This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ဗေဒင်. Show all posts
Showing posts with label ဗေဒင်. Show all posts

Monday, April 20, 2015

"သင့်မျက်နှာပေါ်ရှိမှဲ့ များအကြောင်း"

မျက်နှာပေါ်ရှိ မှဲ့ အနက်အဓိပ္ပာယ်ပထမ ဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင်ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေ ရာကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ် ကိုကြည့်ပြီး အမျိုးအစားပိုင်းခြား
သတ်မှတ်ပါ။ထင်ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက် အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေး ကလေးများကိုထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ
ဆန်းစစ်ကြည့်ရအောင်။
နံပါတ် ၁မှ၃
ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲလွယ်တယ်။ မွေးရာပါတီထွင်ကြံဆ
ဥာဏ်ရှိပြီး လွတ်လပ် ခွင့်ပြုထားပါက အကောင်းဆုံးဖြစ်အောင် လုပ်နိုင်စွမ်းရှိသောကြောင့် သင့်ရဲ့ အထက်အရာရှိ ကသင့်ရဲ့တွေးခေါ်ဆန်းသစ် လုပ်ဆောင်ရည်ကို
နှစ်သက်သဘောကျမှာဖြစ်ပါတယ်။ အဲဒီနေရာမှာရှိတဲ့ မှဲ့ပိုင်ရှင် ဟာသူများအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကံပါပြီး စီးပွားရေးမှာလည်း အောင်မြင်ထွန်းပေါက်မှာ ဖြစ်ပါတယ်။
နံပါတ် ၄သင်ဟာ
စိတ်ကူးရသလို လုပ်တတ်တဲ့သူဖြစ်ပါတယ်။မကြာခဏဆိုသလို သူတပါးအပေါ်ကို လွှမ်းမိုးသွားအောင်ဆွဲဆောင်နိုင်ပြီး ထူးခြားဆန်းပြားတဲ့ ပင်ကိုယ်အရည်အသွေးမျိုးပိုင်ဆိုင်သူဖြစ်ပါတယ်။ ထင်မြင်ယူဆဝေဖန်မှုများအပေါ်အငြင်းအခုံသန်သူဖြစ်ပြီး မကျေနပ်ချက်နဲ့ အလိုမကျမှုများကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူဖြစ်လို့ အများနှင့် ဆက်ဆံရာမှာ အခက်အခဲတွေ့တတ်ပါတယ်။ အဆိုပါမှဲ့ပိုင်ရှင်မှာ အငြိုးဒေါသ ပေါက်ကွဲလွယ်သူဖြစ်လို့အဲဒီအကျင့်လေးသာ
ဖျောက်အောင် လုပ်နိုင်မယ်ဆိုရင် လူ့လောကမှာ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။
နံပါတ် ၅
မျက်ခုံးအပေါ်ထက်ရှိ မှဲ့ပိုင်ရှင်ဟာ ဘဝမှာချမ်းချမ်း သာသာနဲ့ နေရမယ့်ကံပါတယ်။ဒါပေမယ့်သူများထက်တော့ပိုရှာပြီး ပိုကြိုးစားလုပ်ကိုင်ရပါတယ်။ သင်ရှာသမျှငွေတွေကို သေချာထိန်းသိမ်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ကိုမနာလိုသူတွေက စကားချိုချိုနဲ့ သင့်ရဲ့ဥစ္စာဓနကို ခွဲဝေယူဖို့ကြံစည်ကြပါလိမ့်မယ်။သင့်ရဲ့အလျင်အမြန်ကြီးပွားချမ်းသာတဲ့စီမံကိန်းကြီးထဲကို ရင်းနှီးမြှုပ်နှံဖို့ကြိုးစားလာသူများကို အထူးသတိရှိပါ၊ သူတပါးအား အယုံမလွယ်မိဖို့သတိပေးပါရစေ။
သင့်ရဲ့ပင်ကိုဥာဏ်ကိုသုံးပြီးသတိဝိရိယနဲ့နေပါ။ဘယ်သောအခါမှ သင့်ရဲ့ငွေကြေးကိစ္စရပ်များကို တပါးသူအားမချုပ်ကိုင်ပါစေနဲ့။
နံပါတ် ၆
ဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ ဥာဏ်ကောင်းတယ်၊ တီထွင်ဖန်တီးဥာဏ်ရှိတယ်၊ အနုပညာစွမ်းရည်ရှိတယ်။ အဆိုပါစွမ်းရည်က သင့်ကိုချမ်းသာကျော်ကြားပြီး အောင်မြင်စေတယ်။ ချမ်းသာမဲ့ကံပါလာပြီးသား။ ဒါပေမဲ့သမားရိုးကျစီးပွားရှာဖို့လမ်းစဉ်ထက် ကိုယ်စိတ်နှလုံးသွင်းပြီးရဲရင့်သတ္တိရှိမှ အောင်မြင်မှုကို အကောင်အထည်ဖော်ဆောင်နိုင်မှာဖြစ်တယ်။
နံပါတ် ၇
မျက်ခုံးအောက်မှာရှိတဲ့ မှဲ့ပိုင်ရှင်ဟာ ပူဆွေးသောက စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ ဆွေမျိုး၊ မိသားစုအသိုင်းအဝိုင်းကြားမှာ ကတောက်ကဆ စကားများ တတ်တယ်။ အဲဒါက သင့်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ကို ထိခိုက်စေပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ အဆင်ပြေအောင် ညှိယူပါ။
နံပါတ် ၈
ဒီနေရာမှာမှဲ့ရှိရင်တော့ မကောင်းပါဘူး။ အသုံးအဖြုန်းများတတ်တဲ့ အတွက်ကြောင့် အမြဲအလိုလို ငွေ ကြပ်နေတတ်တယ်။ လောင်းကစားကို ခုံမင်သူလည်း ဖြစ်တယ်။ ဘယ်အချိန်မှာ ရပ်တန်းက ရပ်ရမလဲဆိုတာ မိမိကိုယ်ကိုသိပါ။အလားတူ အဲဒီမှာ မှဲ့ ရှိတဲ့သူ ဟာ ဆန့်ကျင်ဘက်လိင်ကို သာမက လိင်တူကိုပါ ဆွဲဆောင်ကလူတတ်ပါတယ်။ သင့်ရဲ့ဆွဲဆောင်မှုကို အသုံးချရာမှာ အနည်းငယ် မြော်မြင်ဆင်ခြင်နိုင်မှ တော်ခါကြပါမယ်။ မဟုတ်ရင် ဒုက္ခရောက်သွားနိုင်တယ်။
နံပါတ် ၉
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ အခြားပြဿနာများ ရှိနိုင်ပါတယ်။ ကံမကောင်းတဲ့မှဲ့ဖြစ်လို့ ဖြတ်ပစ်ဖို့အကြံပြုပါရစေ။ ပူဆွေးသောကများစွာနဲ့ ပြဿနာပေါင်းများစွာကို ယူဆောင်လာမဲ့ မှဲ့မျိုးပါ။
နံပါတ် ၁၀
နှခေါင်းအောက်တည့်တည့်မှာမှဲ့ပါရင် သားမြေးစဉ်ဆက်ထိ ကံကောင်းတယ်။ အချိန်ပြည့် မိသားစုဝင်များနဲ့သားသမီးများ၊ မြေးများနဲ့ သိုက်သိုက်ဝန်းဝန်းနေရမယ်။ သင်နဲ့အနီးဆုံးလူရဲ့ အထောက်အပံ့ကို ရရှိနိုင်မှာဖြစ်ပြီး သင့်အား ဥစ္စာပစ္စည်းရော၊ စိတ်ခံစားမှုရော အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။
နံပါတ် ၁၁
ဒီနေရာမှဲ့ရှိတဲ့သူဟာ နာဖျားခြင်းကို မလွန်ဆန်နိုင်ပါ။ အထူးသဖြင့် အဲဒီမှဲ့ကြီးပြီး မည်းလာရင် ဖျက်ပစ်လိုက်တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ် အောက်ခံမိတ်ကပ်ဖောင်ဒေးရှင်းများများသုံးပြီး ဖုံးထားပါ။
နံပါတ် ၁၂
ဒီနေရာမှဲ့ရှိတဲ့သူဟာ အောင်မြင်ရုံသာမက တည်ငြိမ်မျှတတဲ့ဘဝကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ သိပ် မချမ်းသာရင်တောင်မှ ကျော်ကြားမယ်။ သင့်ကို မြင့်မားတဲ့ဘဝမှာ နေထိုင်ပိုင်ဆိုင်ဖို့ အခွင့်အရေးပေးသော်လည်းပဲ သင်ဟာသင့်အိမ်နဲ့မိသားစုဘဝမှာပဲ ကျေနပ်တင်းတိမ်နေမယ်။ အဲဒီနေရာမှာမှဲ့ရှိတဲ့ အမျိုးသမီးများဟာ အထူးသဖြင့် ကံကောင်း
မယ်၊ လှပမက်မောစွဲမက်ဖွယ်ကောင်းပါလိမ့်မယ်။
နံပါတ် ၁၃
