Saturday, April 30, 2016

ထာဝရ ကုသိုလ်.....

ထာဝရ ကုသိုလ်.....
ဒီတခါအမြဲတမ်း ကုသိုလ်ပွားစေတတ်တဲ့ ထာဝရ ကုသိုလ် အကြောင်းပြောပြချင်ပါတယ်။
(တစ်ခါပြုထားရုံ နဲ့အမြဲတမ်း ကုသိုလ်ပွားများစေတတ်တဲ့ ထာဝရကုသိုလ် ဆိုတာရှိတယ်၊)
ထာဝရကုသိုလ်ရ ဒါန ၆ပါး ရှိပါတယ် ..
အရံ, သစ်ပင်၊ ရေအိုးစင်နှင့် ၊ ထို့ပြင်ရေတွင်း၊ ခင်းသည့်တံတား၊ ကျောင်းကားတစ်ခု၊ ခြောက်စုဒါန ၊ စိုက်ပျိုးရ၍ ၊ ဒိဝရတ္တိ၊ အောက်မေ့မိက၊ ည,နေ့မချာ၊ ပွားသည်သာဟု ၊ သုံးရွာလူ့ဘ ၊ ညွှန်ပြရွှေနှုတ်၊ ကျမ်းသံယုတ်မှာ ၊ တိုက်ရိုက်လာသည်၊ သေခါမမှား -နတ်ရွာလား။ (သုံးပုံ တံချူကမ်း ၊ ၂၃ -၂၄)
သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်မှာ နတ်သားတစ်ပါးရောက်လာပြီးမြတ်စွာဘုရားရှင်အား "တစ်ခါပြုထားရုံ နဲ့အမြဲတမ်း ကုသိုလ်ရစေတတ်တဲ့ ဒါနမျိုးရှိပါသလား" လို့မေးမြန်းလျှောက်ထားပါသတဲ့၊၊
အဲ့ဒီအခါမှာမြတ်စွာဘုရားရှင်က " အိုနတ်သား...ပစ္စုပ္မန် တမလွန် နှစ်တန်ချမ်းသာမှန်ကို ရှာဖွေလိုတောင်းအမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည်......."
(၁) ခရီးသွားသူများရှင်လူတို့ မပင်ပန်းရအောင် အရိပ်ခိုလို့ရတဲ့ သစ်ပင်ကြီးတွေ ဥယျာဉ် ပန်းခြံများစိုက်ပျိုး လှုဒါန်းခြင်း၊
(၂) ရွံ ညွံရေဗွက် သွားလာရခက်သဖြင့် စိတ်လက်ချမ်းသာ လွယ်ကူစွာကူးမြောက် ခရီးပေါက်ဖို့ တံတားဆောက်၍ လှုဒါန်းခြင်း၊(မြေဖို့၊ သဲခင်း၊တံတားသစ်ဆောက်၊တံတားဟောင်းပြင်၊ ၀ါးတံတား၊ သစ်သားတံတား၊ အုတ်တံတား)
(၃)လမ်းဆုံလမ်းမ လမ်းလေးခွ ၌ အေးမြကြည်လင် ရေအိုးစင် ကိုလည်းကောင်း၊ သောက်သုံးချိုးရန် ရေတွင်းရေကန်ကိုလည်းကောင်း၊ ဆောက်လုပ်လှုဒါန်းခြင်း၊
(၄) နေစရာထိုင်စရာ ဇရပ်၊တန်ဆောင်း၊ သိမ်၊ ကျောင်း ၊ဆိုတဲ့အဆောက်အဦး ၊စေတီ ပုထိုး၊ ကိုလည်းကောင်း စေတနာသုံးရပ် ပြတ်ကြီးပြတ်၍ လေးမြတ်ကြည်ဖြူ ဆောက်လုပ်လှုဒါန်းကြပါလေကုန်................။
ထိုကုသိုလ်တွေကို မြင်တွေ့ရတိုင်း၊ တွေးလိုက်တိုင်းသတိရတိုင်းမှာ အမြဲတမ်းကုသိုလ်တိုးပွားစေသဖြင့် ထာဝရကုသိုလ်များဖြစ်ပါတယ်....ကုသိုလ်ပီတိတွေလည်းဖြစ်ပေါ်လာစေပါတယ်.....၊၊၊၊၊၊၊၊၊လို့ဖြေကြားပေးလိုက်ပါတယ်။
ဓမ္မဝီရဂျာနယ်၊
ချစ်မိတ်ဆွေများလည်း ဒါန သီလ ဘာဝနာ ကုသိုလ်စုံစွာ အသက်ရှင်ခိုက် များစွာပြုနိုင်ကြပါစေ။သော်သော်

0 comments:

Post a Comment