Monday, January 30, 2017

မိန်းကလေးများ သတိပြုစရာ (အ) ငါးဖြာ

မိန်းကလေးများ သတိပြုစရာ (အ) ငါးဖြာ
═══════════════════════
တက္ကသိုလ်ကျောင်းကြီးကို တက်ရောက်နေသည့် ညီမငယ်များအတွက် အထူး သတိထားရမည့် (အ) ၅-လုံး
ပထမ (အ)တစ်လုံးက အ၀တ်အစား =
အ၀တ်အစားကို လွတ်လပ်ပေါ့ပါးတာကိုပဲ ကြိုက်တယ်ဆိုပြီး ပါးပါးလျလျ တိုတိုဟိုက်ဟိုက် မပေါ့တပေါ် အ၀တ်အစားမျိုးကို မ၀တ်စေချင်ပါ။ မိန်းကလေးတစ်ယောက်ရဲ့ ဣနြေ္ဒတန်ဖိုးကို အ၀တ်အစားက အဓိက အဆုံးအဖြတ်ပေးပါတယ်။ ဥပမာ = ပါးပါးလျလျ တိုတိုဟိုက်ဟိုက် အ၀တ်အစား ၀တ်ဆင်ထားတဲ့ မိန်းကလေးဆိုရင် ယောကျာ်းလေးတိုင်းလိုလိုက ပိုပြီး စ,နောက် ပြောင်တတ်ပါတယ်၊ အနှောင့်အယှက် ပေးတတ်ပါတယ်၊ အဲဒါကို ဘေးက တွေ့တဲ့သူတွေကလည်း မတားမြစ်တဲ့အပြင် အားပေးအားမြှောက်ပြုတတ်ပါတယ်။ ဒါကြောင့် လုံလုံခြုံခြုံ လှလှပပ အ၀တ်အစားမျိုးကိုသာ ၀တ်ဆင်စေချင်ပါတယ် ညီမငယ်တို့ရေ ....

ဒုတိယ (အ) တစ်လုံးက အင်တာနက် =
အင်တာနက် facebook နဲ့ viber စတာတွေကို အထူး သတိထားပြီး အသုံးပြုပါ။ ကိုယ်နဲ့ မသိတဲ့သူတွေကို လက်မခံမိပါစေနဲ့၊ အပြင်မှာမတွေ့ဖူးပဲနဲ့ အင်တာနက်ကနေ ရည်းစားစကား ပြောလာရင်လည်း ဘယ်တော့မှ မယုံမိပါစေနဲ့၊ အခွင့်အရေးရရင် ယူမယ့်သူတွေ မကောင်းတဲ့သူတွေက အမြဲ ချောင်းနေတယ်ဆိုတာ သိထားစေချင်ပါတယ်။ ဒါကြောင့် အင်တာနက်ကိုလည်း သတိထားပြီး အကျိုးရှိရှိ အသုံးပြုစေချင်ပါတယ် ညီမငယ်တို့ရေ .....
တတိယ (အ) တစ်လုံးက = အပေါင်းအသင်း
အပေါင်းအသင်းကိုလည်း သတိထားပြီး ပေါင်းသင်းဆက်ဆံသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပေါင်းအသင်း သူငယ်ချင်းတွေက မကောင်းတာတွေ လုပ်ဖို့ ပြောဆိုတိုက်တွန်းရင် ပါသွားတတ်လို့ပါ။ ဒီနေ့ခေတ် လူငယ်တွေကြားမှာ မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် ရည်းစားများများ ထားခြင်းတို့ဟာ ခေတ်စားနေပါတယ်။၊ သူငယ်ချင်းတွေကြားမှာ ချစ်သူရည်းစား မရှိရင်၊ မထားဖူးရင် ခေတ်မမီတော့သလိုလို တုံး,အ,သလိုလို အတွေးမျိုးတွေ ဖြစ်နေကြလို့ပါ။ ချစ်သူရည်းစား ထားဖြစ်ရင်လည်း ကိုယ့်ချစ်သူရဲ့ အလိုဆန္ဒကို မလိုက်လျောမိပါစေနဲ့၊ မိမိဘ၀ကို တန်ဖိုးထားစေချင်ပါတယ်။ ဒါကြောင့် အပေါင်းအသင်း သူငယ်ချင်းတွေကို သတိထားပြီး ပေါင်းသင်းဆက်ဆံပါ ညီမငယ်တို့ရေ .....
စတုတ္ထ (အ) တစ်လုံးက = အပျော်အပါး
ပညာသင်ချိန်မှာ ပညာကိုသာ ကြိုးစားသင်ယူပါ၊ အပျော်အပါး သိပ်မမက်ပါနဲ့၊ အပျော်အပါးကြောင့် လမ်းမှား ရောက်သွားတတ်လို့ပါ။ အသက်အန္တရာယ်ကိုလည်း ထိခိုက်စေတတ်လို့ပါ။ ဒါကြောင့် အပျော်အပါးကိုလည်း အလွန်အကျွံ မဖြစ်စေပါစေနဲ့ ညီမငယ်တို့ရေ .....
ပဉ္စမ (အ) တစ်လုံးက = အပျင်းမကြီးနဲ့
အပျင်းက လူကို ဖျင်းအ,စေတတ်ပါတယ်။ ဘ၀တိုးတက်ရေးကို ထိခိုက်စေတတ်ပါတယ်။ ဒါကြောင့် အပျင်းမကြီးပါနဲ့ ညီမငယ်တို့ရေ ....
မိဘများကိုယ်စား စေတနာဖြင့် ---
ဓမ္မစကူးလ်သင်တန်းမှူး အရှင်
Photo>> cd
═══════════════════════
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
Credit : အရှင် သုမင်္ဂလ
ပြန်လည်မျှဝေပေးပါသည် >>

facebook သို့ သွားရန်နှိပါပါ 

0 comments:

Post a Comment