“ အကုသိုလ်မှ အမြတ်ဆုံးကုသိုလ်သို့
”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မကောင်းမှုများကို စိတ်ဖြင့်ရှောင်ခြင်းသည် မြတ်သော
မင်္ဂလာမည်၏။
အာရတီပါပါ ဧတံ မင်္ဂလမုတ္တမံ။
မကောင်းမှုများကို စိတ်ဖြင့်ရှောင်ခြင်းသည် မြတ်သော
မင်္ဂလာမည်၏။မကောင်းမှုတွေ ဟူသမျှကို၊ မတွေခင်က
ရှောင်ကြဉ်လေ။
တစ်ခ်တုန်းက သူဋ္ဌေးသားတစ်ယောက်ဟာ လမ်း
တစ်နေရာမှာရပ်နေပါတယ်။ အဲဒီအချိန်မှာပဲ သူဋ္ဌေးသားရဲ့
ရှေ့မှာ အလွန်လှတဲ့လင်မယားနှစ်ယောက် လျှောက်
လာပါတယ်။ သူဋ္ဌေးသားဟာ လင်မယားနှစ်ယောက်ကို
ကြည့်ရင်းကြည့်ရင်းနဲ့ ဘာဖြစ်လာသလဲဆိုတော့
မျက်လုံးထဲမှာ ယောက်ျားလုပ်သူကို မမြင်တော့ဘဲ
မိန်းမလုပ်သူကိုပဲ မြင်တော့ပါသတဲ့။
ဒီတော့ သူဋ္ဌေးသားရဲ့စိတ်ထဲမှာ ဘာတွေဖြစ်လာ
သလဲဆိုတော့ ကိုယ့်ရှေ့မှာလျှောက်လာနေတဲ့
အမျီုးသမီးအပေါ်မှာ ပြစ်မှားလိုတဲ့စိတ်တွေ
တဖွားဖွား ပေါ်ပေါက်လာပါသတဲ့။
သူဋ္ဌေးသားဟာ အမျီုးသမီးကို မျက်တောင်မခက်ဘဲကို
ကြည့်နေမိရင်း အဘိဓမ္မာသဘောတရားတစ်ခု ဖြစ်တဲ့
ရူပါရုံနဲ့ စက္ခုပသာဒ ပေါင်းဆုံမိခြင်းကြောင့် ရာဂ
ဆိုတဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက်မွေးဖွား
နေပါတော့တယ်။ သူဋ္ဌေးသားကသာ အမျီုးသမီး
ကြည့်ပြီး ရာဂဆိုတဲ့သားတွေ တစ်ယောက်ပြီး တစ်ယောက်
မွေးဖွားနေတာ၊ အမျီုးသမီးဖြစ်သူကတော့ သူဋ္ဌေး
သားကို သတိမထားမိပါဘူး။ သူခင်ပွန်းနဲ့သူ ရယ်လို့
မောလို့စကားတပြောပြောနဲ့ပါ။
သူဋ္ဌေးသား ဖောက်ပြန်ပြစ်မှားတဲ့စိတ်တွေ ဖြစ်နေဆဲမှာပဲ
စုံတွဲလင်မယားနှစ်ယောက်က သူဋ္ဌေးသားရဲ့ ရှေ့က
ဖြတ်သွားပါတယ်။ သူဋ္ဌေးသားက လင်မယားနှစ်ယောက်
သူရှေ့ကဖြတ်ကျော်သွားမှပဲ သူမကောင်းစိတ်တွေဖြစ်
နေပါလားဆိုတာ သိလိုက်ရပါတယ်။
သတိပြန်ဝင်လာတာနဲ့အတူ.. ငါသန္တာန်မှာဖြစ်နေတဲ့ ရာဂဟာ
အပါယ်ကျကြောင်းဆိုပြီး တော်တော်လေးတုန်လှုပ်သွား
ပါတယ်။ သူဋ္ဌေးသားဟာ မတ်တပ်ရပ်လျက်ပဲ ဖြစ်နေတဲ့
ရာဂစိတ်ကလေးကို သတိထားကြည့်လိုက်ပါတယ်။
ရာဂလေးက ဘယ်လိုလေးလဲ၊ဘယ်လိုလေးဖြစ်နေတာလည်း
စသည်ဖြင့် သဘောလေးအထိမိအောင် စူးစိုက်ပြီး ကြည့်
ပါတယ်။ စိတ်ကို စိတ်နဲ့ပြန်ကြည့်တာပါ။ပြီးတော့ ရာဂ
ဖြစ်တယ်၊ ရာဂဖြစ်တယ်..ဆိုပြီးဝိပဿနာရှုမှတ်ပြစ်လိုက်တာ
ဥာဏ်စဉ်တွေ အဆင့်ဆင့်ဝင်လာပြီး နေရာမှာတင်
ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။
(ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ ပါနီယဇာတ်)
ကိုယ့်ကိုယ်ကို သတိပေးတဲ့အနေနဲ့ ဆရာတော်ဦးဇောတိက၊
ဆရာတော်ဦးဆန္ဒာဓိကတို့ရဲ့စာအုပ်တွေ ပြန်ဖတ်ဖြစ်တိုင်း
ဝင်လာနေကြအတွေးလေး တစ်ခုရှိပါတယ်။ အဲဒီအတွေးလေး
ကတော့ …ငါစိတ်ထားတွေ မြင့်မြတ်နေအောင် ဘယ်လို့
နေထိုင်မလဲ..ဆိုတဲ့ အတွေးလေးပါ။ အဲဒီအတွေးလေးနဲ့