သင့်ကလေးတွေက သင့်ဘဝမှာ ကြီးမားတဲ့ပူပန်သောက စိုးရိမ်မှု တခုပါပဲ။ သူတို့လေးတွေနဲ့ ဆက်ဆံရတာအဆင်မပြေနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သည်းခံနိုင်အောင် ကျင့်ကြံဖို့ ကြိုးစားရုံမှတပါး ဘာမှမတတ်နိုင်ပါ။
နံပါတ် ၁၄
ဒီနေရာမှာမှဲ့ရှိတဲ့သူဟာ အစားအသောက်နဲ့ ပတ်သက်ပြီး သင့်ဘဝမှာ ကြီးမားတဲ့ပြဿနာတခုပါပဲ။ဘာလို့လဲဆိုတော့ သင်ဟာတချို့အစားအစာနဲ့ဓါတ်မတည့်မှု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် အစားကြီးလွန်းရင်တောင်ဖြစ်တတ်
ပါတယ်။
နံပါတ် ၁၅
သင်ဟာ သွက်လက်တက်ကြွတယ်၊ သင့်အိမ်ကို အမြဲလိုလို ပြုပြင် မွမ်းမံပြီး အလှဆင်ရတာကို နှစ်သက်သူဖြစ်တယ်။ ပစ္စည်းသစ် ကို သုံးရတာ၊ နေရာ အသစ်အဆန်းကို သွားရတာ သဘောကျတယ်။ တနေရာ ထဲမှာ ကြာ ကြာနေရတာကို မနှစ်မြို့ပေ။ ခရီးသွားခြင်း၊ စွန့်စားခြင်းကို နှစ်သက်ပြီး ဂရုတစိုက်စူးစမ်းသိမြင်သော အမြင်ရှိပါတယ်။
နံပါတ် ၁၆
သင်အစားစားတော့မယ်၊ ချစ်တင်းနှောမယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ၂ခုဟာ သင့်ရဲ့ကြီးမားတဲ့ပြဿနာဖြစ်ပေတယ်။ သင့်ကိုစိတ်ဓါတ်ကျစေမဲ့ ပူပန်သောကတွေ ရှိလာတတ်ပါတယ်။ သင်ဟာချစ်ရေး ချစ်ရာ မှာ စိတ်ပါဝင်စားပြီး ချစ်သူ ကို တယောက်မက ထား တတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းသူဖြစ်တဲ့အတွက်ကြောင့်
ဒါကို အပြစ်ကျူးလွန်မိတယ် လို့ ယူဆကာ စိတ်ဖိစီးမှုများ
ဖြစ်ပေါ်စေနိုင် ပါတယ်။
နံပါတ် ၁၇
သင်ဟာ လူမှုရေးရာမှာ ထင်ပေါ်ကျော်ကြားမယ်။ သင်ဟ ပေါင်းသင်းဆက်ဆံရေးကောင်းသလို စကားပြောကောင်းသူတယောက်လဲ ဖြစ်တယ်။ သင့်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ ဂုဏ်သတင်းကျော်စောမှုကို ဆုံးရှုံးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့မိမိကိုယ်ကို ယုံကြည်မှုနဲ့ ကိုယ့် ကိုယ်ကို တန်ဖိုး
ထားလေးစားမှုဟာ သင့်ကို အလွန်အမင်းထိခိုက်စေလိမ့်မယ်။
နံပါတ် ၁၈
သင်ဟာ အမြဲတမ်း ခရီးထွက်နေရမဲ့ သူ ဖြစ်တယ်။ သင့်ဘဝ မှာ နိုင်ငံရပ်ခြားခရီးဝေး အများကြီးသွားရမယ်။ ဒါပေမဲ့ ရေလမ်းခရီးသွားရမဲ့အခါတိုင်း အထူးသတိရှိပါ။ ဘာလို့လဲဆိုတော့ အဆိုပါ မှဲ့မျိုးဟာ အိမ်မှာနေရတာက သင့်အတွက် ပိုပြီးကောင်းပါလိမ့်မယ်။
နံပါတ် ၁၉
သင့်မှာ ငွေရမဲ့ကံရှိပြီး မိတ်ဆွေကောင်းလည်း ပေါများပါတယ်။ ဒါကြောင့် ဒီမှဲ့မျိုးရှိတာ ကောင်းပါတယ်။ အားနည်းချက်ကဆန့်ကျင်ဘက်လိင်ရဲ့ဆွဲဆောင်မှုနောက်သို့အ
လွယ်တကူပါသွားတတ်ကြတယ်။ သင့်ဘဝမှာအဲဒါက သင့်ကို ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။
နံပါတ် ၂၀
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ ကံအရမ်းကောင်းချင်ကောင်းမယ်။ ကံအရမ်းဆိုးရင်ဆိုးမယ်။ ကံတရားက သင့်ကို အလွန်အမင်းကျော်ကြားမယ် ဒါမှမဟုတ်ရင် မကောင်းသတင်းဖြင့် ကျော်ကြားမယ်လို့ကြိုတင်စီရင်ထားပြီး ဖြစ်တယ်။ သင့်မှာ တီထွင်ဖန်တီးတတ်တဲ့ ပါရမီရှိသလို ဥာဏ်ရည်ထက်မြက်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ပင်ကိုအရည်အသွေး
ကိုကောင်းတဲ့နေရာရော ဆိုးတဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သင်ဟာ လူတွေကို မထီမဲ့မြင်၊ မလေးမစား ဆက်ဆံတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သင်ဟာ သဘောလွယ်သူမဟုတ်တဲ့အတွက် အလွယ်တကူ ခွင့်မလွှတ်တတ်သလို မေ့လဲမမေ့တတ်ပါ။ ဒီမှဲ့ဟာ ထူးချွန်ပြောင်မြောက်သူ (သို့မဟုတ်) နိုင်လိုမင်းထက်ပြုမူသူ အဖြစ် မှတ်ယူရမဲ့ အမှတ်အသား
တစ်ခုပါပဲ။
နံပါတ်၂၁
ဒီမှဲ့မျိုးက ကောင်းပါတယ်။ ဘဝတလျှောက် များများစားရ ၊သောက်ရမှာ ဖြစ်ပါတယ်။နောက်ပြီး ကျော်ကြားမှုနဲ့အသိအမှတ်ပြုခံရမှုများကို ယူဆောင်လာမဲ့ မှဲ့မျိုးဖြစ်ပါတယ်။
နံပါတ် ၂၂
သင့်ဘဝဟာအမြဲ ပျော်ရွှင်နေပြီး အစစအရာရာအဆင်ပြေချောမွေ့ပါတယ်။ သင်ဟာအားကစားကိုဝါသနာထုံသူဖြစ်ပါက စူပါစတား အားကစားသမားကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။မျက်ခုံးမွေး အဆုံးမှာရှိတဲ့ မှဲ့ ပိုင်ရှင်များ
ဟာသြဇာတိက္ကမ ရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။
ဒါကြောင့် သင်သာ ကုမ္ပဏီရဲ့ အလုပ်အမှုဆောင် အရာရှိတယောက် ဆိုပါကကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
နံပါတ် ၂၃
သင့်မှာ ဥာဏ်ရည် (IQ) အရမ်းပဲမြင့်မားပါတယ်။ ဥာဏ်ရည်ပါးနပ်သလို မြို့ရည်လည်ပြီး လူအမျိုးမျိုးနဲ့ပေါင်းသင်းဆက်ဆံတတ်ပါတယ်။ လူ့ဘဝမှာ ဘယ်လို ရှင်သန် ရပ်တည်ရမလဲ ဆိုတဲ့ ရင့်ကျက် တဲ့ ပင်ကိုဥာဏ်ရှိတဲ့အတွက်ကြောင့် အဓိပ္ပာယ် ရှိရှိ၊ သက်တမ်းရှည် တဲ့ ဘဝ ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက် အိုမင်း လာသည့် တိုင်အောင်တက်ကြွဖျတ်လတ်နေတုန်းပါပဲ။ ဘဝဆုံးတဲ့အထိ မိတ်ဆွေများ၊ မိသားစုများနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားရမှာပါ။
နံပါတ် ၂၄
သင်ဟာ ငယ်ရွယ်စဉ်မှာ ကျော်ကြားမှုနဲ့အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။ ဒါကြောင့်အိုမင်းတဲ့အခါအထောက်အပံ့ပြုဖို့ ငယ်စဉ်ခါ ရလာမဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့အဆိုပါမှဲ့ပိုင်ရှင်များဟာ
အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းတတ်ပါတယ်။
နံပါတ်၂၅
သင်ရဲ့ ကြိုးစားအားထုတ်မှုက ကြီးပွားချမ်းသာခြင်းနဲ့ အသိအမှတ်ပြုခြင်းကို ရရှိပြီး အခွင့်အလမ်းများစွာ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ကဲမှုကို အထူးသတိပြုပါ။ သမရိုးကျအတိုင်း ပြုမူနေထိုင်ပါ။ အသက်ရှည်ပြီး အကျိုး စီးပွားဖြစ်ထွန်းမဲ့ဘဝမျိုးကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။
Credit to ပျိုမေတို့သိစေဖို့
From; mudonwaingaung

