Friday, November 24, 2017

အနားကထွက်မသွားပါနဲ့လို့…

အနားကထွက်မသွားပါနဲ့လို့…
မျက်နှာဇီးရွက်လောက်ထား တောင်းဆိုဖူးတယ်။

ကိုယ့်တစ်ယောက်ထဲကိုပဲချစ်ရမယ်နော်လို့……
သိက္ခာအပွန်းအပဲ့ခံပြီး ဖွင့်ပြောခဲ့ဖူးတယ်။

ဂရုစိုက်မှုလေးတွေ ပြန်ပေးဖို့…
အသံတိုးတိုးလေးနဲ့ တောင်းပန်ခဲ့ဖူးတယ်။

မအော်ပါနဲ့ မဆူပါနဲ့လို့…
ငိုသံပါကြီးနဲ့ အသနားခံ ပြောခဲ့ဖူးတယ်။

လမ်းခွဲစကား ခဏခဏ မပြောဖို့…
ထိုင်ရှစ်ခိုးကန်တော့မတတ် ခယခဲ့ဖူးတယ်။

အချိန်ပေးဖို့ ပစ်မထားဖို့…
ဖုန်းထဲက အပြောအဆိုခံပြီး စကားစခဲ့ဖူးတယ်။

ကိုယ်က ဆုံးရှုံးရမှာကြောက်စိတ်နဲ့
ဖက်တွယ်လာလေ …
တစ်ဖက်က Power ပိုပြလာလေ။

ကိုယ်က တန်ဖိုးထားပြီး
အောက်ကျခံချစ်ပြလေ …
တစ်ဖက်က မာန်တွေ တက်လာလေ။

ကိုယ်က သူမရှိရင်မဖြစ်တဲ့
အထာနင်းပြလေ …
တစ်ဖက်က မဏ္ဍာပ်တိုင်တက် ဒွန့်ပြလာလေ။

နောက်ဆုံးတော့လည်း ပြတ်ခဲ့တာပါပဲ။

ချစ်သူရည်းစားထားတာ
ပါးရည်နပ်ရည် ရှိဖို့လည်း လိုအပ်ပါတယ်။

အမြဲအလျှော့ပေးနေဖို့ မလိုပါဘူး
အဲ့ဒီ အားနာမှု သနားမှုလေးတွေကနေ
တစ်ဘဝလုံး နိုင်စားသွားတာမျိုး
ဖြစ်သွားတတ်ပါတယ်။

Ever ခေါင်းညိတ်နေဖို့ မလိုပါဘူး
ချစ်တဲ့စိတ်တစ်ခုထဲနဲ့ အလိုလိုက်မိရင်
တစ်သက်လုံး ကိုယ့်ဆို အရုပ်တစ်ရုပ်လို
သဘောထားသွားတာမျိုး ကြုံရလိမ့်မယ်။

ဖုန်းမဆက်ဘူး မှတ်လား?
လွှတ်ပေးထားလိုက် !
မဆက်သေးဘူးလား မဆက်တော့ဘူးလား
ပစိပစပ်နဲ့ သွားပြောမနေနဲ့…
အာလူးကို ပါးပါးလေးလှီးပြီး
မျက်နှာမှာကပ် ပေါင်းတင်ထားပေးလိုက်
နောက်ဆို သူဖုန်းမဆက်တာတောင်
ကျေးဇူးတွေ တင်နေမိဦးမယ်
သူ့ကြောင့် မျက်နှာလေး နုဖတ်လာလို့။

Holiday တွေမှာ မတွေ့ချင်ဘူး မှတ်လား?
နေပါစေ ခေါက်ထားလိုက် !
အချိန်မပေးနိုင်ဘူးလား မအားဘူးမှတ်လား
ရှိုးအပဲ့ခံ တောင်းဆိုမနေနဲ့…
Gym ထဲ စိတ်နှစ်ကစားပေးလိုက်
နောက်များတော့ သူ Dating မလုပ်တာကိုပဲ
ကျေးဇူးတွေ အပြုံလိုက် တင်မိဦးမှာ
သူ့ကြောင့် Body ဂျလန်း ဖြစ်လာခဲ့လို့။

Line ပေါ်မှာ Active ပြနေရက်
စကားလာမပြောဘူး မှတ်လား?
ရှော်ထားပေးလိုက် !
စာလာမပို့ဘူးလား Q နေတာလား
လေကုန်ခံ ရန်သွားဖြစ်မနေနဲ့…
ဂျပန်စာ / ကိုရီးယားစာ / အင်္ဂလိပ်စာ
တစ်ခုခု သင်ယူလေ့လာနေလိုက်
ကြာလာရင် သူစာလာမပို့တာကိုတောင်
ကျေးဇူးတွေ အပြွတ်လိုက် တင်နေမိမှာ
သူ့ကြောင့် ဘာသာစကားမျိုးစုံ
တတ်မြောက်လာခဲ့တာလေ။        ။

Credit....Original Writer          

Black Words By                          
နည်းပညာချစ်သူ/ထူးနည်းပညာမှတ်စု ᠌᠌

0 comments:

Post a Comment