Saturday, January 28, 2017

အစွဲ လွတ် ၍ ချမ်းသာခြင်း ဆီသို

.
*** အစွဲ လွတ် ၍ ချမ်းသာခြင်း ဆီသို့ ***
* ကိလေသာ အားပေး
သွေး သည်းခြေ လေ သလိပ် တို့ကို ...
အဆိုး မှ အကောင်း သို့
" တရားဓမ္မ အား " ဖြင့် ပြောင်းယူလို့ ရပါတယ် ။

- ကိုယ် ကောင်းစားရေး သာ လုပ်နေတဲ့
ရာဂ သွေး ကို
အများ ကောင်းစားရေး ယုံကြည်တဲ့
သဒ္ဓါ သွေး သို့
ပြောင်း ပေးနိုင်ပါတယ် ။
- သူများ အပြစ် ကြည့်တဲ့
ဒေါသ စရိုက်ကို
ကိုယ့် အပြစ် ကိုယ် မြင်တဲ့
ပညာ စရိုက် သို့
ဦးတည် ပေးနိုင်ပါတယ် ။
- ပြန့်ကြဲ နေတဲ့
မောဟ နေရာမှာ
တစ်ခုတည်း စုစည်း မိအောင် ကြံဆောင်တဲ့
ဝိတက် နဲ့
အစားထိုး နိုင်ပါတယ်။
* အဲဒီလို
အဆိုး မှ အကောင်း ပြောင်းချင်ရင်
သွေး နဲ့ လေ အတိုး မကြမ်း အောင်
နှိပ်ကွပ် ပေးရပါတယ် ။
ဝင်လေ ထွက်လေ
အသိ အမှတ် ကျေးဇူးကြောင့်
သည်းခြေလည်း အေးလာပါတယ် ။
သလိပ် တွေ ခဲ နေရာက ပျော်သွက် လာတယ် ။
နှလုံးသွေး ကြည် လာပြီး
စိတ်မှန် အာရုံမှန် ကို ရှေ့ရှု လာစေတယ် ။
* စိတ် တည်ငြိမ် ပြီး
သမာဓိ အားကောင်း လာတဲ့အခါ
ဝိပဿနာ ဉာဏ် အဆင့်ဆင့် ရင့်သန်လာပြီး
ငါစွဲ သူစွဲ ဘဝစွဲ တွေက
လွတ်မြောက် ချမ်းသာရာ ရပါလိမ့်မယ် ။
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး
See More

0 comments:

Post a Comment