Friday, April 17, 2015

"မိမိချစ်သူကိုတွက်ချက်ပြီးဖူးစာဖက်ဖြစ်မဖြစ်"

ကကြီး ကနေ အ/ဥ အထိ နံပါတ်အလိုက်ရေးထားပေးပါတယ်။
အဆင့် 1 - မိမိနာမည်ကိုပေါင်းပါ။(နာမည်အရှေ့က မ၊မောင်၊နန်း၊ခွန်၊စိုင်း၊ စတာတွေထည့်တွက်စရာမလိုပါ။)
(ဥပမာ - မအိအိအောင်ဆိုပါက မ ကိုထည့်တွက်စရာမလိုဘဲ အ+အ+အ = ရလဒ် ကိုသာ ယူရမှာဖြစ်ပါတယ်။)
အဆင့် 2 - မိမိချစ်သူ နာမည်ကိုပေါင်းပါ။
အဆင့် 3 - မိမိနာမည်ပေါင်းရလဒ်နှင့် မိမိချစ်သူနာမည်ပေါင်းရလဒ် နှစ်ခုကိုပေါင်းပါ။
အဆင့် 4 - နှစ်ခုပေါင်းရလဒ်ကို (၉) ဖြင့် စားပါ။ နောက်ဆုံးအကြွင်းကိုကြည့်ပါ။
1 က
2 ခ
3 ဂ
4 ဃ
5 င
6 စ
7 ဆ
8 ဇ
9 စ်
10 ည
11 ဋ
12 ဌ
13 ဍ
14 ဎ
15 ဏ
16 တ
17 ထ
18 ဒ
19 ဓ
20 န
21 ပ
22 ဖ
23 ဗ
24 ဘ
25 မ
26 ယ
27 ရ
28 လ
29 ၀
30 သ
31 ဟ
32 ဠ
33 အ/ဥ
အကြွင်း
၁ ကြွင်းလျှင် ။ အသက်မကချစ်ကြမည်။
၂ ကြွင်းလျှင် ။ ရင်နာစရာကြုံရမည်။
၃ ကြွင်းလျှင် ။ ဘ၀ဖူးစာဖက်များဖြစ်သည်။
၎ ကြွင်းလျှင် ။ နှစ်ဦးနှစ်ဖက် ပြေလည်မည်။
၅ ကြွင်းလျှင် ။ အစကချစ်လည်း .. နောင်မုန်းမည်။
၆ ကြွင်းလျှင် ။ တစ်ဦးက တစ်ဖတ်သက်သာချစ်ရရှာသည်။
၇ ကြွင်းလျှင် ။ ချစ်သော်လည်း မညားကြချေ။
၈ ကြွင်းလျှင် ။ မိဘများက သဘောမတူကြချေ။
ဝ ကြွင်းလျှင် ။ ဘယ်လိုမှ အပ်စပ်လို့မရနိုင်ပါဘူး တဲ့
facebook =https://www.facebook.com/mudonwaingaung

"လူနက္ခတ်/နတ်နက္ခတ်/ဘီလူးနက္ခတ်/ဆိုတာသိချင်ရင်"

