This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label facebookဆိုင်ရာ. Show all posts
Showing posts with label facebookဆိုင်ရာ. Show all posts

Thursday, August 24, 2017

facebookအကောင့်အများကြီးသုံးချင်သူများအတွက်

မင်္ဂလာပါခင်ဗျာ


ဒီနေ့ တော့ကျွန်တော်ရဲ့ ဘော်ဒါသူငယ်ချင်းများထဲမှfacebookအကောင့်အများကြီးကိုapkတစ်ခုတည်းမှာသုံးချင်သူများအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ...

RAR file download

ဒေါင်းရန်နှိပ်ပါ-download

Sunday, July 31, 2016

 ဒီApplication ​လေးက အရမ်း​ကောင်းပါတယ်​။ ​Facebook မှာ Video တင်​လို့မရတဲ့ မန်​ဘာ​တွေ​အတွက်​ ဒီ apk နဲ့ တင်​နိုင်​ပါတယ်​။

Video ​တွေပါ​ဒေါင်းချင်​တဲ့ မန်​ဘာများ အတွက်​.ပါ..အဆင်​​ပြေပါတယ်​။ ​Facebook ထဲက Logo ကာလာ ကိုလည်းစိတ်​ကြိုတ်​ပြော​​င်းသုံးနိုင်​တယ်​။

မိမိ Like လုပ်​ထားတဲ့ Pages ​တွေ ရဲ့ Post ​တွေကိုလည်း New Free မှာ အကုန်​လုံး​ပေါ်​စေပါတယ်​။

မိမိ Facebook ကို ပို့လာတဲ့ Comment. ​တွေMessages ​တွေ Viber မှာလို ဖုန်းရဲ့ Screen မှာ အချက်​ပေးပြီးလါ​ပ်ါပါလိမ့်​မယ်​။

အရမ်း​ကောင်းပါတယ်​။ဖေ့စ်​ဘုတ်​ Account ​တွေကို ၇ခု .၈ခုထိ သုံးနိုင်​ တယ်​ Video တင်​နိုင်​တယ်​ post ​တွေနဲ Link ​တွေတင်​နိုင်​တယ်​.Video ​ဒေါင်းလို့ရတယ်​။

Android Version.2.3 အထက်
7 MB ရှိပါတယ်

အလိုရှိပါကအောက်မှာဒေါင်းနိုင်ပါတယ်...

facebook သို့ 

Download


Thursday, July 30, 2015

ဖေ့ဘွတ် မှာ gif ဖောမတ် နဲ့  လှုပ်ရှားနေတဲ့ ပုံ တင်နည်း

ဖေ့ဘွတ်ကို Gif ပုံတွေတင်တာ နည်းလမ်းများစွာ ရှိမှာပါ။ ကျွန်တော်သိတဲ့ နည်းလမ်းလေးကို ပြောပြမှာဖြစ်ပါတယ်။

ပထမဦးဆုံး ဒီလင့်လေးကို သွားလိုက်ပါ။

 မိမိဖေ့ဘွတ်အကောက် နှင့် Log in ဝင်လိုက်ပါ။
အောက်ကပုံက Login ကို နှိပ်ပြီးသွားရင် တွေ့ ရမဲ့ပုံပါ။မိမိဖေ့ဘွတ်မှာ အသုံးပြုသော အီးမေးလ် နှင့် ပက်စ်ဝက် ကို ရိုက်ထည့်ပြီး Log In ဝင်လိုက်ပါ။

UPLOAD ANIMATED GIF ဟူသော စာသား(Buttom) လေးကို ကလစ်ပြီး မိမိကွန်ပျူတာထဲရှိ Gif ပုံကိုရွေးပြီး Upload တင်ပေးပါ။

ကွန်ပျူတာ ထဲမှာရှိတဲ့ Gif ဖောမတ်နဲ့  လှုပ်ရှားနေတဲ့ ပုံလေးကို ရွေးပြီး Open ကို နှိပ်ပါ။

DOWNLOAD AND CONVERT...ဟူပြီး ပုံကို Upload လုပ်နေပါလိမ့်မည်။

Upload တင်တာပြီးသွားရင် မိမိ Upload တင်တဲ့ ပုံလေး ပေါ်လာပါလိမ့်မည်။ အပေါ်ရှိ PUBLISH TO FACEBOOK ကိုနှိပ်လိုက်ပါ။

