Saturday, January 28, 2017

စိတ်..စိတ်အတိုင်း ထားမရ

စိတ်..စိတ်အတိုင်း ထားမရ

မဂ်လေးပါးတရားတော် အပိုင်း 23
""""""""""""""""""""""""""""""""""""""""""""
တချို့က..စိတ်..စိတ်အတိုင်းထားလို့ ပြော
ကြတယ်။ စိတ်..စိတ်အတိုင်း ထားမရဘူး။
မိန်းမမြင်..မိန်းမညွှတ်..ယောက်ျားမြင်..ယောက်ျားညွှတ်..အမှုန်မြင်..အမှုန်ကိုညွှတ်တယ်။
စိတ်..စိတ်အတိုင်း ထားလို့ရအောင်ဟာ
ဘာကိုမှ မြင်စရာ..ညွှတ်စရာ မရှိအောင်
ကျင့်မှ ရမယ်။ မကျင့်ရင်တော့ မရပါဘူး။
မျက်စိပေါက်ကနေပြီး..စိတ်ကလေးဟာ
မိန်းမမြင် မိန်းမကိုညွှတ်တယ်။ ယောက်ျားမြင် ယောက်ျားကိုညွှတ်တယ်။
ခံစားစရာရှိတော့..ခံစားတယ်။ဒါကြောင့်မို့
မျက်စိပေါက်ကနေပြီးတော့..#စိတ္တသင်္ခါရ တွေ ဖြစ်တယ်။ ပဋိစ္စသမုပ္ပာဒ် လည်တယ်။
လည်တော့..အပါယ်လေးပါး လေးဘက်ထောက်ပြီး ယက်ဆင်းကုန်ကြတယ်။
မြင်ကို..မမြင်မှ မညွှတ်တော့မှာ။ မညွှတ်တော့မှ မခံစားတော့မှာ။အဲဒီတော့မှ
#စိတ်ကိုစိတ်အတိုင်းထားလို့ရမှာ..မကျင့်ဘဲနဲ့ကတော့ စိတ်..စိတ်အတိုင်း ထားလို့ မရပါဘူး။
သောတာပန်။ ။သောတာပန်ကြီးဟာဖြင့်
သောတာပန်ဖြစ်အောင်
ရုပ်ကြမ်း.နာမ်ကြမ်းကို ရှုတယ်။ ရုပ်ကြမ်းရဲ့
ပြောင်းလဲ ဖောက်ပြန်တဲ့သဘော...၊ နာမ်ကြမ်းရဲ့..ခံစားတဲ့သဘောကို ရှုတယ်။
ရှုတော့..အာရုံခြောက်ပါး တံခါးခြောက်ပေါက်မှာ #ခံစားတဲ့သဘော
တစ်ခုကိုပဲ တရစပ် သိမြင်နေတယ်။
သကဒါဂါမ်ကြီး..
ကတော့..ရုပ်လတ်..နာမ်လတ်ကို
ရှုတယ်၊ သုဘအမြင်ကို အသုဘအမြင်ဖြစ်အောင် ရှုပွားတယ်။သုခဝေဒနာကို ဒုက္ခဝေဒနာဖြစ်
အောင် ရှုပွားတယ်။ အာရုံခြောက်ပါး တံခါးခြောက်ပေါက်ဟာဖြင့် အားလုံ့း ဒုက္ခဝေဒနာတွေချည်း ဖြစ်နေတယ်။
အနာဂါမ်..
အနာဂါမ်ကြီးကတော့...အနာဂါမ်
ဖြစ်အောင်ဟာ..အစကနဦးမှာ ရုပ်လတ်.နာမ်လတ်ကိုပဲ ရှုပွားရတယ်။
သကဒါဂါမ်ပုဂ္ဂိုလ် တရစပ်မြင်နေတဲ့ အသုဘကြီးကိုအမှုန်တွေ ဖြစ်သွားအောင် ရှုပွားတယ်။ ဒီလို ရှုပွားတဲ့အခါ..အသုဘကြီး
မြင်နေလို့ ဒုက္ခဝေဒနာ ဖြစ်နေရာက..အမှုန်
တွေဖြစ်သွားတဲ့အခါ #ဥပေက္ခာဝေဒနာ ဖြစ်
သွားတယ်။အမှုန်တွေမြင်ပြီး..အမှုန်တွေကို
ခံစားနေတာဟာ...
😃ဥပေက္ခာ ဝေဒနာပေါ့😃
စိတ္တသတိပဋ္ဌာန်​။ ။ အဲဒီအနာဂါမ်ကြီးဟာ
အရဟတ္တမဂ်ဉာဏ်ကို ကူးဖို့အတွက် အစကနဦးမှာ..အမှုန်ကလေးတွေကိုဘဲ ရှုပွားနေရတယ်။အဲဒီလို ပထမနှစ်ဆင့်မှာ