"ဆရာ . . အလုပ်တွေ ရှုပ်နေလား.."
" ဒီလိုပါပဲ ရပါတယ် ပြောစရာရှိတာ ပြောပါ "
" ဆရာကို့ လေ မေးမလို့ .ဘီလူးနက္ခတ် နဲ့ လူနက္ခတ်ယူရင် အဆိုးဆုံးဘာဖြစ်တတ်လဲ ဆရာ"
" အဆိုးဆုံးကတော့ ကလေးမွေးတာပေါ့ဗျာ"
"မနောက်ပါနဲ့ ဆရာရယ် ... တစ်ကယ် သိချင်လို့ ပါ.. မယူကောင်းဘူး ..ဘာညာဆိုတော့လေ.."
"ဟာဗျာ .. မနောက်ပါဘူး .. တစ်ကယ်ပြောတာပါ."
" ဘီလူး နဲ့ လူ အတူ မနေကောင်းဘူး . လူကို နတ်က နိုင်တယ် တို့ .. အဲလိုတွေလေ .."
" လူ နဲ့ လူ ယူတာ ဘီလူး နဲ့ နတ် က ဘယ်ကနေ ပါလာတာလဲဗျ "
" ဆရာ... သိချင်လို့ ပါဗျာ... ဘီလူးနက္ခတ်လူနက္ခတ် မတည့်ဘူးဆိုတာ ရှင်းပါဦး .. ဆရာရေးထားတာလဲ ဒါမပါဘူးဗျ ရှာဖတ်တာ မရှိလို့ "
" မသိလို့  မရေးတာပေါ့ဗျာ .. မဟုတ်လို့ လည်း ဖြစ်နိုင်သလို
"ဟာ .. ဆရာ.. ဒါဆို ဘာမှ မဖြစ်ဘူးပေါ့ .. အဲလိုလား.."
" အင်းလေ.. လူတွေ ယူနေကြတာ နည်းတာမဟုတ်ဘူး.. မတည်းဘူးဆိုရင် ဘီလူးစားလို့  သေကုန်ပြီ .. နတ်ကိုင်လို့  ယောင်ကုန်ပြီ . အဲလေ.. ဟီး"
"အေးနော် မသိဘူးလေ အဲလိုက မယူကောင်းဘူး ကြားဖူးတာကိုး..နောက်ပြီး ...ယူပြီး နေထိုင်မကောင်းဖြစ်တာ တွေ.. သေတတ်တာတွေ..အဲလိုများဖြစ်တတ်လားလို့ပါ"
" ယူပြီးလို့  ဗိုက်ကြီးလာရင် နေထိုင်မကောင်း ဖြစ်တာပေါ့ဗျာ.. အန်တာတွေ ဘာတွေဖြစ်တာပေါ့ "
"ဟုတ်ကဲ့ပါဆရာ ခုလိုပြောပေးတဲ့အတွက် စိတ်ထဲ နဲနဲ ရှင်းသွားတာပေါ့.. ကျေးဇူးပါပဲဆရာ.."
" အဲဒါတွေ လျှောက်ပြီး လိုက်တွေးနေရင် ခင်ဗျားတို့ ရည်းစားတောင် မရဘူးမှတ်"
" အင်း ..ဗေဒင်မှာအဲလိုပြောတော့ မေးရတယ်လေ မသိပဲကိုး ..."
" ဘယ်ဗေဒင်က ပြောလို့ လဲဗျ.."
" ကျနော်မေးတဲ့ ဗေဒင်ဆရာတယောက်ပါ .. ဓမ္မာသောက အင်းဝရာဇာဆိုလား လေ .. ၊ အဲဒါ ကျနော်က အဲလိုလဲ ဖြစ်၊ နက္ခတ် ကြည့်တော့လဲ သူက ဘီလူး နက္ခတ်"
" ဓမ္မာသောက ၊ အင်းဝ ရာဇာ ဘာဖြစ်လဲ .. ဘာမှ မဖြစ်ဘူး.. ဘက်တိုရီးယား နဲ့  ဒေးဗစ်ဘက်ခမ် ယူထားလိုက်တာမှ ကလေးတွေတစ်ပြွတ်ပြွတ်နဲ့ .. သူတို့ လည်း ဓမ္မာ ပဲ ဗျ.. "
၎င်း လူ ၊ နတ် ၊ ဘီလူး နက္ခတ် ခွဲခြားနိုင်ရန် အလွယ်တစ်ကူ တွက်ချက်နိုင်သည့် နည်းလမ်းမှာ
မိမိတွက်ချက်လိုသော သူ၏ မွေးဖွားသည့် မြန်မာခုနှစ်ကို ၃ ဖြင့်စားပါ။
၁ ကြွင်း ပါက - လူ နက္ခတ်
၂ ကြွင်းပါက - နတ် နက္ခတ်
ဝ ကြွင်းပါက - ဘီလူး နက္ခတ်
အဟောပိုင်းမှာ ..
လူ နက္ခတ် အား ဘီလူးနက္ခတ် မှ နိုင်၏
ဘီလူး နက္ခတ် ကို နတ် နက္ခတ် မှ နိုင်၏ ..
အိမ်ထောင်ရေးတွင်
လူ + လူ ၊
နတ် + နတ် ၊
ဘီလူး + ဘီလူး
ထိုကဲသို့  နက္ခတ် တူခြင်းပေါင်းလျှင် အဆင်ပြေသည်ဟု အကြမ်းဖျဉ်း ယူဆနိုင်၏ ။
လူ နှင့် ဘီလူး ပေါင်းဖက်ပါက မတည့် ၊ လူ နှင့် နတ် တည့် သည်အစရှိသဖြင့် ယူဆနိုင်၏ ။
လက်ရိုးပညာဖြင့် တွက်ချက်ရသည့် နက္ခတ် ရာသီစက်ဝိုင်းမှ စန်းယှဉ် နက္ခတ် ဖြင့် တွက်ချက်အဖြေထုတ်လျှင် ပိုမို တိကျသော ယူဆမှုများ ရရှိနိုင်သော်လည်း သာမန်လူများအဖို့  တွက်ချက်ရန်မှာ များစွာ အခက်အခဲ ရှိ၏ ။ သို့ သော်လည်း နည်းပညာခေတ်ကြီးတွင် တွက်နည်းသိရန်မလို ..
မွေးနေ့ ၊ မွေးချိန် ၊ မွေးရပ် သိယုံမျှဖြင့် လူ နက္ခတ် ၊ နတ် နက္ခတ်၊ ဘီလူး နက္ခတ် အလိုအလျောက် ခွဲပေးနိုင်သော ပရိုဂမ်များ ထည့်သွင်းထားသည့် website အကူအညီဖြင့် တွက်ချက်လိုသူအား မည်သည့် နက္ခတ် ဖြစ်ကြောင်း အလွယ်တစ်ကူ သိရှိနိုင်ပြီ ဖြစ်သည်။
လူ ၊ နတ် ၊ ဘီလူး နက္ခတ် တွက်ချက်ရန် မန္တလေး alpha သို့ ကြွပါ
နမူနာ ဇာတာ အနေဖြင့် ကျောက်ကြီးမြို့  တွင် မွေးဖွားသည့် ဇာတာရှင် ၂ ဦးအား ဆန်းစစ်ကြည့်ပါ . ။
ပထမတစ်ဦးမှာ ၁၈. ၀၆. ၁၉၈၃ စနေနေ့ မနက် ၄း၅၀ မှာ မွေးဖွားသည်။
- ၀က်ဆိုက်တွင် မွေးရက် ဆိုသည့် နေရာလေး၌ ၁၈ ရက် ၊ ၀၆ လ ၊ ၁၉၈၃ ဟု ဖြည့်လိုက်ပါ။
- မွေးချိန် ဆိုသည့် နေရာ၌ မနက်ဖြစ်သောကြောင့် ၀၄ နာရီ ၅၀ ဟု ဖြည့်လိုက်ပါ။
- မြန်မာနိုင်ငံမှ မြို့ များသာ ရွေးရန် ဆိုသည့် နေရာတွင် ကျောက်ကြီး ကို ရှာပြီး ဖြည့်လိုက်ပါ။
- ထိုသို့  ရွေးချယ်ပြီးပါက လောင်ဂျီကျူ ၊ လတ္တီကျူ ဆိုသည့် နေရာ၌ ဂဏန်းများ အလိုအလျှောက် ပေါ်လာပါမည်
- ဒေသ စံတော်ချိန် ၆း၃၀ ကို မပြောင်းလည်းဘဲ ထားပေးပါ။
- ပြီးလျှင် Go ဆိုသည့် ခလုပ် ကို နှိပ်လိုက်ပါ ။
ဇာတာရှင် အတွက် ထူးခြားချက်များ ဆိုသည့် အောက်တွင် ၄င်း ဇာတာရှင်အား မည်သည့် နက္ခတ် ဖြင့် စန်းယှဉ်ပြီး ဖွားမြင်သည် ဆိုသည်အား တွေ့ ရပါမည်
- ဥတ္တရာဖလဂုဏီ -လူ နက္ခတ်နှင့် နှင့် စန်းယှဉ် လျက် ဖွားမြင်သည်။ - ၃ဂါ-ပြ - ၀နေ-ဥစ် - ၈ဟု-ဥစ်
ပထမတစ်ဦးရဲ့  အချက်အလက်ကို ရပြီဆိုတော့ နောက်တစ်ဦး ကို တွက်ကြည့်ကြပါစို့ ။
မွေးနေ့ ကတော့ ၁၁ ရက် ၀၄ လ ၁၉၈၄ ခုနှစ် ဗုဒ္ဓဟူးနေ့ မနက် ၀၆း၁၅ မှာ ဖွားမြင်ပါတယ်။ အဲဒီဒေတာတွေကို ၀က်ဆိုက်မှာ ထည့်ပြီး တွက်ကြည့်လိုက်ရင်တော့
ဇာတာရှင် အတွက် ထူးခြားချက်များ ဆိုတာလေးရဲ့ အောက်မှာ အဲဒီ ဇာတာရှင်ကို ဘာ နက္ခတ် နဲ့ စန်းယှဉ်ပြီး ဖွားမြင်တယ်ဆိုတာ တွေ့ ရပါလိမ့်မယ်။
အဿလိဿ -ဘီလူး နက္ခတ်နှင့် နှင့် စန်းယှဉ် လျက် ဖွားမြင်သည်။ ၅တေး-တြိကောဏ ၂လာ-ကသစ် ၃ဂါ-ကသစ် ၆ကြာ-ဥစ် ၀နေ-ဥစ်
ဒါကြောင့် အဲဒီ ဇာတာရှင် ၂ ဦး မှာ တစ်ဦးက လူနက္ခတ် ဖြစ်ပြီးတော့  တစ်ဦးက ဘီလူးနက္ခတ် ဖြစ်တာကို တွေ့ ရပါလိမ့်မယ်။
ဝါသနာရှင်များ မိမိဇာတာနဲ့ ချစ်ချစ်ဇာတာ တွေကို တိုက်ဆိုင် စစ်ဆေးပြီး လူ ၊ နတ် ၊ ဘီလူး နက္ခတ် ဆိုပြီးတော့ စိတ်ကူးယဉ်နိုင်ကြပါပြီ
https://www.facebook.com/mudonwaingaung