Loading....ခဏလုပ်နေပါလိမ့်မည်။

Poste an deine Pinnwand ဟူပြီး Box တစ်ခုကျလာပါလိမ့်မည်။ အောက်ခြေရှိ Tellen ကို နှိပ်လိုက်ပါ။

Tellen ကို နှိပ်လိုက်ရင်တော့ မိမိ ဖေ့ဘွတ် Timeline ပေါ်မှာ gif ဖောမတ်နဲ့  လှုပ်နေတဲ့ပုံလေးကို Share လုပ်ပြီးပါပြီ။ Play Buttom လေးကို နှိပ်ပြီး Gif ဖောမတ်နဲ့  ပုံလေးကို ကြည့်နိုင်ပါပြီ။ ဒါဆိုရင်တော့ ဖေ့ဘွတ်စာမျက်နှာပေါ်ကို Gif ဖောမတ်နဲ့ ပုံလေးကို အောင်မြင်စွာ Upload တင်ပြီးပါပြီ။
အဆင်ပြေကြပါစေ။

Saturday, April 25, 2015

facebookကသင့်ကိုမပြောပြမယ့် အချက် (၁၃) ချက်

facebookကသင့်ကိုမပြောပြမယ့် အချက်များ
FACEBOOK က သင့်ကို မပြောပြမယ့် အချက် (၁၃) ချက်
၁။ Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ သိချင်ပါသလား။ Home Menu ထဲက Account Settings ကို ဝင်ပြီး Download a copy of your facebook data ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် Facebook က သင့်အကြောင်း ဘယ်လောက် သိ သလဲ ဆိုတာ ကြည့်နိုင်မှာပါ။
၂။ သင်ကတော့ သင့်ရဲ့ သတင်းထူးတွေနဲ့ ကိုယ်ရေးကိုယ်တာတွေကို တစ်က မာလုံး ကို ပြောချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Facebook ကတော့ သင်တင်သမျှ အကြောင်း အရာတွေကို လူအများ ကြည့်နိုင်တဲ့ Public အနေနဲ့ပဲ Setting မှာ ထားပေးမှာပါ။ သင် များများတင်လေ၊ ပိုကြိုက်လေပေါ့။ လူအတော်များများက Privacy Setting ကို ပြောင်း မှာ မဟုတ်ဘူးလို့ စဉ်းစားပြီးပေါ့။
၃။ သင့်သူငယ်ချင်းတွေ တင်သမျှအားလုံးကို သင်မြင်ရမှာ မဟုတ်သလို သင်တင်သမျှ အရာတိုင်းကိုလည်း သင့်သူငယ်ချင်း လက်တစ်ဆုပ်ကသာ မြင်ရလိမ့်မယ်။ Facebook က အသုံးပြုသူတွေကို အွန်လိုင်းမှာ ကြာကြာ ရှိစေချင်တဲ့အတွက် Like အများကြီး ရ ထားတဲ့၊ အများဆုံး share ထားတဲ့၊ comment အများကြီး ရှိတဲ့ post တွေကို သင်အရင်မြင်ရအောင် အပေါ်ကို ရွှေ့ပေးထားပါတယ်။
၎။ သင် Facebook ထဲကို ဝင်ထားတုန်းဆို ကျွန်တော်တို့က သင် ဘာလုပ်နေသလဲ လိုက်ကြည့်ထားတယ်။ Facebook ရဲ့ Like ဒါမှမဟုတ် Share ခလုတ်ရှိတဲ့ Website တွေကို သင်ဝင်ကြည့်တိုင်း Facebook က မှတ်တမ်းတင် သိမ်းဆည်းထားတယ်။
၅။ သင်တင်တဲ့ post တွေကို Public က ကြည့်လို့ရအောင် လုပ်ထားရင် လူတိုင်းက သင် ဘယ်ရောက်နေသလဲ သိနိုင်ပါတယ်။ မတော်တဆများ သင့်အိမ်ကိုဝင်ဖို့ ချောင်း နေတဲ့ သူခိုးက သင်ခရီးသွားနေတာ သိသွားရင်တော့ …
