Saturday, April 30, 2016

‎ငွေမရှိသော်လည်းပေးကမ်းလှူ‬ ဒါန်းနိုင်သောအလှူ ဒါန( ၇ ) မျိုး

#‎ငွေမရှိသော်လည်းပေးကမ်းလှူ‬
ဒါန်းနိုင်သောအလှူ ဒါန( ၇ ) မျိုး
&&&&&&&&&&&&&&&&&&&&&&
အခါတစ်ပါး၌လူငယ်တစ်ယောက်
သည် မြတ်စွာဘုရားထံချည်းကပ်၍ ---
လူငယ်။ ။ တပည့်တော်သည်မည်
သည့်အရာကိုပဲလုပ်လုပ်
မအောင်မမြင်ဖြစ်နေပါသည်အရှင်
ဘုရား အဘယ်ကြောင့်မအောင်မမြင်
ဖြစ်နေရပါသနည်းအရှင်ဘုရား-- ဟု
လျှောက်ထားမေးမြန်းလေသည်။
ဗုဒ္ဓ။ ။အသင်ချစ်သား --အသင်
သည်အလှူ ဒါနမပြု တတ်၍
ဖြစ်သည်ဟုဘုရားရှင်ကဖြေကြား
တော်မူ၏။
လူငယ်။ ။ငွေကြေးတစ်ပြားတစ်
ချပ်မှမရှိသောဆင်းရဲ
သားတပည့်တော်အဖို့မည်သို့သော
အလှူ ဒါနကိုပြု နိုင်ပါမည်နည်းအရှင်
ဘုရား -- ဟုပြန်လည်လျှေက်ထား
သည်။
ဗုဒ္ဓ။ ။အသင်ချစ်သား -- ဤသည်
ကိုမှတ်သားလော့ တစ်ဦး
တစ်ယောက်သောသူသည်ငွေကြေး
တစ်ပြားတစ်ချပ်မှမရှိသော်လည်း
ပေးကမ်းနိုင်သောအလှူ ဒါန(၇)မျိုး
ရှိသည် ။
ဤအလွဴ ဒါန( ၇)မ် ဳိ းမွာ ---
(၁)မျက်နှာဟန်အမူအရာဖြင့်အလှူ ဒါ
နပြု ခြင်း
(အပြုံးဖြင့်ဖော်ရွေစွာဆက်ဆံခြင်း)
(၂)နူတ်ဖြင့်အလှူ ဒါနပြု ခြင်း
(အားပေးစကား နှစ်သိမ့်စကား ချီး
ကျူးစကားပြောခြင်း)
(၃)စိတ်ဖြင့်အလှူ ဒါနပြု ခြင်း
(စိတ်တံခါးကိုဖွင့်၍သူတစ်ပါးကို
မေတ္တာဖြင့်ပွင့်လင်းရိုးသားစွာဆက်
ဆံခြင်း)
(၄)အမြင်ဖြင့်အလှူ ဒါနပြု ခြင်း
(ကောင်းသောစေတနာအမြင်တို့ဖြင့်
သူတစ်ပါးကိုကြည့်မြင်ဆောင်မ
ပေးခြင်း)
(၅)ကာယလုပ်အားဖြင့်အလှူ ဒါနပြု ခြင်း
(ကိုယ်နိုင်နင်းသောအမှု ကိစ္စတို့ကို
လုပ်ဆောင်ပေးမှု ဖြင့်သူတစ်ပါးကို
ကူညီဖေးမဆောက်ရွက်ခြင်း)
(၆)နေရာထိုင်ခင်းအလှူ ဒါနပြု ခြင်း
(လှေစီး ကားစီး ယာဉ်အစရှိသည်တို့
စီးသည့်အခါမိမိထိုင်ခုံနေရာကိုအိုမင်း
မစွမ်းသူ ရဟန်းသံဃာနှင့်ကိုယ်ဝန်
ရှိသူ ကလေးငယ်တို့အားမိမိထိုင်ခုံ
နေရာကိုထိုင်စေခြင်း)
(၇)နေအိမ်အဆောက်အဦကိုဒါန
ပြု ခြင်း
(မိမိအိမ်နေရာကိုသူတစ်ပါးတို့အနားယူရန်ပေးကမ်းခြင်း တည်းခိုနားခို
စေခြင်း)
အစရွိသည္အလွဴ ဒါန(၇) မ် ဳိ း
ကိုမည်သူမဆိုပြု လုပ်ပေးကမ်းသည့်
အကျင့်ကောင်းရှိလျှင်အောင်မြင်ခြင်း
သည်ထပ်ကြပ်မကွာလိုက်ပါလာမည်သာဖြစ်သည်။
‪#‎ထပ်မံဖြည့်စွက်ခြင်းအလှူ‬ များ
********************************
လယ်တီဆရာတော်ဘုရားကြီး
သည်ဘုရားရှင်အားနေ့စဉ်မပြတ်ရေ
ချမ်း(၃)ကြိမ်(၄)ကြိမ်ကပ်လှူ ရန်မိန့်