Sunday, March 22, 2015

လက်သန်းကိုကြည့်ပြီးခန့် မှန်းကြည့်ရအောင်

သင့်ရဲ့  လက်သန်းလေး တွေကို ကြည့်လိုက်ပါ။ ( အမျိုးသား ဆို ဘယ်ဘက်၊ အမျိုးသမီး ဆို ညာဘက်။ ) လက်သန်းမှာ အပိုင်း သုံးပိုင်း ကန့် ထားပါတယ်။ အဲ သုံးပိုင်း အရ အရှည်ဆုံး အပိုင်း ရဲ့  အားသာချက်တွေပါ။
1. လက်သန်း ထိပ်ဆုံးက အရှည်ဆုံး ဖြစ်ပါတယ်။ သင်ဟာ... ဆွဲဆောင်မှု ရှိတယ်၊ ဘာသာစကားကြွယ်ဝတယ်၊ တစ်ယောက်ယောက်ကို ဖော်ပြတဲ့ အခါမှာ ကျွမ်းကျင်တယ်၊ လေ့လာ ခြင်း ကောင်းတာကြောင့် သူများတွေရဲ့  အရူးမလုပ်ခံရပါဘူး။
2.လက်သန်း အလယ်ပိုင်းက တစ်ခြား အပိုင်းတွေထက် ရှည်နေမယ်ဆိုရင် သင်ဟာ သူများ ကို စိတ်ရှည်လက်ရှည် နဲ့  ပြုစု စောင့်ရှောက်ဖို့  ပင်ကို ကောင်းပြီးသားပါ။ ကျန်းမာရေး နယ်ပယ်မှာ လုပ်နေတဲ့ ၀န်ထမ်းတွေ တော်တော်များများ ဒီလို လက်သန်းမျိုး ပိုင်ကြပါတယ်။
3. လက်သန်း အောက်ဆုံး အပိုင်းက ပိုပြီး ရှည်နေခဲ့မယ်ဆိုရင် သင်ဟာ လွတ်လပ်ခြင်းကို နှစ်သက်တယ်။ အပူအပင်မရှိတဲ့ ဘ၀ကို အေးအေး ဆေးဆေးနေချင်တယ်။ သင်ဟာ အချက်လက်လက် ကျကျ နဲ့  စကားကို ပြန်ပြောနိုင်စွမ်းရှိတယ်။
ထိုနည်းတူစွာ အဲ သုံးပိုင်း အရ အတိုဆုံး အပိုင်း ရဲ့  အားနည်း ချက်တွေပါ။
4. လက်သန်း အပေါ်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သင့်ကိုယ်သင် ဖော်ပြနိုင်မှု အားနည်းတယ်။ သင်ဟာ မွေးလာကတည်းက ရှက်တတ်တာကြောင့် သင့်ကိုယ်သင် နားလည် ရန်ခက်ခဲ့ပါတယ်။ သင်ဟာ အပေါင်းအသင်းတွေ ကြားမှာတော့ သိပ် ထင်ပေါ် ကျော်ကြားခြင်းမရှိပါဘူး။
5. လက်သန်း အလယ်ပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သစ်စာရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။ သင့် စိတ်သဘောထားတွေက အမြဲတမ်း တူညီနေသလို သင့် ဟာ လိုက်လျောညီထွေစွာ မပြောင်းလဲတတ်ပါဘူး။ ဒါဟာ အားသာချက် ဖြစ်ပေမယ့် တစ်ဖက်မှာတော့ သင်ဟာ ခေါင်းမာတတ်တဲ့လူတစ်ယောက် ဆိုတာ ဖော်ပြနေပါတယ်။
6.လက်သန်း အောက်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ တစ်အား ရိုးစင်းပြီး သူများ အပေါ် ခဏလေး နဲ့ ယုံတတ်ပါတယ်။ တစ်အား ရိုးတော့ တစ်ခါ တစ်လေ သူများ အပေါ် မယဉ်ကျေးတာမျိုး မသိနားမလည်တာမျိုး ဖြစ်တတ်ပါတယ်။
၁ ကနေ ၃ က အရှည်ဆုံး အပိုင်း ကို တိုင်း.. ပြီးမှ အားသာချက် ဖတ်..။
အောက်က ၄ ကနေ ၆ က ဘယ်ဟာ အတိုဆုံး တိုင်း.. အဲတာပြီးမှ အားနည်းချက် ဖတ်..။
တစ်ခုထဲ မဟုတ်ဘူးနော်.. အပေါ် ၁ ကနေ ၃ က အားသာချက်.. ၄ ကနေ ၆ က facebook

သင်ရဲ. နာမည် ကို မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင်.ရဲ. စရိုက် ကို ခန်.မှန်းနိုင်ပါတယ်