၆။ ဘွဲ့ရတာတို့၊ စေ့စပ်တာတို့၊ လက်ထပ်တာတို့၊ ကလေးမွေးတာတို့လို သတင်းထူး တွေ တင်ဦးမှာလား။ Facebook က သိပါလိမ့်မယ်။ သိရုံတင် မဟုတ်ဘဲ သင့်သူငယ် ချင်းတွေ အွန်လိုင်းတက်ပြီး Facebook ထဲကို ဝင်လာတဲ့ အချိန်အထိ မြင်ရအောင် တင် ထားပေးပါလိမ့်မယ်။
၇။ Facebook က သင့်အကြောင်း များများသိလေ၊ သင့်အတွက် အကျိုးရှိလေပါပဲ။ ဥပမာ – သင်က Giordano တံဆိပ် ကြိုက်တယ်ဆိုရင် Facebook က Giordano မှာ ဈေးဝယ်လို့ရတဲ့ ကူပွန်ကို သင်မြင်ရအောင် ပြပေးတဲ့အခါ သင့်အတွက် အသုံးဝင်ပါ လိမ့်မယ်။
၈။ သင် သတိတရရှိတဲ့ သူငယ်ချင်းတွေရဲ့ post တွေ သိပ်မတွေ့ဘဲ သိပ်မသိတဲ့ သူ တွေဆီက post တွေပဲ များနေသလား။ သင်ရဲ့ newsfeed ကို Mostrecent ကနေ Top News ကို ပြောင်းလိုက်ပါ။ ပြီးရင် သင်အမြဲ မြင်ချင်၊ တွေ့ချင်တဲ့ သူငယ်ချင်းတွေ ကို Closefriends ထဲကို ထည့်ပြီး၊ သင်မမြင်ချင်တဲ့ သူတွေဆိုရင်တော့ subscibe လုပ် ထားတာ ဖြုတ်လိုက်ပါ။
၉။ Facebook က နေရာလပ်တွေကို ကြော်ငြာကုမ္ပဏီတွေကို ရောင်းပါတယ်။ ကြော်ငြာ ကုမ္ပဏီတွေက သူတို့ ပစ်မှတ်ထားတဲ့ ဒေသ၊ လုပ်ငန်း၊ အသက်အရွယ်နဲ့ ပညာ အဆင့် အတန်းတွေကို Facebook ကို ပြောပြတဲ့အခါ Facebook က အချက်အလက်တွေနဲ့ ကိုက်ညီသူတွေ ကြော်ငြာတွေကို မြင်ရအောင် ဆောင်ရွက်ပေးပါတယ်။
၁၀။ သင်တင်တဲ့ post ကို သင့်သူငယ်ချင်း အားလုံး မြင်ရအောင် လုပ်ချင်ပါသလား။ Post တစ်ခုအတွက် ခုနစ် ဒေါ်လာကနေ ဆယ်ဒေါ်လာလောက်ထိ ပေးရင်သင့်သူ ငယ်ချင်းတိုင်းရဲ့ Top News မှာ သင်တင်ထားတဲ့ post ပေါ်အောင် Facebook က လုပ်ပေးပါလိမ့်မယ်။
၁၁။ အသုံးပြုသူ တော်တော်များများက Timeline ကို သဘောမကျကြပါဘူး။ ဒါပေမဲ့ ဒါကို မကြာခင် ပြောင်းလဲမယ့် အလားအလာတော့လည်း မမြင်မိဘူး။ Timeline က အသုံးပြုသူအချင်းချင်း ဝေမျှရာမှာ ထိရောက်ပြီး အမြင်ဆန်းပါတယ်။ ကုမ္ပဏီတွေကလဲ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို မြင်သာထင်သာ ကြော်ငြာလို့ရလို့ သဘောကျကြတယ် လေ။
၁၂။ သင်တင်တဲ့ post တွေကို သင့်မြို့က လူတွေပဲ၊ သင့်ကျောင်းက လူတွေပဲ၊ သင့် အ လုပ်က လူတွေပဲ စသဖြင့် လူတစ်စုပဲ မြင်အောင် လုပ်လို့ရပါတယ်။ သင်တင်တဲ့ post ကို သင့်သူဌေးက လွဲပြီး ကျန်တဲ့သူအားလုံး မြင်အောင်လဲ လုပ်လို့ ရပါတယ်။ အဲဒါတွေ အကုန်လုံးကို status update box ရဲ့ ညာဘက်အောက်ထောင့်မှာရှိတဲ့ မြားခလုတ်မှာ ပြောင်းလို့ ရပါတယ်။
