Tuesday, January 31, 2017

'အပြစ်တွေသာ မြင်နေသလား *

'အပြစ်တွေသာ မြင်နေသလား *
----------------------------
တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား အဘိုးအိုလင်မယား နှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက အသုံးမလိုတော့တဲ့ မြင်းကိုရောင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒီလိုနဲ့ အဘိုးအိုက မြို့တက်ရောင်းဖို့ထွက်လာခဲ့တယ်။
ဈေးရောက်တော့ နွားပိုင်ရှင် တစ်ယောက်နဲ့တွေ့ကာ
မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။
ခဏနေတော့ ဆိတ်ပိုင်ရှင်တစ်ယောက်နှင့်တွေ့ကာ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။
ဆိတ်ကို ငန်းနဲ့
ငန်းကိုကြက်နဲ့
ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။
အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။
အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းမှာနားနေတုန်း လူစိမ်းနှစ်ယောက်နဲ့ ဆုံခဲ့တယ်။
မိတ်ဆွေဖွဲ့ကြရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ လူစိမ်းတွေက အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။
အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့ အပြစ်တင်ခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အပြစ်တင်ခံရမှာ မဟုတ်ကြောင်း ငြင်းတယ်။
ဒါနဲ့ လူစိမ်းနှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။
ဒီလိုနဲ့ ၃ယောက်သား အဘိုးအိုအိမ်ကိုရောက်လာခဲ့ကြတယ်။
အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။
ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။
"တို့မြင်းလေးကို နွားတစ်ကောင်ခဲ့ လဲလိုက်တယ်ကွ"လို့ အဘိုးအိုကပြောတော့
အဖွားအိုက
"ဟာ... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"တဲ့
"နွားကိုလည်းဆိတ်နဲ့ လဲလိုက်တယ် ရှင်မရေ"
"အင်း... ဆိတ်နို့လည်း မဆိုးပါဘူးတော်"
"ဆိတ်ကိုလည်း ငန်းလှလှလေးတစ်ကောင်နဲ့ လဲလိုက်တယ်ကွာ"
"အော်... ငန်းမွေးတွေက သိပ်လှတာ"
ကြက်နဲ့လဲလိုက်တဲ့အကြောင်းပြောတော့လဲ
"အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့"လို့ပြောတယ်။
နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့ အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ
"အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ် လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြုံးပြီးကြည့်နေတော့တယ်။
နောက်ဆုံးတော့လူစိမ်းနှစ်ယောက် ပါသမျှငွေတွေ ပေးခဲ့လိုက်ရသတဲ့။
*-*-*-*-*-*-*-*-*-*-*-*-*
ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။
အဖွားအိုလောက်ခွင့်လွှတ်တတ်ပြီး အကောင်းမြင်တတ်သူဆိုတာလည်း မရှိနိုင်ပါဘူး။ တင်စားပြီး ရေးခြင်းသာဖြစ်တယ်။
ဆိုလိုချင်တာကတော့ တစ်ယောက်ကတစ်ယောက်ရဲ့ အပြုအမူတွေကိုအပြစ်မမြင်ပဲ ခွင့်လွတ်နားလည်ပေးပြီး အကောင်းမြင်တတ်ကြစေဖို့ ဆိုလိုချင်တာဖြစ်ပါတယ်။
လူရယ်လို့ဖြစ်လာရင် အမှားနဲ့ကင်းတဲ့သူရယ်လိုမရှိပါဘူး။
ဇနီးမောင်နံအချင်းချင်း
ချစ်သူသမီးရည်းစားအချင်းချင်း
မိတ်ဆွေ၊အပေါင်းအသင်းအချင်းချင်း
လုပ်ဖော်ကိုင်ဖက် အချင်းချင်း စသဖြင့် အချင်းချင်းအတူတကွ နေထိုင်တာ ကြာလာလျှင် လျှာနဲ့ သွားကဲ့သို့ လိုပါ ပဲ အခန့်မသင့်ရင် အဆင်မပြေမှု့လေးတွေ ပြသနာလေးတွေ ရှိတတ်ကြတယ်။
ဒီလိုဖြစ်လာပြီဆို တစ်ယောက်အပေါ်တစ်ယောက် ပြသနာဖြစ်စဉ် အချိန်ကာလတိုလေးအတွင်းက အပြစ်တွေသာမြင်နေတတ်ကြတယ်။
အဆင်ပြေနေချိန်က ကောင်းကွက်လေးတွေကို မေ့နေတတ်ကြပါတယ်။တွေးမပေးတတ်ကြဘူး။ မစဉ်းစားမိတတ်ကြဘူး။
ဒီလို အချိန်မှာ တဖက်သားအပေါ် ကောင်းကွက်လေးတွေ မျှတစွာ စဉ်းစားတွေးတောတတ်ပေးမယ်ဆို နှစ်လိုဖွယ်ကောင်းတဲ့ ရလဒ်တွေပိုင်ဆိုင် ရမှာပါပဲ။
လူတစ်ယောက်အပေါ် သည်းခံခွင့်လွှတ်ပြီး အကောင်းမြင့်တဲ့ စိတ်နဲ့သာ ကြည့် ကြည့်ပါ အရာရာဟာ လှပနေပါလိမ့်မယ်။
မိမိစိတ်ဟာလည်း အစဉ်အေးချမ်းနေပါလိမ့်မယ်

* လူအားလုံး အမှားနဲ့မကင်း သလို ကိုယ်ကိုတိုင်လည်း မှားတတ်တယ် ဆိုတာ သတိပြုမိရင် ကိုယ်ချင်းစာတရားတွေ ရောယှက် လာပါလိမ့်မယ် *
ခွင့်လွှတ်တတ်လာလိမ့်မယ်။
အကောင်းမြင်တတ်လာလိမ့်မယ်။'
အရှင်စန္ဒာဝရ(တောင်တွင်းကြီး)
facebook သို့ သွားရန်နှိပ်ပါ

0 comments:

Post a Comment