သင်ရဲ. နာမည် ကို မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင်.ရဲ. စရိုက် ကို
ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည်.လိုက်လေ။မှန်မမှန်comentပေးခဲ့ဦးနော် လုပ်နည်းက ဒီလို
M = အောင်မြင်မူ တွေ သင်အလွယ်တကူရတယ်
O = သင်ဟာ အင်မတန် ပွင်.လင်း တဲ.သူ
E = သင်.ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ.သူပဲ

သဘောပေါက်ပြီးနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ. A ကနေ Z ထဲ က သာရှာကြည်.
ကျပေတော.။
A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည် သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်.ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ.သူပဲ
F = သင်.မှာ ချစ်မွေး ပါတယ်
G = သင်.ဟာ လူတွေ ကို အကဲခက်အရမ်းတော်တယ်
H = သင်.မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရူစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေ သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင်.လင်း တဲ.သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည်.ရှိတယ်
Q = သင် ဟာ သူတော်ကောင်းယောင်ဆောင်ထားတယ်
R= သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင်.မှာ ကြီးမားတဲ. ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို. မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင်.မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ.တယ်
Z= သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ. ရန်ဖြစ်နေရမှ ကျေနပ်တယ်
facebook

အမျိုးသားတွေအတွက် သီးသန်

ဒီဗေဒင်ဟောကိန်းလေးက အမျိုးသားတွေအတွက် သီးသန့်ဟောကိန်းလေးပါ။ ဘယ်လိုမိန်းမမျိုးရမလဲဆိုတဲ့
မေးခွန်းလေးက အမျိုးသားလူလွတ်တို့အသိချင်ဆုံး မေးခွန်းလေးပါ။ ကြီးမှာလား၊ ငယ်မှာလား၊ စစ်၊ မစစ်။
ဒါလေးတွေ သိချင်တာပေါ့။ မြန်မာရိုးရာနည်းလေးတစ်ခု ရှိပါတယ်။ လက်ဆင့်ကမ်း ဖော်ပြလိုက်ပါတယ်နော်။
ပထမဆုံး မွေးသက္ကရာဇ်ကိုတော့ သိဖို့လိုတယ်။ မြန်မာခုနှစ် မွေးသက္ကရာဇ် ဖြစ်ရမယ်။ငှင်းကိုတည်ပြီး (၄) နဲ့
မြှောက်၊ ရလာတဲ့ ကိန်းဂဏန်းကို (၇)နဲ့စား၊ အကြွင်းကို ကြည့်ပြီးဟောကိန်းထုတ်ထားတာကို ဖတ်ကြည့်ပါ။
လိုချင်တဲ့ အဖြေကိုရပါလိမ့်မယ်။
ဆိုလိုတာက ၁၃၄၀ မှာမွေးတဲ့ အမျိုးသားတစ်ဦး ဘယ်လိုမိန်းမမျိုးနဲ့ ရမလဲဆိုပါစို့။
၁၃၄၀ x ၄ = ၅၃၆၀ ရပါတယ်။
၅၃၆၀ / ၇ (အကြွင်း ကိုရှာရမယ်)
အကြွင်း (၅) ရပါတယ်။ အကြွင်း (၅) ဆိုတဲ့နေရာ ဖတ်ရုံပေါ့။ မွေးနှစ်တူတွေ အားလုံးအတွက် တစ်ပုံစံတည်း
ဖြစ်နေမှာပေါ့ဆိုတဲ့ မေးခွန်းမေးသင့်တယ်။ ဟုတ်ပါတယ်။ ကိန်းခြင်းအတူတူပါပဲလို့ ပြန်ဖြေပါမည်။
တကယ်တန်းလက်တွေ့ အခြေခံတူတာ ချင်းကိုလည်းတွေ့ရပါတယ်။
"ထင်မြင်ချက်လေးပေးခဲ့ဦးနော်"

အကြွင်း (၁) ။ ရခဲ့ရင် အတော် ကံကောင်းပါပေတယ်။ ကိုယ်ရမယ့် မိန်းကလေးက
အလွန်သန့်စင်တဲ့မိန်းကလေးပါ။ ကိုယ်ကျင့်သိက္ခာလုံအောင် ထိန်းတဲ့သူ။ အတွေ့အကြုံကလည်း
မရှိသလောက် ပါဘဲ။ရည်းစားတောင်မှ ထားဖူးရဲ့လား မသိ။ အေးအေးနေတတ်တယ်။
လုပ်ငန်းတစ်ဖက်၊ ပညာတစ်ဖက်ဘ၀တိုက်ပွဲဝင်နေတဲ့သူ။ ကိုယ်ပိုင်အစွမ်းအစနဲ့
အသက်မွေးနိုင်တယ်။ ဥာဏ်ကောင်းတယ်။ တစ်ခါတစ်ခါနွဲ့ဆိုးဆိုးတတ်တယ်။
တည်တည်ကြည်ကြည်နေတယ်၊ သွက်သွက်လက်လက်နဲ့ မိန်းမသားပါပဲ။ ခေတ်မီတယ်။
ဒါပေမဲ့ ခေတ်မဆန်ဘူး။ သိပ်သ၀န်ကြောင်တတ်တာ။ သူ့ရှေ့မှာ သွားပြီး တခြားသူအကြောင်း
သွားမပြောလေနဲ့နော်။ စိတ်ကောက်ပြီး ချော့လိုက်ရမှာ အမော။ကိုယ့်နဲ့အဆင်ပြေမယ်။
တစ်ခါတစ်လေ အလွန်လူကြီးဆန်ပြီးအများအားဖြင့် ကလေးဆန်တတ်တဲ့အတွက်
ကိုယ့်မိဘနဲ့တော့ ပြသနာပဲ။ ဘာပဲပြောပြော ကိုယ့်အပေါ်မှာ သစ္စာထားတဲ့သူပေါ့။

