သီလစောင့်ထိန်းခြင်းကြောင့် စိတ်ကြံ့ ခိုင်မှု ယုံကြည်မှု
မကောင်းမှုကို မစွဲလမ်းတော့ပဲ လွယ်ကူစွာ စွန်လွှတ်နိုင်လာလိမ့်မယ်
တစ်ချိန်က ထင်ထားတာတွေ မှားမှန်းသိလာလိမ့်မယ်
သူတော်ကောင်းတွေကိုပြစ်မှားမိမှာစိုးပြီး ဆင်ခြင်စွာပြောဆို
နေထိုင်တတ်လာလိမ့်မယ်၊
တကယ်တော့ လောကမှာ
မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး
မလုပ်နိုင်သေးတာနဲ့
မဖြစ်သေးတာပဲရှိပါတယ်
စိတ်ဆိုတာလဲ လေ့ကျင့်ဖို့လိုတယ်
ကောင်းတာတွေကိုလက်ခံပြီး
မကောင်းတာတွေပယ်ရှားတဲ့
အလေ့အကျင့်ကောင်းတွေ
လက်တွေ့ကျကျ
လိုက်နာအားထုတ်နိုင်ရင်
သင်တစ်နေ့ မဖြစ်နိုင်ဘူးဆိုတာတွေ
မရှိပါလားလို့သိမြင်လာမှာပါ။
Friday, November 17, 2017
Home »
ဗဟုသုတဆိုင်ရာ
» သီလကို စောင့်ထိန်းချင်စိတ်ရှိဖို့ပဲ လိုပါတယ်၊
0 comments:
Post a Comment