Monday, January 30, 2017

“ငွေသီးသည့် ပဒေသာပင် မရှိပါ” (သင့်ရဲ့ သားသမီးငယ်များအတွက် ငွေကြေးစီမံမှုဆိုင်ရာ အခြေခံအချက်အလက်များ)

“ငွေသီးသည့် ပဒေသာပင် မရှိပါ” (သင့်ရဲ့ သားသမီးငယ်များအတွက် ငွေကြေးစီမံမှုဆိုင်ရာ အခြေခံအချက်အလက်များ)
သင့် ကလေးငယ်များက တစ်စုံတစ်ခုပူဆာလာတဲ့အခါ ငွေဟာ အလိုအလျောက်ဖြစ်လာခြင်း မဟုတ်ကြောင်း ကြိုးစားမှသာလျှင်ရနိုင်တဲ့ အရာဖြစ်ကြောင်းရှင်းပြဖူးပါသလား ? ရှင်းပြဖူးတယ်ဆိုရင် ယခုအချိန်မှစပြီး သားသမီးတွေကို ငွေကြေးနဲ့ ပတ်သက်တဲ့ အခြေခံနည်းစနစ်တွေကို သင်ပြပေးထားသင့်ပါတယ်။ ဒါဟာ အနာဂတ်မှာ သင့်မိသားစုရဲ့ ဘဏ္ဍာရေးကို အထောက်အကူ ဖြစ်စေဖို့ အတွက် အကောင်းဆုံးနည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။
သင့်ရဲ့ သားသမီးငယ်များကို …..
• ပထမဦးဆုံး အနေနဲ့ ပိုက်ဆံရဖို့အတွက် အဓိကနည်းလမ်းမှာ ၀င်ငွေရအောင်ပြုလုပ်ဖို့လို ဖြစ်ကြောင်းပြောပြပါ။
• ၀င်ငွေ ဆိုသည်မှာ- အလုပ်၊ ရင်းနှီးမြှုပ်နှံမှုတစ်ခု (သို့မဟုတ်) တစ်စုံတစ်ယောက်ထံမှ ကြိုးစားမှုရလဒ်အဖြစ် လက်ခံရှိသည့် ပိုက်ဆံဖြစ်ကြောင်း စသည်ဖြင့် ၀င်ငွေအကြောင်းကို နားလည်အောင် ရှင်းပြပေးပါ။
• သားသမီးတွေကို ၀င်ငွေရဖို့ပြုလုပ်ရာတွင် နည်းအမျိုးမျိုးဖြင့် စဉ်းစားတတ်ရန် ကူညီပေးပြီး မှန်ကန်သည့် နည်းလမ်းဖြစ်ရန်အတွက်လည်း သွန်သင်ဆုံးမ ပေးပါ။ ကလေးငယ်များကို ကစားနည်းတစ်ခုအနေဖြင့်လည်း သင်ကြားနိုင်ပါသည်။ ဥပမာအားဖြင့် ညီ၊ ညီမငယ်များကို ကြည့် ရှုစောင့်ရှောက်ပေးခြင်း၊ အမှိုက်သိမ်းခြင်း၊ အိမ်သန့် ရှင်းရေးကူလုပ်ပေးခြင်း စသည်များ လုပ်စေခြင်းအားဖြင့် မုန့်ဖိုးပေးခြင်း၊ လိုချင်သောအရာများဝယ်ပေးခြင်းဖြင့် ဆုချခြင်းများပြုလုပ် ပေးနိုင်ပါသည်။
• ထို့နောက် ဆယ်ကျော်သက်အရွယ်များဖြစ်ပါက အချိန်ပိုင်း အလုပ်များ (သို့ ) မိမိကိုယ်ပိုင်စီးပွားရေး တွင် အချိန်ပိုင်းဖြင့်ကူညီခြင်းစသည်ဖြင့် အလုပ်ဝင်ရန် တိုက်တွန်းပြီး ရရှိလာသည့် ၀င်ငွေကိုဘဏ်တွင် အပ်နှံ၍ ချွေတာသုံးစွဲတတ်ရန် တိုက်တွန်း၍ အကျင့်လုပ်ပေးပါ။