အကြွင်း (၂)။ ရခဲ့ရင် ကိုယ့်နှလုံးသား ကိုယ်ပြန်စစ်ကြည့်။ မေတ္တာတရားမှာ အပေးသမား
သက်သက်ပါပဲ။ ကိုယ့်ကခွင့်လွှတ်တတ်တယ်။ သနားတတ်တယ်။ ကိုယ့်ရမယ့်အိမ်ထောင်က ကရုဏာအပေါ်အခြေတည်တဲ့ အိမ်ထောင်မျိုး။ ကိုယ့်နဲ့အကြောင်းပါမဲ့ မိန်းကလေးခမျာ ဘ၀မှာ လူလည်လူရှုပ်တွေရဲ့ လှည့်စားမှုခံရပြီး အသည်းကွဲဒဏ်ရာတွေနဲ့။ သူရဲ့ နောက်ကြောင်းကိုလည်း မခြွင်းမချန် ပြောပြမှာပါ။ သဘောထားကြီးကြီး နဲ့ သူ့ဘ၀ကို သိမ်းပိုက်ကာကွယ်ပေးရမှာ။ သူက အတိတ်လူဟောင်းဆီ စိတ်ညွှတ်မသွားပါဘူး။ ကိုယ်နဲ့ အိမ်ထောင်ကျပြီး အလွန်သာယာတဲ့ အိမ်ထောင်တစ်ခုကို တာဝန်ကျေစွာ တည်ဆောက်မှာပါ။ အချောအလှလေးပါ။ ဘ၀က မလှပေမယ့် ရုပ်ဆင်းရူပကာ အလုံးစုံ ငေးရလောက်အောင် လှပတဲ့သူ။ အိမ်ထောင်ကို နိုင်နိုင်နင်းနင်း ထိန်းမှာ။
လုပ်တတ် ကိုင်တတ်။ ကိုယ့်မိဘအသိုင်းအ၀ိုင်း အရိပ်အောက်ကို ၀င်လာမှာ။ အောက်ကြိုပြီး ဆက်ဆံမှာ။ နောက်ဆို ကိုယ့် မိဘတွေကတောင် သမီးအရင်းလေးလို ချစ်မှာ။
အကြွင်း(၃)။ ရခဲ့ရင်တော့ ဆွေကြီးမျိုးကြီးထဲက ဖြစ်ဖြစ်။ မြင့်မြတ်သော အမျိုးအနွယ်ကဖြစ်ဖြစ်
ဒီလိုမိန်းကလေးနဲ့ အိမ်ထောင်ကျမှာ။ ဂုဏ်ပကာသန ၀န်းကျင်အလယ်ကပေါ့။ တော်တော်မာန
ကြီးမှာ၊ စိတ်ကြီး၊ ခေါင်းမာ၊ ပညာတတ် နှလုံးသာချိုသော်လည်း ဘုဂွပြောတတ်ပြီး တော်ရုံတန်ရုံ
ကိုအဖက်မလုပ်တတ်တဲ့ မိန်းကလေးမျိုးဖြစ်သည်။ ပညာအတတ်ကို အခြေတည်ပြီး အသက်
မွေးတဲ့မိန်းကလေး။ တစ်ခုတော့ ပြောမယ်။ အိမ်ထောင်ကျပြီးရင် ကိုယ့်အသိုင်းအ၀န်းထဲ သူ
ဝင်မှာမဟုတ်ဘူး။ သူအသိုင်းအ၀န်းထဲ ကိုယ့်ရောက်လိမ့်မယ်။ အနိုင်လိုတာ မဟုတ်ပေမယ့်အနိုင်
ကျင့်တာ ၀ါသနာပါတယ်။ သူနဲ့ အိမ်ထောင်ကျပြီး အပေါင်းအသင်း၊ သူငယ်ချင်းမိတ်ဆွေထဲမှ
ခပ်ညံ့ညံ့လာလည်ရင်တောင် ရန်ဖြစ်မှာ။ ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်လေ။ အိမ်ထောင်
ကြောင့် ဘ၀မှာ ထူးထူးခြားခြား တိုးတတ်မှုလေးတွေရမှာ။ သူကလည်း ကိုယ့်ကို တိုက်တိုက်တွန်း
တွန်းလေး အလုပ်လုပ်ခိုင်းမှာ။ ကွယ်ရာမှာ သူငယ်ချင်းတွေက မိန်းမကြောက်လို့ ပြောရင် ငြိမ်ခံ
ပေရော့။
အကြွင်း(၄)။ ရခဲ့ရင် အတော်က္ကနြေ္ဒကြီးပြီးမြင့်တဲ့ အသိုင်းအ၀န်းကြားက တင့်တယ်တဲ့ မိန်းကလေး
ကိုယ့်ဘ၀ထဲ တိုးဝင်လာမှာ ပင်တိုင်စံနဲ့ စောင်သမားလေးဇာတ်လိုပေါ့။ သူမက ချစ်လွန်းလို့ အရာ
ရာကိုစွန့်ပြီး ဘ၀ကိုပုံအပ်မှာ၊ လေးစားဖို့ကောင်းတဲ့ မိန်းမသားပေါ့။ ဘ၀အတွေ့အကြုံကလဲနည်း၊
ပင်ကိုကလည်း ကျောင်းနဲ့အိမ် ဖြတ်သန်းတဲ့ခဲ့တာဆိုတော့ ဘ၀ကလည်း ပြည့်ပြည့်စုံစုံနဲ့ အေးချမ်း
ဖြစ်သန်းလာပီး၊ သန့်ဇင်လှတဲ့ သဇင်ပန်းလို တော်ဝင် မိန်းမမျိုးနဲ့ ဆုံစည်းရမှာပါ။ ကိုယ့်ဘ၀ကို သူ
ငယ်ချင်းတွေကတောင် မုဒိတာပွား ကြပါလိမ့်မည်။ အလွန်သည်းခံတတ်၊ ခွင်လွှတ်တတ် ပေမယ့်
မဟုတ်တာတော့ သွားမလုပ်လေနဲ့ မီးပွင့်သွားမယ်။ မာနခဲမလေး၊ ကိုယ့်မိဘနဲ့ အဆင်ပြေမည်။
အရာရာ ကိုယ့်သဘောပဲ၊ အလုပ်ထွက်လုပ်ချင် လုပ်လိမ့်မည်။ အိမ်ထောင်ကိစ္စ မလစ်ဟာစေရဘူး။
မိန်းမရ ကံကောင်းပါတယ်။ ဒါပေမဲ့ မိန်းမနောက်တစ်ယောက် ရှုပ်ဖို့ မစဉ်းစားနဲ့ ခံနေမှာမဟုတ်ဘဲ
တစ်ခါတည်း အပြီးပြတ်စဲပြီး လှည့်တောင်မကြည့် ဘဲ ကွဲပစ်လိုက်မှာ၊ သဘာထားကြီး ခေတ်မှီပေ
မယ့် ဒီကိစ္စမျိုးတော့ လုံးဝ ခွင့်မလွှတ်တတ်ဘူး။
အကြွင်း(၅)။ ရခဲ့ရင်တော့ ကိုယ့်လူအိမ်ထောင်ကျမယ့် အမျိုးသမီးကတော့ ဆိုရှယ်ခပ်ကျကျထဲကပဲ။
အတော်ခေတ်ရှေ့ပြေးမှာ၊ ဘိုဆန်မှာ၊ ၀တ်တာစားတာ နေတာထိုင်တာ ပြောတာဆိုတာက အစ ခေတ်
စကားနဲ့ပြောရရင် Hot short ပေါ့။ လိုကိုယ့်နဲ့တွဲသွားရင်တောင် သူများက ငေးကြည့်ရအောင် စတိုင်ကျ
မှာ။ ခေတ်မီတဲ့ အပြင်အဆင်၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ လက်သည်းခြေသည်းနီ နဲ့ ကြွေရုပ်လေးလိုပေါ့။
စူပါတ်ကြီးတွေမှာ ချိတ်ထားတဲ့ ဟန်ပြမယ်တွေနဲ့ အပြိုင် စတိုင်ကျ စမတ်ကျကျပဲ။ ရည်းစားများတာ
လာမပြောနဲ့။ ကိုယ့်တောင် သနားလို့ ယူထားတာ။ အိမ်ထဲမှာ ပိတ်လှောင်ထားဖို့ စိတ်မကူးလေနဲ့။
လွတ်လပ်မှုကို မြတ်နိုးပြီး ကိုယ်ပိုင်အစွမ်းအစ နဲ့ ကိုယ့်တိုင် အလုပ်လုပ်ရမှ ကျေနပ်မှာ။ တစ်ခါတလေ
(ရှင်က တော်တော် ခေတ်နောက်ကျတာပဲ တောကျလိုက်တာ) စသဖြင့်။ သူနဲ့ အိမ်ထောင်ကျပြီး နိုင်ငံ
ခြားမှာ သွားအလုပ်လုပ်ဖို့ ပြောလွန်းလို့ သွားနေရဦးမှာ။ အပေါစား လုံးဝမသုံးဘူး။ တံဆိပ်ဆိုရလည်း
အမြင့်စားမှ။ BRANDED ဆိုတဲ့ စကား နှုတ်ဖျားမှာ ချမှာမဟုတ်ဘူး။ အိမ်မှာတော့ ထမင်းချက်ကောင်း
ကောင်းခန့်ထားဦး။ တစ်ခါတလေ စိတ်ပါမှ သူကချက်ကျွေးမှာ။ သူနဲ့စတွဲပြီး အိမ်ထောင်ကျပြီး ကိုယ်
တောင် ဘောင်းဘီဝတ်၊ ပေါင်မုန့်စား ဖြစ်လာလို့ လမ်းထွက်ရင်တောင် သူငယ်ချင်းတွေက မှတ်မိမှာ
မဟုတ်ဘူးနော်။