၁၃။ နောက်တတ်၊ ပြောင်တတ်တဲ့ သင့်လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် သူငယ်ချင်းရှေ့ မှာတော့ သင့် Facebook ကို မဖွင့်ထားမိပါစေနဲ့။ တစ်ယောက်ယောက်ကများ သင့် Facebook ပေါ်မှာ ပြောင်ချော်ချော် status တွေ လျှောက်ရေးလို့ကတော့ သင့်ကို ကြောင်နေပြီလားလို့ ထင်သွားမှာပါပဲ။
၁၄။ သူငယ်ချင်း လက်ခံတာနဲ့ တခြား page တွေကို like လုပ်တဲ့အခါ သတိထားပါ။
သင်တွေ့သမျှသူတွေကို လက်ခံ၊ တွေ့သမျှ page ကို like လုပ်ထားရင်တော့ သင် စိတ်မဝင်စားတဲ့ အရာတွေလဲ အများကြီး သင်တွေ့နေရမှာပါ။ အဲဒီတော့ အချိန်ယူပြီး မမြင်ချင်တာတွေကို စစ်ထုတ်ပစ်ပါဦး။
၁၅။ Facebook Chat ထဲမှာ Offline လုပ်ပြီး သင် စကားမပြောချင်တဲ့ သူငယ်ချင်း တွေဆီကနေ ပုန်းနေလို့ရပါတယ်။ တကယ်လို့ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ပဲ စကားမပြောချင်ဘူး ဆိုရင်လည်း chat window ထဲက သူ့နာမည်ကို နှိပ်၊ ညာဘက် ထိပ်မှာရှိတဲ့ icon မှာ သူ့တစ်ယောက်ထဲကိုပဲ offline လုပ်ထားလို့ ရပါတယ်။
၁၆။ တချို့ အချက်အလက်တွေက Facebook ပေါ်မှာ ဖွက်ထားလို့ မရပါဘူး။ ဥပမာ – သင့်နာမည်၊ သင့် profile မှာ တင်ထားတဲ့ ဓာတ်ပုံ၊ သင်က အမျိုးသားလား၊ အမျိုးသ မီးလား ဆိုတာတွေပေါ့။ ဒီလို အချက်အလက်တွေကို လူတိုင်းက ကြည့်နိုင်ပါတယ်။
၁၇။ သင် သဘောကျတဲ့ Facebook page တွေမှာ လူတွေ နည်းသွားတယ်လို့ ထင်မိ လား။ အဲဒါ profile အတုတွေနဲ့ page အတုတွေကို Facebook က လိုက်ဖျက်သိမ်း နေလို့ပါ။ တစ်ခါတလေမှာ လူတစ်ယောက်ထဲကပဲ accountတွေ အများကြီးနဲ့ သုံးနေ တတ်တယ်လေ။ Facebook ရဲ့ အဆိုအရကတော့ profile အတုတွေက ၈၃ မီလီယံ တောင် ရှိတယ်တဲ့။
၁၈။ သုံးရတာ ပိုမြန်ချင်တယ် ဆိုရင်တော့ ဒီနည်းကို သုံးပါ။ သင့်ဖုန်းနဲ့ Facebook ကို log in မလုပ်ခင် Wifi network တစ်ခုခုနဲ့ ချိတ်ဆက်လိုက်ပါ။
၁၉။ သင် ကုမ္ပဏီတစ်ခုခုကို Like လုပ်တာပဲ ဖြစ်ဖြစ်၊ ကုန်ပစ္စည်းတစ်ခုအကြောင်းကို comment ပေးတာပဲဖြစ်ဖြစ် သတိထားပါ။ သင်ဘာလုပ်လိုက်သလဲ ဆိုတာ သင့်သူ ငယ်ချင်းတွေဆီမှာ ပေါ်ပါတယ်။ သင့်လုပ်ရပ်ကို Facebook ကအသုံးချကောင်း ချပါလိမ့်မယ်။