ရုပ်ကြမ်း.နာမ်ကြမ်း..ရုပ်လတ်.နာမ်လတ်ကို
အထပ်ထပ် ရှုပွားရာက ဉာဏ်တွေ အဆင့်ဆင့် မြင့်တက်လာတဲ့အတွက်..
အနာဂါမ်ကြီးဖြစ်ချိန်၌ ရုပ်နု..နာမ်နုကို..
ရှုပွားနေတဲ့ ဝိပဿ နာ ပညာ၏ အထွတ်အထိပ်ကို ရောက်နေပြီ။အဲဒီလို..
ရုပ်နု..နာမ်နုကို ရှုပွားတာကိုမှ စိတ္တသတိပဋ္ဌာန်.စိတ္တနုပဿ နာလို့ ခေါ်တယ်။
#စိတ္တနုပဿ နာကို...ဘယ်လို ရှုသလဲဆိုတော့ မျက်စိတစ်မှိတ်.လျှပ်စစ်တပြက်.လက်ဖြစ်
တစ်တွက်မှာ ဖြစ်ပျက်နေတဲ့ အဆင်းရုပ်ကလာပ်အမှုန်ကလေးတွေဟာဖြင့်..မြင်တာက ရူပက္ခန္ဓာ. ခံစားလိုက်တာက
ဝေဒနက္ခန္ဓာ. အဆင်းရုပ်ကလာပ်မှုန်ကလေးရယ်လို့ သညာပေးလိုက်တာက သညက္ခန္ဓာ. စိတ်ကလေးကို ပြုပြင်ပြောင်းလဲပေးနေတာက သင်္ခါရက္ခန္ဓာ
အသိစိတ်ကလေးကတော့ သိပြီး ပျက်ပါလား။ခန္ဓာငါးပါးဖြစ်တယ်။ခန္ဓာငါးပါးချုပ်တယ်။တဖန် ဒီလိုဖြစ်နေတာဟာ..အနိစ္စ.
ဒုက္ခ အနတ္တ လို့ လက္ခဏ ရေးသုံးပါးကို ရှု
ပွားပြန်တယ်။
ရုပ်နု..နာမ်နုကလေးပေါ်မှာ အနုသယကိလေသာတွေ ပြတ်ပြီး ရုပ်နာမ်
နှစ်ပါးတွဲပြီး ချုပ်ပါမှ ဟိုမှာဘက်ကမ်းကို ကူး
နှိုင်မှာ။
ဒီလို ခန္ဓာငါးပါး ရှုလိုက်.လက္ခဏာရေးသုံးပါး ရှုလိုက်နဲ့ ကျင့်ကြံအားထုတ်နေပေမယ့်..သုံးဆယ့်တစ်ဘုံက လွတ်သေးသလား..ကျွတ်သေးသလားဆိုတော့ မလွတ်သေး မကျွတ်သေးဘူး။
ဒီလို..အာရုံကြောင့် ဖြစ်ပျက်နေတဲ့ ဥပါဒါန်
ရုပ်နုနာမ်နုကလေးတွေကို ရှုပွားလို့ မလွတ်တော့ တဖန် အတွင်းအာယတနကို
ပြန်ပြီး ရှုရပြန်တယ်။
ဘယ်လိုရှုသလဲတဲ့...မြင်ချင်တယ်ဆိုတဲ့
စိတ်ကလေး ရှိသေးသလား။ကြားချင်..နမ်းချင်..စားချင်..ထိချင်..သိချင်..အိပ်ချင်..တယ်ဆိုတဲ့ စိတ်ကလေးတွေ ရှိသေးသလား..အဲဒီလို
မရှိတဲ့စိတ်တွေ ပေါ်မလားဆိုပြီး ရှုပွားတာက. #အနုသယကိလေသာကိုသတ်တာ
ဒီလို ရှုပွားတော့ကော 31ဘုံက လွတ်သေးသလားတဲ့ မလွတ်သေးဘူး။
ဒီတော့..တစ်ခါ ရုပ်နုနာမ်နုကလေးကို
လက္ခဏာရေးသုံးပါး တင်ပြီး ရှုရပြန်တယ်။
ဘယ်လိုရှုသလဲတဲ့...အော်..ဒီရုပ်မှုန်ကလေးတွေကို မမြင်ချင်လဲဘဲ မနေရ။ဖြစ်လိုက် ပျက်လိုက် ဖြစ်ပျက်နေတာဟာ အနိစ္စ ၊မမြင်ချင်.မခံစားချင်ဘဲ မြင်နေရ ခံစားနေရ
တာဟာ..သူ့သဘော၊အနတ္တသဘောတွေပါလား။
ဒီလို ရှုတော့ကော..လွတ်သေးသလားတဲ့
မလွတ်သေးဘူး။
🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜

 facebook သို့ သွားရန်နှိပ်ပါ

0 comments:

Post a Comment