အကြွင်း (၆)။ ရခဲ့ရင်တော့ မေတ္တာကြီးမား လှတဲ့ အမျိုးသမီးနဲ့ရမှာ။ သူနဲ့ကိုယ်နဲ့ အတွင်းသိ
အဆင်းသိ။ သူငယ်ချင်းလို မိတ်ဆွေလိုက တစ်ဆင့် (နင်)ရယ်၊ (ငါ) ရယ်၊ ကနေ (မောင်)ရယ်၊
(ကို)ရယ်၊တွေဖြစ်လာတာ။ သူနဲ့မရခင် ကိုကလည်း ရည်းစား များများ။ ဒါတွေ သူသိပြီးသား။
ဒီကြားထဲမှာ သူငယ်ချင်းလိုကနေမမျှော်လင့်ဘဲ ရေစက်ပါတယ် ဆိုရမလား မသိဘူး။ တစ်ဦးနဲ့
တစ်ဦး သံယောဇဉ်တွေ လွန်ကဲ ပြီးချစ်ကြမှာ။ဆုံဖို့ အရေးလည်း ခက်ခက်ခဲခဲပဲ။ အိမ်ထောင်ကျပြီး
သူ့မေတ္တာရိပ်မှာ အတော်တည်ငြိမ် သွားမှာ။တစ်ဦးနဲ့တစ်ဦး သံယောဇဉ်တွေလွန်ကဲပြီးချစ်ကြမှာ။
ဆုံဖို့ အရေးလည်း ခက်ခက်ခဲခဲပဲ။ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်မှာ အတော်တည်ငြိမ်သွားမှာ။
ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်၊ နှစ်ယောက် သွားအတူလာအတူ။ ဒီမိန်းကလေးကချစ်တတ်တယ်။
သဘောထားကြီးတယ်။ ကိုယ့်အပေါ် နားလည်တယ်။ ကိုယ့် အသိုင်းအ၀ိုင်းနဲ့ ညီညွတ်မယ်။
ကိုယ့်နဲ့ အိမ်ထောင်ကျပြီး သူလုပ်နေတဲ့ အလုပ်ကထွက်ပြီး ကိုယ့် အလုပ်ကို ကူလုပ်လိမ့်မယ်။
နှစ်ယောက် ပေါင်းပြီးစီးပွားကြီး၊ လုပ်ငန်းကြီးတွေလုပ်ပါ။ တွဲဖက်တကယ်ညီတာ။ သူချက်ထားတဲ့
ဟင်းမှ စားစေချင်တာ။ တစ်ခါတစ်လေ နေမကောင်းတဲ့ကြားမှ ကိုယ့်အ၀တ်တွေ ၀င်လျှော်၊
အပြင်သွားဖို့ အ၀တ်အစားစီစဉ်ပေးတာ အစရေချိုးပြီး အိမ်နေရင်း အ၀တ်တောင်သူ့လက်နဲ့
ထုတ်ပေးရမှ ကျေနပ်တာ။ ငယ်သူချင်း တွေက နောက်ပြောင်ကြလိမ့်မယ်။ မိန်းမနားတစ်ချိန်
လုံးကပ်နေတာပဲ လို့.... စိတ်မဆိုးနဲ့ သူတို့က ကိုယ့်ကို အားကျနေကြတာပါ။

အကြွင်း(၀)။ ရခဲ့ရင်တော့ အတော်လေးကို ထူးခြားတဲ့ အိမ်ထောင်ရေးကို ရပါလိမ့်မယ်။
ကိုယ့်ရတဲ့မိန်းမကကိုယ့်ထက်အသက်ကြီးမယ်။ မမ နဲ့ မောင်လေး ပေါ့။ ဒါမှမဟုတ်
ဘာသာလူမျိုးတစ်ခုခု ကွာခြားမယ်။ပညာဖြစ်စေ၊ ဂုဏ်ဖြစ်စေ၊ အသက်အရွယ်ဖြစ်စေ
မိမိထက်ကြီးမှာ ဖြင့် သေချာပါတယ်။ ကိုယ့်အပေါ်အတော်အလိုက်သိမယ်။အလိုလိုက်မယ်။
စိတ်ချမှာလည်း မဟုတ်ဘူး။ အရိပ် တကြည့်ကြည့်နဲ့။ သိပ်ပြီးအလှပြင်မှာပဲ။ အသက်ကြီးတဲ့
သူကို အလှပျက်လို့ ပစ်သွားမှဖြင့် ဆိုတဲ့ မသိစိတ်ကလေးက စိုးမိုးနေမှာ။ဒီစိတ်ကလေး
သူရင်ထဲ ပျောက်သွားအောင် လုပ်ပေးရမှာ ကိုယ်ပဲပေါ့။ ကိုယ်အပေါ်မှာ မိခင်တစ်ယောက်
ငဲညှာချစ်ခင်မယ်။ ဦးစားပေးမည်။ ကိုယ်နွဲ့သမျှ ဒဏ်ခံမယ်။ တစ်ခုခုစိတ်အလိုမကျရင်
မျက်ရည်လေးနဲ့ တကယ်ချစ်လို့ ကိုယ့်ဘ၀ထဲ အခက်အခဲများရင်ဆိုင် ပြီး လက်တွဲကြတာ
ကိုတော့ ဘယ်တော့မှမမေ့နဲ့ပေါ့ဘာပဲဖြစ်ဖြစ် မ ရဲ့ မောင်လေးဘ၀မှာ အေးချမ်းတဲ့မေတ္တာရိပ်
အောက်မှာ ပျှော်ရွင်နေတဲ့ ဘ၀လေးကို ထူထောင်ရမှာပါ။ မိန်းကလေး ခေတ်ပညာတတ်။
ကိုယ်စွမ်းကိုယ်စနဲ့ သူတစ်ပါးကို ဆရာလုပ် အမိန့်ပေးတဲ့ လူမျိုးပေါ့။


ဒီဟောကိန်းလေးကို ဖတ်ပြီးတော့ ကိုယ်တိုင်လည်း တွက်ကြည့်ပြီးရင် သူငယ်ချင်းတွေ ကိုလည်း ဗေဒင်ပြန်
ဟောကြည့်ပေါ့။
အိမ်မှာရှိတဲ့ အစ်ကိုလူပျိုကြီးတွေ ဦးလေးတွေဘာချန်မထားဘဲ တွက်ကြည့်ပြီး ဟောကိန်းထုတ်ပေးလိုက်ပါ
နော်။ (စံ -ဇာဏီဘို) အချစ်ဗေဒင် မှ ကူးယူ ဖော်ပြပေးလိုက်ပါတယ်facebookကဖတ်လိုပါကဒီမှာနှိပ်ပါ