မှာခဲ့သည်။မနက်အာရုဏ်မျက်နှာတော်သစ်ရေသောက်တော်ရေ နေ့
ညအစရှိသည်ကိုကပ်နိုင်ရင်ကပ်နိုင်
သလောက်ကုသိုလ်ရကြမှာပါဟု
မိန့်ကြားခဲ့သည်။
နောက်ကျမ်းဂန်အစရှိသည်တို့
တွင်ဘုန်းကံကြီးမားသောဆရာတော်
ကြီးများ၏စရဏအကျင့်တစ်ခုသည်
ဆွမ်းခံပြန်လာပါကမြတ်စွာဘုရားရှင်အားဆွမ်းတော်ကပ်ရင်းတရားထိုင်ပြီးမှသာဆွမ်းစားသောကုသိုလ်အကျင့်
တစ်ခုကိုစွဲစွဲမြဲမြဲပြု လုပ်ကြလေသည်။
နောက်အကောင်းဆုံးသော
ကုသိုလ်လေးပါလို့ပြောရင်သူတော်
ကောင်းတို့သဘောကျလိမ့်မယ်ထင်ပါတယ်။
အဲဒါကတော့လူသိနဲတဲ့ ---
တောင်ပုလုဆရာတော်ကြီးရဲ့နည်း
ပဲဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကို
သက်တော်ထင်ရှားရည်မှန်းပြီးတော့
ပူအိုက်တဲ့အချိန်တွေမှာလေယပ်ဆက်ကပ်ပူဇော်တာပဲဖြစ်ပါတယ်။မြတ်စွာ
ဘုရားသက်တော်ထင်ရှားရှိသကဲ့
သို့ရည်မှန်းပြီးဘုရားရှေ့ မှာထိုင်လေ
ယပ်ခတ်ပြီးပူဇော်ကြည့်လိုက်စမ်းပါ။
လောကီလောကုတ္တရာအပူတွေ
တဖြည်းဖြည်းပျောက်သွားကြပါလိမ့်
မယ်။ဘုရားရှင်ဟောခဲ့တဲ့ယပ်လှူ ခြင်း
အကျိုးကလည်းများပါတယ်။ကိလေ
သာအပူတောင်ငြိမ်းနိုင်ပါတယ်။
အလျဉ်းသင့်လျှင်ယပ်လှူ ခြင်းရဲအ
ကျိုးများကိုတင်ပေးပါမည်။
ဤသို့ဒကာဒကာမသူတော်
ကောင်းအပေါင်းတို့သည်မသိသူဖော်စားသိသူကျော်သွားဆိုသောစကားပုံ
အတိုင်းမကျင့်သုံးကြပါနဲ့။
ကုသိုလ်ကောင်းမှု ကိုမသိသူ
ကလည်းသိအောင်သိပြီးသားသူကလည်းပိုသိအောင်လေ့လာသင့်ပါသည်။
မင်းကွန်းဆရာတော်ဘုရားကြီးဟော
သလို ---ကုသိုလ်ကောင်းမှု ဆိုရင်
မလုပ်ချင်ပေမဲ့လည်းပေလုပ်ရတယ်
မကောင်းမှု ဆိုရင်လုပ်ချင်နေပေမဲ့
လည်းပေရှောင်ရတယ်နောက်
အဲဒါအကျင့်ဖြစ်သွားတော့ကုသိုလ်
ကောင်းမှု ဆိုရင်မလုပ်ပဲကိုမနေနိုင်
တော့တာဆိုသလိုပါပဲ။အာစိဏ္ဏကံ
မြဲအောင်လုပ်ထားတဲ့ကုသိုလ်ဟာသေ
ခါနီးအချိန်မှာအားကိုးရာတစ်ခုလည်း
ဖြစ်ပါတယ်။
အဲဒီကုသိုလ်တွေအပြင်ကိုယ်
ထမင်းစားပြီးတဲ့အခါပိုတဲ့ထမင်းစေ့
လေးတွေကိုတိရစ္ဆာန်လေးတွေကိုစား
ပါစေဆိုတဲ့စေတနာလေးထည့်လိုက်
ရင်လည်းကုသိုလ်အလကားနေရင်းရတာပါပဲ။နောက်နွေရာသီတွေမှာ
တိရစ္ဆာန်လေးတွေသောက်ဖို့အိုး
ခွက်လေးတွေနဲ့ရေကုသိုလ်လုပ်တာဟာလည်းငွေမကုန်ပဲနဲ့ရတဲ့ကုသိုလ်ပါ
ပဲ။တိရစ္ဆာန်တစ်ကောင်ကိုကုသိုလ်
လုပ်တာဟာဘဝ(၁၀၀)အကျိုးပေးပါ
တယ်။ရေလာသောက်တဲ့အကောင်
ကအများကြီးဆိုတော့အဲဒီကုသိုလ် လေးနဲ့တင်ကုသိုလ်တွေအများကြီး
ရနေပါပြီ။

facebook

0 comments:

Post a Comment