Saturday, January 28, 2017

အတိတ်အကြောင်း ပြောပါဆိုရင်

အတိတ်အကြောင်း ပြောပါဆိုရင်
အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကံဆိုပြီး
အကြောင်းတရား ငါးပါး ရှိပါတယ်
ငါးပါးအနက်မှာ အဝိဇ္ဇာက ခေါင်းဆောင်ပြီး...
ခိုင်းသမျှ လုပ်ရတာက သင်္ခါရပါ ။

ပြုပြင်တာမှန်သမျှ သင်္ခါရပါပဲ
စေတနာလို့ ခေါ်မယ်ဆို ခေါ်နိုင်ပါရဲ့။
ဘာတွေကို ပြုပြင်ခဲ့သလည်းဆိုရင်
ကံသုံးမျိုးကနေ တစ်မျိုးမျိုးနဲ့
လူ နတ်ဗြဟ္မာ အပါယ်ဘုံသား အလွှာအစါးစါးဖြစ်အောင်
ပြုပြင်စီရင်တာဟာ သင်္ခါရရဲ့ လက်ချက်လို့ မှတ်ရပါမယ်
အခုပစ္စုပ္ပန် မိမိတို့ လူ့ဘဝ ရတာဟာလည်း
အတိတ်က ပြုမူခဲ့ရာ သင်္ခါရရဲ့ စီရင်ပြုပြင်မှုများပါပဲ
သင်္ခါရကို သစ္စာအားဖြင့် သမုဒယသစ္စာဖြစ်သလို
ဝဋ်အားဖြင့် ကမ္မဝဋ်အမျိုးအစါး ဖြစ်ပါတယ်
ဤသို့အားဖြင့်
အတိတ်ကာလ မသိမှုအဝိဇ္ဇာဦးစီးပြီး
သင်္ခါရတွေ လုပ်ခဲ့လို့ ယခုဘဝ
သုဂတိ ဒုက္ခတိ ခန္ဓာ အစါးစါး ရနေကြသလို
ယခုဘဝမှာလည်း သစ္စာမှ မသိကြသေးရင်
တဏှာဦးစီးမှုကြောင့် ဥပါဒါန် ဖြစ်
ဥပါဒါန်ကြောင့် ကမ္မဘဝဖြစ်
ကံကြောင့် အနာဂတ် နာမ်ရုပ်တွေ ဆက်လက်
ဖြစ်တည်နေရဦးမှာ ဖြစ်ပါတယ် ။
အတိတ်သင်္ခါရကြောင့်
ပစ္စုပ္ပန် ခန္ဓာငါးပါးဖြစ်
ပစ္စုပ္ပန်ခန္ဓာငါးပါးဒုက္ခသစ္စာမှ ပစ္စုပ္ပန်သမုဒယ
တဏှာဥပါဒါန်ကံတွေ ဆက်လက်ဆောင်ရွက်မှုကြောင့်
ကံ ကြောင့် နာမ်ရုပ်l နာမ်ရုပ်ကြောင့် ကံ အဖန်ဖန်
ဖြစ်ပြန်နည်းအလျော်ဆိုသလို
ရုပ်ဖြစ်လိုက် နာမ်ဖြစ်လိုက်
သင်္ခါရတွေနဲ့ ပြုပြင်လိုက်
အကျိုးခန္ဓာတွေ ပြန်ရလိုက်နဲ့ ကရွတ်ပေါ်ကင်းလျောက်
အဖန်ဖန်ဖြစ်တည်နေရမှုကိုပင်
သံသရာလည်သည်ဟု သုံးနှုံးနေကြတာ ဖြစ်ပါတော့တယ် ။
မိမိသံသရာစခန်းကို
မိမိ အားထုတ်ဆဲ ဝိပဿနာဉာဏ်ဖြင့်
အပြီးအပြတ် ပယ်သတ်နိုင်ကြပါစေ ။

facebook သို့ သွားရန်နှိပ်ပါ 

0 comments:

Post a Comment