Wednesday, August 28, 2019

လှည့်စားတတ်သောစိတ်သဘာဝနှင့် မည်သို့ ရုန်းထွက်ရမည်နည်း?

လှည့်စားတတ်သောစိတ်သဘာဝနှင့်
မည်သို့ ရုန်းထွက်ရမည်နည်း?

မင်းရဲ့ စိတ်ဟာ အကြီးမားဆုံး
လှည့်စားတတ်သူဖြစ်တယ်...

- John Kehoe

၁။

စိတ်၏ အရူးလုပ်ပုံ
လိုချင်တာမရသေးတဲ့အခါ
တန်ဖိုးမြင့်တယ်လို့မြင်ပြီး
မရရအောင် နည်းမျိုးစုံသုံးပြီး
ကြိုးစားတယ်။

လိုချင်တဲ့ အရာရလာတဲ့အခါ
နောက်ထပ်အသစ်တွေ ထပ်လိုချင်လာပြီး
တချိန်က လိုချင်ပြီး ရရှိပိုင်ဆိုင်ခဲ့တာတွေကို
တန်ဖိုးမထားချင်တော့ဘူး

မရသေးတော့တမျိုး
ရတော့ တမျိုးလေ...

၂။

လိုချင်တဲ့အရာတွေ ရဖို့နီးလာလေလေ
 မျှော်လင့်ထားတာနဲ့
အခြေအနေ ထပ်တူမကျလေပါပဲ။

လူတယောက်ကို အပေါ်ယံစသိချိန်နဲ့
သူ့အကြောင်း ထဲထဲဝင်ဝင်သိလာတဲ့အခါ
ကွဲပြားသွားတာနဲ့ ဥပမာ ပြရမယ်။
အကြောင်းခြင်းရာကို သေသေချာချာ
မသိသေးတဲ့စိတ်ဟာ အန္တရာယ်ရှိတယ်။

စိတ်ဟာ ပညာဥာဏ် နဲ့ မပေါင်းစပ်နိုင်ချိန်မှာ
အပေါ်ယံ အသွင်အပြင်တွေရဲ့
လှည့်စားတာ ခံရတတ်တာ သတိပြုဖို့
အရေးကြီးပါတယ်

ပညာဥာဏ် ကသာ
အနီးအဝေးမတူပုံ
အပေါ်ယံနဲ့
အတွင်းပိုင်းမတူတာကို
ပိုင်းခြားသိနိုင်တယ်

ပညာဥာဏ်ဖြင့် ဦးဆောင်ပြီး လုပ်ပါ။

၃။

စိတ်ခံစားချက်ဆိုး ဆိုတာတွေဟာ
အတွေးလမ်းကြောင်းလွဲချော်တိုင်း
အစာအာဟာရ ရွေးချယ်မှု မမှန်တိုင်း ပေါ်လာတတ်သော သတိပေးချက်တွေဖြစ်တယ်

၎။

ကျားမစိတ်သဘာဝနှင့် ကျင့်စဉ်

ကျားစွမ်းအင် မစွမ်းအင်ဆိုတာ နှလုံးသား နဲ့ဆိုင်တယ်

သိပ်ချောသိပ်လှပြီး နုနှယ်တဲ့ မိန်းမပျိုလေးဟာ ကေသရာဇာခြင်္သေ့မင်းရဲ့နှလုံးသားပိုင်ရှင်ဖြစ်နေတတ်သလို...

ကြွက်သားအပြိုင်းပြိုင်းနဲ့သန်မာတဲ့ လုလင်ပျိုလေးမှာ
ယုန်သူငယ်လေးလို ကြောက်တတ်တဲ့
နှလုံးသားရှိနေတတ်တယ်...

ကျုပ်ရဲ့ ကျင့်စဉ် အနှစ်ချုပ်

ကျုပ်ဟာ
ပညာရှိတဲ့ ယုန်သူငယ်လေးလို ပြုမူတယ်
ကေသရာဇာခြင်္သေ့မင်းလို ရဲရင့်တဲ့နှလုံးသား
တပ်ဆင်ထားပြီး
သိန်းငှက် တကောင်လို အစွမ်းထက်မြက်နေအောင်
လေ့ကျင့်နေပါတယ်...

၅။

လိုချင်နေသ၍
ပူလောင်ရမယ်
မလိုချင်ရင်လည်း
ပျင်းသွားတတ်တယ်
အကျိုးအကြောင်း ခိုင်မာတဲ့
လိုချင်တာ ပဲ ဖြစ်သင့်တယ်...

ဒုက္ခ ဖြစ်စေတဲ့
သမုဒယတွေကို
မလိုချင်မိဖို့ပဲ...

( ပူလောင်ဆင်းရဲမှု ကိုရစေမယ့် လုပ်ရပ်တွေကို
လိုချင်တာ မဟုတ်ရဘူး)

နိရောဓဆိုက်စေမယ့်
မဂ္ဂကိုသာ လိုချင်ရမယ်...
(လွတ်မြောက်မှု ကိုရစေမယ့် လုပ်ရပ်တွေကို
လိုချင်တာပဲ ဖြစ်သင့်တယ်)

ဗုဒ္ဓရဲ့  သစ္စာလေးပါးကို သာမန်လူနားလည်စေမယ့်စကားနဲ့ပြောကြည့်တာပါ။

တွေးစရာတွေ ရမယ် ထင်ပါတယ်

၆။

အကုသိုလ် စိတ်ကို
ကုသိုလ်စိတ် နဲ့အစားထိုး
အကုသိုလ် တကူးတက ရှောင်နေစရာမလိုတော့ဘူး
အကုသိုလ် ဆိုတာ အားနေတဲ့စိတ်မှာပဲ ဖြစ်တာ

ဥပမာ ဝါသနာ ပါရာ ကောင်းသောအမှုကိုလုပ်ပြီး ပျော်နေတာကုသိုလ်စိတ်။
ကိုယ်မနှစ်သက်တာတွေ လုပ်ရင်း ဒေါသထွက်နေရင် အကုသိုလ်စိတ်ပဲ။

ကုသိုလ်စိတ်ကိုသာ ရွေးချယ်ပါ။

အခက်အခဲ ဆိုတဲ့အရာတွေဟာ ကိုယ့်ကိုအသေမသတ်နိုင်ခဲ့ရင် ပိုပြီးသန်မာလာစေဖို့သာဖြစ်တယ်ဆိုတာသိလာလေလေ အခက်အခဲတွေကို ချစ်တတ်လာလေပဲ...
အခက်အခဲတွေကို ရင်ဆိုင်နိုင်မှ
ပညာဥာဏ် ရင့်သန်မယ်။

With love,
Sayar Thein

0 comments:

Post a Comment