ဖေဖေ သမီး ဘုရားကို နောက်တစ်ခါ ထပ်မသွားတော့ဘူး
ဘာဖြစ်လို့လဲ သမီး
ဘုရားကို သမီးသွားတော့ တွေ့တဲ့လူတိုင်းက ဘုရားဝတ်ပြုနေတဲ့ အချိန်မှာတောင် ဖုန်းသုံးနေတဲ့သူနဲ့ အတင်းပြောနေတဲ့သူနဲ့ ဘယ်သူမှ တလေးတစား မရှိကြဘူး သူတို့အားလုံးဟာ သူတော်ကောင်းယောင် ဆောင်နေကြတာပဲ ဖေဖေ
အင်း ဒါဆို သမီး ဘုရား မသွားတော့ဖို့ မဆုံးဖြတ်ခင် ဖေဖေ သမီးကို တစ်ခုလောက် လုပ်ခိုင်းလို့ရမလား
ပြောကြည့်လေ ဖေဖေ ဘာများလဲ
ဒါဆို သမီး ဖန်ခွက်ထဲ ရေအပြည့်ထည့်ပြီး ဘုရားကို ၂ ပတ် လမ်းလျောက်ရမယ် ဒါပေမယ့် ရေတော့ လုံးဝ မဖိတ်ရဘူးနော်
ဒါလေးများ အေးဆေး လုပ်နိုင်ပါတယ် ဖေဖေ
သမီး ပြန်ရောက်ပီ ဖေဖေ ဒီမှာကြည့် ရေ လုံးဝ မဖိတ်ဘူး
ဟုတ်ပီ ဒါဆို ဖေဖေ သမီးကို မေးခွန်း ၃ ခု မေးမယ်
သမီး ဘုရားပေါ်မှာ ဖုန်း သုံးနေတဲ့သူတွေ တွေ့ခဲ့လား
အတင်းပြောနေတာတွေရော ကြားခဲ့လား
သမာဓိပျက်နေတဲ့သူတွေရော ရှိခဲ့လား
ဘယ်လိုလုပ် တွေ့ခဲ့မှာလဲ ဖေဖေရယ် အဲဒါတွေ သွားကြည့်ရင် သမီး ဖန်ခွက်ထဲကရေ ဖိတ်သွားမှာပေါ့ ကိုယ့်ဟာကိုယ် အာရုံစိုက်ထားရတာ သူတို့ကို မကြည့်အားပါဘူး
ဖေဖေလိုချင်တာ အဲဒါပဲ သမီး
သမီး ဘုရားကျောင်းကို သွားတယ်ဆိုရင် လုပ်သင့်တာက ကိုယ့်အလုပ်ကို ကိုယ် အာရုံစိုက်ပြီး ဘုရားကို အာရုံပြုနေဖို့ပဲ
ကျန်တာတွေက ကိုယ့်ကိစ္စ မဟုတ်ဘူး
ကိုယ့်သမာဓိ မပျက်ဖို့ပဲ အရေးကြီးတယ် မဟုတ်လား သမီး
ဘယ်သူ တရားပျက်ပျက် ကိုယ် မပျက်ဖို့ လိုတယ် သမီး
ဒါဆိုရင် သမီး ဘဝ တစ်လျှောက်မှာ ဘယ်လို အဖြစ်အပျက်နဲ့ပဲ ကြုံရကြုံရ ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာသာ အာရုံ အပြည့်အဝ စူးစိုက်ထားမယ်ဆိုရင် ပြင်ပ ဘယ်အရာကမှ သမီးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး သမီး
ကျေးဇူးပါ ဖေဖေ ဖေဖေပေးတဲ့ သင်ခန်းစာက သမီးအတွက် တကယ်ကို ကောင်းလွန်းပါတယ်ဖေဖေ
Lotus dharma yoga
0 comments:
Post a Comment