facebookကနေဖတ်ချင်ရင် ဒီကနေသွားပါ

Saturday, March 28, 2015

Facebook မသုံးချင်တော့၍ အကောင့်ကို အပြီးအပိုင် ဖျက်ချင်ရင်

ဒီနည်းလေးကတော့ အကောင့်ကို မသုံးချင်တော့၍ ဖျက်ချင်တယ်ဆိုရင် ဒီနည်းလေး

ကိုလုပ်ကြည့်ပါ  အခုတလော အကြောင်းအမျိုးမျိုးကြောင့် ဖွဘုတ်ခေါ်Facebook ကို

မသုံးချင်တော့ဘူးဆိုရင် အပြီးဖျက်တဲ့နည်းရှိသလို  ခဏအနေနဲ့ ပိတ်ထားချင်လည်း

ရပါတယ် ။လုပ်တဲ့နည်းက Facebook helpထဲမှာ ရေးထားပြီးသားပါFacebook အကောင့်ခဏပဲ ပိတ်ထားချင်ရင်................................

  1. Click the account menu at the top right of any Facebook page
  2. Choose Account Settings
  3. Select Security from the left-hand menu
  4. Click on "Deactivate your account"
 အဲ့နည်းကတော့ အကောင့်ကို ခဏပိတ်လိုက်တဲ့အတွက် ဖေ့ဘွတ်စာမျက်နှာမှာ

ပျောက်နေမှာပါ ။ လိုချင်တဲ့အချိန် ၊ ပြန်သုံးချင်တဲ့ အချိန်မှာ ပြန်ပြီး Active လုပ်လို့ 

ရပါတယ် message,invite,request တွေတော့ ၀င်နေမှာပါ ကိုယ်ပြန်သုံးတဲ့အချိန်

မှာ ပေါ်လာမှာပါ အကြောင်း အမျိုးမျိုးကြောင့် အပြီးမဖျက်ချင်ရင် ဒီနည်းသုံး.....။

အပြီးအပိုင်  ဖျက်ချင်တယ်ဆိုရင်တော့ "ဒီကနေသွားလိုက်ပါ"

ကိုနှိပ်၍ ဖျက်နိုင်ပါကြောင်း

Facebook မှာ ကိုယ့်ရဲ့ သူငယ်ချင်းစာရင်းကို ဖွက်ထားမယ်

 မင်္ဂလာပါသိသူတွေတော့ ကျော်သွားလိုက်ကြပါနော်.
ဒါကတော့  facebook ပေါ်မှာ ရှိတဲ့ ကိုယ့်သူငယ်ချင်းတွေကို  ဘယ်လောက်  ဘယ်၍  ဆိုတဲ့ စာရင်းတွေ
ကို သူများတွေ မသိစေ မမြင်စေခြင်တဲ့  နည်းလေးပါ...ကဲ  ပုံလေးတွေနဲ့ ရှင်းပြလိုက်တယ်နော်...
ဦးစွာ  မိမိတို့ facebook ကိုဝင်ပါ.
အဲမှာ သူငယ်ချင်းfriends-1.667ဆိုပြီး အရေတွက်နဲ့ပြထားတယ်လေ.. အဲတာလေးကလစ်လိုက်ပါ။

အိုကေ... သူငယ်ချင်းစာရင်းးနဲ့ ပုံတွေ ကျလာပြီဆိုတာနဲ့  သူ့အပေါ်ထောင့်က Edit ဆိုတာကနေ
ကလစ်ပြီး  Edit Privacy ဆိုတာကို ကလစ်ပေးလိုက်ပါနော်....။
သည်လိုလေး ဘောက်လေးကျလာမယ်.. အပေါ်ဆုံးက Friend List ဆိုတာရဲ့...
နောက်က မျှားလေးကနေ  Publish  ဆိုတာလေးကို  Only Me သို့ပြောင်းပေးလိုက်ပါ။
ဒါဆို  ဘူမှ မမြင်တော့ပါဘူးးနော်...အဆင်ပြေပါစေ...

