Monday, April 8, 2019

မိန်းမတော့မိန်းမပဲ ဒါပေမယ့် မိန်းမတစ်ယောက်ရဲ့ အရှက်သိက္ခာကို အသက်ထက် တန်ဖိုးထားတဲ့ မိန်းမ …!!!

မိန်းမတော့မိန်းမပဲ ဒါပေမယ့် မိန်းမတစ်ယောက်ရဲ့ အရှက်သိက္ခာကို အသက်ထက် တန်ဖိုးထားတဲ့ မိန်းမ …!!!
မိန်းမတော့မိန်းမပဲ
ပတ်ဝန်းကျင်ရဲ့ ပြောစကားတွေထဲ
လိုက်ခံစားနေမဲ့ မိန်းမ မဟုတ်ဘူး
ကိုယ့်အလုပ်ကိုယ်
ကိုယ့်ထမင်းကိုယ်စားပြီး
ဘဝကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်မဲ့
ကိုယ့်ဘဝကို ကိုယ်သိတဲ့ မိန်းမ …
မိန်းမတော့ မိန်းမပဲ
ကိုယ့်ဘဝကောင်းစားဖို့ အတွက်
သူများဘဝတွေကို အလဲထပ်လုပ်စားမဲ့
မိန်းမတော့ မိန်းမပဲ
ကိုယ့်မှာရှိသလောက် အစွမ်းနဲ့ 
ဘဝဆိုတဲ့ လှေကားထစ်ကို တဆင့်ခြင်း
တည်ဆောက်မဲ့ မိန်းမ …
မိန်းမတော့ မိန်းမပဲ
လူတွေကြားထဲလှလှပပဝတ်စား
ဇိမ်ကျကျနေ မော်ကြွားပြနိုင်ဖို့ 
ငွေဆိုတဲ့အရာနဲ့ 
အရှက်သိက္ခာလဲစားမဲ့ မိန်းမ မဟုတ်ဘူး
ကိုယ့်မှာရှိတဲ့ အားအင်နဲ့ လိုခြင်တဲ့ဘဝတစ်ခုကို
အရိုးသားဆုံးယူလိုက်မဲ့
မိန်းမတစ်ယောက်ရဲ့ အရှက်သိက္ခာကို
အသက်ထက် တန်ဖိုးထားတဲ့ မိန်းမ …
မိန်းမတော့ မိန်းမပဲ
ယောက်ျားတစ်ယောက်ရဲ့ ကျော့ကွင်းထဲ
သာယာပြီး ဘဝတစ်ခုလုံးကို
ပုံအပ်ပစ်လိုက်မဲ့ မိန်းမ မဟုတ်ဘူး
ကိုယ့်မှာရှိတဲ့ မေတ္တာတရား နဲ့ ထိုက်တန်သူ
သစ္စာရှိပြီး စာနာတတ်တဲ့ ယောက်ျားကိုသာ
ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မဲ့
အဆိုးအကောင်း ရွေးချယ်တတ်တဲ့ မိန်းမ …
ကိုယ်ဟာ သိပ်တော်ပြီး ထက်မြက်နေတဲ့
မိန်းမတော့ မဟုတ်ဘူး
အားနွဲ့ တဲ့မိန်းကလေးတစ်ယောက်
ဒါပေမဲ့ ကိုယ့်ဘဝကို အကောင်းဖြစ်ဖို့ 
အရိုးသားဆုံးနဲ့  အဖြူစင်ဆုံးတည်ဆောက်မဲ့
မိန်းကလေးတစ်ယောက်ပါ ………
ဒီနေ့ ခေတ်ကြီးထဲမှာ မိန်းမပေါတယ်
အသိတရားရှိတာခြင်း ကွာခြားတယ်
ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်တဲ့သူရှားတယ်
မိန်းမဆိုရင် အားလုံးကြုံးမြင်တတ်တဲ့
လူတွေကြောင့် မိန်းမတွေ ဈေးပေါနေပြီ …!!!
ကိုယ်ဟာမိန်းကလေးပါလားဆိုတဲ့ အသိရှိရမယ်
အချစ်ဆိုတာ ခန္ဓာကိုယ်နဲ့ ပဲ ဆိုင်တော့တယ်လို့ 
သတ်မှတ်ခံနေရတဲ့ ခေတ်ကြီးထဲမှာ
မိန်းကလေးတွေ သတိပြုရမှာ
” ငါ့ အမေက ကိုးလလွယ်ပြီး ဆယ်လကြာထိ
ဆင်းရဲဒုက္ခခံမွေဖွားခဲ့တာ ” တန်ဖိုးမဲ့သူ ဖြစ်သင့်လား !
” ငါ့ အဖေက ဒီအရွယ်ထိ လူဖြစ်အောင်
ကျွေးမွေးခဲ့တာ အလွယ်ကြိုက်သူ ” အဖြင့်
တန်ဖိုးမဲ့တဲ့ မိန်းမဖြစ်သင့်လား ! တွေးကြပါ …!!!
“” လူတစ်ယောက်ဟာ ကိုယ့်တန်ဖိုးကို
ကိုယ်တိုင်သာမြှင့်တင်နိုင်တာ ဖြစ်သလို
ကိုယ့်တန်ဖိုးကိုလည်း ကိုယ်တိုင်သာချမှ ရတာပါ “”
Credit to ကြယ်​လင်းခန့်

0 comments:

Post a Comment