Wednesday, April 24, 2019

ရင့်ကျက်ခဲ့ပြီ

ရင့်ကျက်ခဲ့ပြီ

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်တတ်လာတဲ့အခါ လိုချင်တာထက် လိုအပ်တာကို ရွေးချယ်တတ်လာတဲ့အခါ သင်ဟာ ရင့်ကျက်လာပါပြီ။

နှလုံးသားထက် ဦးနှောက်ကို ဦးစားပေးတတ်လာတဲ့အခါ ပေးဆပ်ခြင်းမှာ မျှော်လင့်ချက်တွေ မထည့်တတ်တော့တဲ့အခါ ရသင့်ရထိုက်တဲ့ အတိုင်းအတာတစ်ခုကို ကျေကျေနပ်နပ် လက်ခံတတ်လာတဲ့အခါ သင် ရင့်ကျက်လာပါပြီ။

စွန့်လွှတ်လိုက်ရတဲ့ အရာတွေအတွက် ၀မ်းမနည်းတတ်တော့တဲ့အခါ မပိုင်ဆိုင်လိုက်ရတဲ့ အရာတွေအတွက် ပူဆွေးမနေတော့တဲ့အခါ ဒဏ်ရာရတိုင်း မငိုကြွေးတတ်တော့တဲ့အခါ ကိုယ့်နာကျင်မှုကို လူတိုင်းကို လှစ်ဟမပြတတ်တော့တဲ့အခါ သင်ဟာ ရင့်ကျက်လာပါပြီ။

မနက်ဖြန်ကို မျှော်မကြည့်ပဲ ဒီနေ့ကိုပဲ ကျေနပ်လာတဲ့အခါ စိတ်ကူးတွေနဲ့ ရွက်မလွှင့်ပဲ လက်တွေ့အလုပ်တွေကိုပဲ ကြိုးစားလာတဲ့အခါ အနာဂတ်ကို ကြိုတွေးပြီး ပူပန်ခြင်းတွေနဲ့ မရှင်သန်တတ်တော့တဲ့အခါ သင်ဟာ ရင့်ကျက်လာပါပြီ။

အပိုအလုပ်တွေနဲ့ အချိန်မဖြုန်းတတ်တော့တဲ့အခါ နေရာတိုင်းကို လိုက်မခံစားတတ်တော့တဲ့အခါ ပြဿ နာရပ်တိုင်းကို ခေါင်းအေးအေးထား ဖြေရှင်းတတ်လာတဲ့အခါ သင်ဟာ ရင့်ကျက်လာပါပြီ။

ရင့်ကျက်သူတစ်ယောက် ဖြစ်ဖို့ဆိုတာ သိပ်တော့ မလွယ်လှပါဘူး။ရင့်ကျက်ခြင်းဟာ အသက်အရွယ်နဲ့လည်း မဆိုင်ပါဘူး။

တမင်တကာ ဖန်တီးလုပ်ယူလို့လည်း မရပါဘူး။ပေးစပ်မှုတွေ၊စွန့်လွှတ်မှုတွေနဲ့ ဒဏ်ရာတွေကြားကနေ သိုသိုသိပ်သိပ် ရရှိခဲ့ရတာပါ။

တည်ငြိမ်ရင့်ကျက်နေတဲ့ လူသားတိုင်းရဲ့နောက်ကွယ်မှာ သွေးထွက်လွန်ခဲ့တဲ့ ဒဏ်ရာအချို့နဲ့ ခါးသပ်သပ်ခံစားချက်တွေ ရှိခဲ့ဖူးကြပါတယ်။

0 comments:

Post a Comment