Facebook မှာ Video & Comment Photo တွေတင်မရတာဖြေရှင်းနည်း

မင်္ဂလာပါနော် Facebook ဆိုင်ရာနည်းလမ်းလေးတွေထဲက တခုဖြစ်တဲ့ မိတ်ဆွေ တော်တော်များများ ကြုံတွေ့ဖူးတဲ့ အကောင့်မှာ Video တွေ Comment Photo တွေ တင်မရတဲ့ ပြသနာလေးဘဲ ဖြစ်ပါတယ်.. ဒါကိုကျွန်တော်တို့ တင်မရတဲ့အကြောင်း ကိုယ်ဖြစ်ပေါ်နေတဲ့ ပြသနာရဲ့ ပုံလေးနဲ့ ပြသနာကို Report ပို့လိုက်ကြရအောင် အောက်မှာ ပုံလေးတွေနဲ့ ပြမယ်နော် အဲဆို သေခြာ နားလည်သွားမှာပါ...... ဦးစွာပြောထားခြင်တာကတော့ မိမိတို့ အကောင့်မှာ ဥပမာပေါ့ ။ ။ video တင်လိုက်တယ် တင်မရဖြစ်နေတယ်ပေါ့ အဲ ဖြစ်နေတဲ့ ပုံစံအနေထား ပြတဲ့စာ ကို ပုံလေး screenshoot အဖြစ် တပုံယူထားပေးပါနော်...Report ပေးပို့တဲ့ခါ လိုအပ်ပါတယ်....နော်...ကဲစမယ်ဒါဆို ပထမဆုံး မိမိတို့ Facebook အကောင့်ကို ၀င်လိုက်ပါနော်....

မိမိတို့ အကောင့်ရဲ့  Setting ၀င်တဲ့ နေရာကနေ ကလစ်လိုက်ပါနော်..အပေါ်ကပုံလေးတိုင်းပေါ့...
အဲမယ် ပြထားသလို Report a Problem ဆိုတာတွေ့မယ်  ကလစ်လိုက်ပါနော်
အဲဘောက်လေးကျလာ ပါလိမ့်မယ် အဲခါမှာ အလယ်ကSomethingIsn'tWorkingဆိုတာကိုကလစ်ပေးလိုက်ပါနော်....
.အပေါ်မှာ ရှိတဲ့  Select a product  ဆိုတာလေးမှာ နောက်က မျှာချွန်လေးကိုကလစ်ပါ
Title လေးကျလာမယ် အဲထဲကမှ  မိမိတို့ Facebook မှာ ဘာဖြစ်နေတာလဲ  ဖြစ်နေတဲ့ ပြသနာ ကို
လိုက်ရှာပါ အဲထဲမှာပေါ့  အဲတာကိုဘဲ ကလစ်ပေးရမှာ ဖြစ်ပါတယ်.. ခုကျနော် နမူနာအနေနဲ့ ပြထားတာကတော့  Video တွေတင်မရတဲ့ပြသနာကို  နမူနာလုပ်ပြသွားမှာ ဖြစ်ပါတယ်..
တခြားသောပြသနာများကိုလည်း ထို့နည်းတူ  လုပ်ဆောင်ရမှာ ဖြစ်ပါတယ်နော်... ကဲ Video ဆိုတာကလစ်လိုက်ပါ....
အပေါ်ပုံမှာ ပြထားသလို ဘောက်တခုကျလာမယ်  ကိုရွေးချယ်ခဲ့တဲ့ ပြသနာအမည်အပေါ်မှာ ရှိနေမယ်
အောက်မှာတော့   Browse  ဆိုတာလေးရှိမယ်  အပေါ်မှာ ကျွန်တော် ပြောခဲ့တဲ့ ပြသနာရဲ့ ဖြစ်တဲ့
ပြသနာလေးကို  ပုံလေးယူထားဖို့ ပြောခဲ့ပါတယ်..အဲပုံလေးကို   Browse  ကိုကလစ်ပြီး ထည့်ပေးလိုက်ပါ
အဲခါမှာ အောက်မှာ ရှိနေတဲ့   Submit  ဆိုတာကလစ်ပေးလိုက်တာနဲ့...
ကျွန်တော် တို့ရဲ့  ဖြစ်နေသော ပြသနာကို  Report   တင်ပို့လိုက်ပြီဖြစ်ပါတယ်...မကြာခင်မှာ အဲပြသနာကို ဖြေရှင်းပေးလို့  ပြန်လည် အဆင်ပြေလာပါလိမ့်မယ်နော်