• ထိုသို့ ပြုလုပ်ခြင်းသည် ၀င်ငွေတွေကို အလွယ်တကူမကုန်ဆုံးစေဖို့အတွက် ထိန်းသိမ်း ထားခြင်းဖြစ်သည့်အပြင် ဘဏ်တွင်အပ်နှံထားခြင်းအတွက် အတိုးပါရရှိနိုင်ကြောင်းကို နားလည် အောင်ရှင်းပြပေးပါ။
• အရွယ်ရောက်သူများသည် အလုပ်လုပ်ခြင်းဖြင့် ၀င်ငွေရရှိကြောင်း၊ အဖွဲ့အစည်း၊ company တစ်ခုခုတွင် အလုပ်လုပ်ခြင်း (သို့ ) ကိုယ်ပိုင်စီးပွားရေးတစ်ခု တည်ဆောက်ခြင်းများဖြင့် ၀င်ငွေရရှိအောင်ဆောင်ရွက်ရကြောင်းများ နှင့် အလုပ်ရှင်နှင့် ၀န်ထမ်း စသည့် အသုံးနှုန်းများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိအောင် သင်ကြားပေးရပါမည်။ ထိုမှတစ်ဆင့် အောင်မြင်ကျော်ကြားသူများ၏ အတ္ထုပ္ပတိများ၊ ဘ၀ဇာတ်ကြောင်းများကို ပေးဖတ်စေခြင်းအားဖြင့် အားကျအတုယူခြင်းများဖြစ်အောင်လုပ်ဆောင်ပေးရပါမည်။
• မိဘအများစုအနေဖြင့် ကလေးငယ်များအား အရွယ်ရောက်လာလျှင် ဘာဖြစ်ချင်လဲ ဟုမေးလေ့ရှိကြပါသည်။ ၎င်းမေးခွန်းအစား ကလေးငယ်များ မည်သည့်အရာကို ပြုလုပ်ရန်စိတ်ဝင်စားသလဲ ? စိတ်အားထက်သန်မှုရှိသလဲ ? စသည်ဖြင့်မေးမြန်းခြင်း၊ စောင့်ကြည့်ခြင်းများပြုလုပ်ပြီး ပြုစုပျိုးထောင်ပေးသင့်ပါသည်။ မိဘများမှ မိမိကလေးများ အမှန်တစ်ကယ်စိတ်ဝင်စားသည့်အရာကိုပြုလုပ်စေပြီး အောင်မြင်စေရန်နှင့် ဘ၀ပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်ပေးသင့်ပါသည်။
***********************************
နောက်ဆုံးအနေဖြင့် ကလေးငယ်များအား အောက်ပါမေးခွန်းများကို စဉ်းစားစေရပါမည်။
• အောင်မြင်ကျော်ကြားသူတွေဟာ ဘယ်လိုအရည်အချင်းများကြောင့် အောင်မြင်ရသလဲ ?
• ကလေးငယ်တစ်ယောက်၏ စိတ်ပါဝင်စားမှုဟာ နောင်အလုပ်အကိုင် အပေါ်အကျိုးသက်ရောက်မှု ဘယ်လောက်ရှိသလဲ ?
• အောင်မြင်ဖို့ အတွက် ဘယ်လို Training တွေ ကျောင်းတွေတက်ရန် လိုမလဲ ?
• လစာဝင်ငွေအပြင် နေ့ စဉ်တစ်ခြားဘာလုပ်ရန် စိတ်ဝင်စားသလဲ?
ဤ Post အား Share လုပ်ခြင်းဖြင့် သင့်သူငယ်ချင်းများ နှင့် မိတ်ဆွေများကို ဗဟုသုတမျှဝေပေးပါ။
CB Bank ( Co-operative Bank Ltd. )

facebook သို့ သွားရန်နှိပ်ပါ 

0 comments:

Post a Comment