ရဟန္တာအရှင်သူမြတ်တို့၏ ဉာဏ်တော်(၂၂)ပါး
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
၁။ နာမရူပပရိဂ္ဂဟဉာဏ်
(စိတ်တို့၏ တကယ့်သဘာဝနှင့် ရုပ်တို့၏တကယ့်သဘာဝကို ပိုင်းခြား၍သိသောဉာဏ်)

၂။ ပစ္စယပရိဂ္ဂဟဉာဏ်
(စိတ်နှင့်တကွ အထောက်အပံ့တို့ကိုလည်းကောင်း၊ ရုပ်နှင့်တကွ အထောက်အပံ့တို့ကိုလည်းကောင်း ပိုင်းခြား၍သိသောဉာဏ်)
၃။ သမ္မသနဉာဏ်
(ရုပ်၏ ဖြစ်ပျက်မှု၊ နာမ်၏ ဖြစ်ပျက်မှုတို့ကို မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းတို့ဖြင့် မြင်သောဉာဏ်)
၎။ ဥဒ္ဒယဘယဉာဏ်
(ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုကို ရှုမြင်သောဉာဏ်)
၅။ ဘင်္ဂဉာဏ်
(ရုပ်နာမ်တို့၏ အပျက်ကိုသာ ရှုမြင်သောဉာဏ်)
၆။ ဘယဉာဏ်
(ရုပ်နာမ်ကို ကြောက်ဖွယ်ရှုမြင်သောဉာဏ်)
၇။ အာဒိနဝဉာဏ်
(ရုပ်နာမ်တို့၏ အပြစ်ကို ရှုမြင်တတ်သောဉာဏ်)
၈။ နိဗ္ဗိဒါဉာဏ်
(ရုပ်နာမ်တို့ကို ငြီးမွေ့သောဉာဏ်)
၉။ မုစ္စိတုကမျတာဉာဏ်
(ရုပ်နာမ်ပျက်စီးမှုတို့မှ လွတ်မြောက်လိုသော ရှုမြင်မှုဉာဏ်)
၁၀။ ပဋိသင်္ခါဉာဏ်
(တဖန် လွတ်လိုသော ရှုမြင်မှုဉာဏ်)
၁၁။ သင်္ခါရူပေက္ခာဉာဏ်
(ဖြစ်ပျက်မှုတို့ကို လျစ်လျူပြု၍ ရှုမြင်သောဉာဏ်)
၁၂။ အနုလောမဉာဏ်
(အောက်က သိပြီးသော ပညာဉာဏ်နှင့် အထက်သို့ ဆက်သိရန် ဉာဏ်တို့ကို လျော်စွာရှုမြင်သောဉာဏ်)
၁၃။ ဂေါတြဘူဉာဏ်
(ကိလေသာ ပေကျံမှု အဆက်အနွယ်ပြတ်၍ လောကမှ လွတ်မြောက်ရန် ငြိမ်းချမ်းသောဉာဏ်)
၁၄။ သောတာပတ္တိမဂ်ဉာဏ်
သစ္စာလေးပါးကို ယုံမှားကင်းစွာ အစအဆုံးသိသောဉာဏ်)
၁၅။ သောတာပတ္တိဖိုလ်ဉာဏ်
(ဤ အထက်ပါ မဂ်ဉာဏ်၏အကျိုး)
၁၆။ သကဒါဂါမိမဂ်ဉာဏ်
(လောဘ ဒေါသ တွေဝေမှုတို့ကို အထပ်ထပ်အခါခါ ပယ်သောဉာဏ်)
၁၇။ သကဒါဂါမိဖိုလ်ဉာဏ်
( ဤ အထက်ပါ မဂ်ဉာဏ်၏အကျိုး)
၁၈။ အနာဂါမိမဂ်ဉာဏ်
(ကာမ ရာဂနှင့် စိုးရိမ်စိတ်တို့ကို ကုန်စင်အောင်ပယ်သောဉာဏ်)
၁၉။ အနာဂါမိဖိုလ်ဉာဏ်
(ဤ အထက်မှာ မဂ်ဉာဏ်၏အကျိုး)
၂၀။ အရဟတ္တမဂ်ဉာဏ်
(ကိုယ်တွင်းရန်သူ ကိလေသာဟူသမျှတို့ကို အကြွင်းမဲ့ပယ်သောဉာဏ်)
၂၁။ အရဟတ္တဖိုလ်ဉာဏ်
(ဤ အထက်ပါ မဂ်ဉာဏ်၏အကျိုး)
၂၂။ ပစ္စဝေက္ခနဉာဏ်
(အဖန်ဖန် ဆင်ခြင်တိုင်း မြင်သောဉာဏ်)
ဤဉာဏ်(၂၂)ပါးတို့သည် ရဟန္တာအရှင်မြတ်တို့ ရရှိပိုင်ဆိုင်ထားသော ဉာဏ်တော်တို့ပင် ဖြစ်သည်။ ပညာဖြင့် မဂ်ကိစ္စပြီးသော ပညာဝိမုတ္တ ရဟန္တာနှင့် ဈာန်သမာပတ်တို့ဖြင့် မဂ်ကိစ္စပြီးသော ပဋိသမ္ဘိဒါရ ရဟန္တာများသည် ဤဉာဏ်(၂၂)ပါးဖြင့် ပြည့်စုံကြလေသည်။ ထို့ကြောင့် နိဗ္ဗာန်ရွှေပြည်မြတ်သို့ မျက်မှောက်ပြုနိုင်ကြလေသည်။
(လေ့လာမိသော စာအုပ်များမှ)
Yarzar
facebook သို့ 

0 comments:
Post a Comment