သူနဲ့ကိုယ် လက်မထပ်ရသေးပဲ
သူနဲ့ကိုယ် တွဲရိုက်ထားတဲ့ ပုံကို Online ပေါ်ချပြမလား ?
အရမ်းချစ်တာပဲ တင်မှာပေါ့လို့ ခင်ဗျားတို့မေးခွန်းထုတ်လိမ့်မယ် !
ချစ်သူ ဆိုတာ သေချာပေမယ့် သူနဲ့ကိုယ် မပြတ်နိုင်တော့ဘူးလား...
အကြောင်းအမျိုးမျိုး၊အခြေအနေအမျိုးမျိုးမှာ ပြတ်သွားနိုင်ပါတယ်။

အဲ့လို ပြတ်သွားပြီးတော့မှ တင်ထားခဲ့ဖူးတဲ့ ပုံတွေ
Public နဲ့ ချပြထားတဲ့ relationship တွေဟာ
ပြန်ဖျက်လို့ရတယ်ဆိုတာတော့ မှန်ပါတယ်
ဒါပေမယ့် ကိုယ့်သိက္ခာ ပိုင်းအရ အရမ်း မှေးမှိန်သွားစေပါတယ်။
ကိုယ်က အဲ့လို Public နဲ့ချပြမိပြီဆိုတာနဲ့
ကိုယ့် acc ထဲက fri တွေသိမယ်။ Followers တွေ သိမယ်
ပြောမယ်ဆို တစ်ကမ္ဘာလုံးသိအောင်ကြေညာလိုက်သလိုပါပဲ
အကယ်၍ ( မတော်တဆ ) ပြတ်သွားပြီဆိုပါစို့
ကိုယ့်မှာ နောက်ထပ် ချစ်ရမဲ့သူ ရှိလာတဲ့ အခါမှာ
အဲ့လိုတင်ခဲ့မိတဲ့ ပြသနာကြောင့် ခက်ခဲမှုတွေ ကြုံရနိုင်ပါတယ်။
အဲ့တော့ မသေချာ မရေရာ တဲ့ ချစ်သူ ဘ၀မှာ ကိုယ်နဲ့သူရဲ့
Relationship ကိုချပြမလား?
လက်ထပ်ပြီးမှ ဂုဏ်ယူစွာ ချပြမလား ?
စဉ်းစား ကြပါလေ
;-)
(လွတ်လပ်စွာ Copy နိုင် ၊ Share နိုင် ၊ဝေဖန်နိုင်ပါသည်။)
facebook သို့ သွားရန်နှိပ်ပါ

0 comments:
Post a Comment