Saturday, April 30, 2016

အဘိဓမ္မာ(၇)ကျမ်း၏ အဓိပ္ပါယ်ကို အကျဉ်းပြခြင်း

အဘိဓမ္မာ(၇)ကျမ်း၏ အဓိပ္ပါယ်ကို အကျဉ်းပြခြင်း
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
ဓမ္မသင်္ဂဏီကျမ်း
••••••••••••••••••
လူ၏အတွင်း၌ရှိသော စိတ်၏အခြေအနေကို တစ်ခန်းပြသည်။ ရုပ်၏အခြေအနေကို တစ်ခန်းပြသည်။ ၄င်းစိတ်နှင့်ရုပ်ကိုတွဲ၍ အကျဉ်းချုပ် တစ်ခန်းပြသည်။ အကျယ်အားဖြင့် တစ်ခန်းပြသည်။ မာဂဓဘာသာအားဖြင့် ကဏ္ဍလေးပါးဟူ၍ ခေါ်သည်။
စိတ်ကိုပြသောအခန်းကို "စိတ္တုပ္ပါဒကဏ္ဍ"ဟူ၍ခေါ်သည်။
ရုပ်ကိုပြသောအခန်းကို "ရူပကဏ္ဍ"ဟူ၍ခေါ်သည်။
စိတ်နှင့်ရုပ်ကိုတွဲ၍ အကျဉ်းပြသောအခန်းကို "နိက္ခေပကဏ္ဍ"ဟူ၍ခေါ်သည်။
အကျယ်ဝေဖန်ပြသောအခန်းကို "အဌကထာကဏ္ဍ"ဟူ၍ခေါ်သည်။
နောက်ရေးသားသော အဌသာလိနီနှင့် အဌကထာကျမ်းတို့သည် ဓမ္မသင်္ဂဏီကျမ်း၏အဓိပ္ပါယ်ကို အကျယ်ချဲ့၍ ဖွင့်ပြသော ကျမ်းစုဖြစ်သည်။

ဝိဘင်း
•••••••
လူ၏ကိုယ်ခန္ဓာကို ဆယ့်တစ်ပိုင်းဖြင့် ဝေဖန်၍ ပြရာပြကြောင်းဖြစ်သည်။ သမောဟဝိနောဒေဏီ အဌကထာကျမ်းသည် ၎င်းကျမ်း၏အဓိပ္ပါယ်ကို အကျယ်ဖွင့်ပြသော ကျမ်းဖြစ်သည်။
ဓာတုကထာ
••••••••••••••
ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဟုဆိုအပ်သော ဓာတ်လေးပါးတို့၏ သရုပ်အခြင်းအရာကို ပြကြောင်းအရာဖြစ်သည်။
ပုဂ္ဂလပညတ်
•••••••••••••••
လူကို ဥပမာ ဥပမေယျနှင့် ခြောက်ပါးသောပညာတို့ကို ပြသောကျမ်းဖြစ်သည်။
ကထာဝတ္ထု
•••••••••••••
လူပုဂ္ဂိုလ်ကို ခွဲဝေပြီးလျှင် ပရမတ်သဘော၊ ပညတ်သဘောကို တရားအရာနှင့်တင်၍ ပြောနည်းလုပ်နည်း သုံးပုံတို့ကို အစဉ်ပြသောကျမ်းဖြစ်သည်။
ယမိုက်
••••••••
ပုဂ္ဂိုလ်သဏ္ဍာန် ပရမတ်သဘော၏အခြေအနေကို အစိတ်အပိုင်းအားဖြင့် ဆယ်နည်းခွဲဝေပြီးလျှင် အစုံပြု၍ ပြရာပြကြောင်းဖြစ်၏။ ၎င်းကျမ်း၏သဘောကို နောက်ဆရာတို့က အကျယ်ဖွဲ့၍ မူလစသော ယမိုက်ဆယ်ကျမ်းဟူ၍ ဖွဲ့စည်းထားလေ၏။
ပဋ္ဌာန်း
•••••••
ပရမတ်သဘော ပညတ်သဘောကို စပ်ပြီးလျှင်၊ အကြောင်းအကျိုးနှင့်တကွ နှစ်ဆယ့်လေးပိုင်းပြ၍၊ တိကပဋ္ဌာန်းစသောအားဖြင့် နှစ်ဆယ့်လေးကျမ်းဟူ၍ နောက်ဆရာတို့က ဖွဲ့စည်းထားလေ၏။
ပါချုပ်ဆရာတော်ကြီး၏ အဘိဓမ္မာသင်တန်းမှ မှီငြမ်း၍ရေးသည်။
အဘိဓမ္မာ ဆင်ခြင်ပုံကို ဆက်ပါဦးမည်..
Yarzar

0 comments:

Post a Comment