မရှေ့မနှောင်းမှာပဲ အတွေးစည်းမျဉ်းတချို့လည်း ဆင့်ကဲ
ဆင့်ကဲပေါ်လာတတ်ပါတယ်။
အတွေးစည်းမျဉ်းတချို့ကတော့ ငါအရာရာကို ကိုယ်ချင်း
စာစိတ်နဲ့ ပြုမူနေထိုင်မယ်။ တစ်ဖက်သားစိတ်ဆင်းရဲ့
စေမယ့် အတွေးမျီုး အပြောမျီုး မတွေးဘူး၊ မပြောဘူး၊
ဆိုတဲ့စည်းမျဉ်းလေးပါ။
အဲဒီအတွေးစည်းမျဉ်းလေးဖြစ်နေတုန်း နှစ်ရက်သုံးရက်
အတွင်း သတိကပ်နေဖြစ်တာဆိုတော့ ကိုယ်ကိုယ်ကို
ကြည်ညိုမှုလေးတွေနဲ့ စိတ်ညိမ်းချမ်းမှုလေးတွေကို
မသိမသာလေးရနေပါတယ်။ နှစ်ရက်သုံးရက်လွန်တဲ့အခါ
မှာတော့ အတွေးစည်းမျဉ်းတွေက ဘယ်လိုကနေဘယ်လို
ပျက်ပြယ်သွားတယ်ဆိုတာတောင် သတိမထားဖြစ်လိုက်ပါဘူး ။
စည်းမျဉ်းတွေ ပျက်ပြယ်တဲ့ အချိန်မှာ အာရုံတစ်ခုကို အမှီပြုပြီး
ထုံးစံအတိုင်း ခပ်ညံညံစိတ်ကလေးတွေ ၀င်လာတော့တာပါပဲ။
အဲဒီခပ်ညံညံစိတ်ထားလေးတွေကို တွေမိရင်း ..ငါဒီဘဝ
စိတ်ထားမြင့်မြတ်သူ မဖြစ်နိုင်တော့ဘူးလားဆိုပြီး စိတ်ဆင်းရဲ
ရပြန်ပါရော။ နောက်ဆုံးတော့ ကိုယ့်စိတ်ထားညံ့နေတာလေးကို
သိနေတာလေးရယ်ကကို စိတ်ထားမြင့်မြတ်ဖို့ ဖြစ်နိုင်စရာ
အခွင့်အရေးတစ်ခုပဲလေဆိုပြီး ကိုယ်ကိုယ် ကိုဖြေသိမ့်
လိုက်ရပါတယ်။
အာရတိပါပါ= မကောင်မှုတွေကို စိတ်နဲ့ရှောင်ပါတဲ့။ ဘယ်လို့
ရှောင်မလဲ…….စိတ္တာနုပဿနာသတိပဋ္ဌာန်ပွါးများပြီးရှောင်
တာကို မြတ်စွာဘုရားက အနှစ်သက်ဆုံး၊ သဘောအကျဆုံးပါပဲ။
ဒါကြောင့်ဝိပဿနာ အခြေခံသဘောလေးကို နည်းနည်းလောက်
ရေးပြပါရစေ။
ဝိပဿနာရှုမှတ်တဲ့ယောဂီဟာ အခြေခံနှစ်ချက်ကို သတိထား
ရပါမယ်။ အဲဒီအခြေခံနှစ်ချက်က
(၁)ပစ္စုပ္ပန်တည့်တည့်ဖြစ်ရမယ်။
(၂)ကိုယ့်ရဲ့ အရှုခံအာရုံဟာထင်ရှားရှိရမယ် ဆိုတဲ့
နှစ်ချက်နှစ်ချက်ပါ။
ဥပမာ-ရေချိုးနေတုန်းမှာဝင်တယ်ထွက်တယ်၊ဒါမှမဟုတ်၊
ဒါမှမဟုတ် ဖောင်းတယ်၊ပိန်တယ်၊လို့ရှုမှတ်လို့မရပါဘူး ရေချိုး
နေတာထင်ရှားနေတဲ့အတွက်၊ ရေချိုးနေတဲ့ ကိုယ်အမူအရာ
ကိုပဲမှတ်ရမှာပါ။ အထူးသဖြင့်တော့ ကိုယ်ရဲ့ အရှုခံအာရုံဟာ
ထင်းရှားရှိနေဖို့ပါ။
စိတ်အမူအရာ ဖြစ်တိုင်းဖြစ်တိုင်းလိုက်လိုက်မှတ်နေတာ၊လိုက်လိုက်
သိနေတာကို စိတ္တာနုပဿနာသတိပဋ္ဌာန်လို ခေါ်ပါတယ်။
ရှင်းအောင်ပြောရရင်တော့ ရှေ့စိတ်ဖြစ်နေတာလေးကို နောက်
စိတ်ကလေးက လိုက်လိုက်သိနေတာပါ။ ဒါကိုယောဆရာတော်
ဘုရားရဲ့ ရှေ့စိတ်ဖြစ်ဘိ နောက်စိတ်သိ သိတိုင်းအပူစင်ဆိုတဲ့
လင်္ကာလေးနဲ့ ကပ်မှတ်ထားလိုက်စေချင်ပါတယ်။
ဆိုပါစို။…. ကိုယ်ကလူတစ်ယောက်ကို အကြောင်းကိစ္စတစ်ခုနဲ့
ဒေါသဖြစ်လိုက်ပြီ။ ဒါ ဆို လုပ်နေတဲ့ အလုပ်ကိုချက်ချင်း
ရပ်ပစ်လိုက်ပြီး ဖြစ်နေတဲ့ ဒေါသလေးကို သတိထားစိုက်ကြည့်
လိုက်ပါ။ ဒေါသလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုလေးဖြစ်
နေတာလည်း စသည်ဖြင့် ဒေါသရဲ့သဘောလေးအထိမိအောင်
သတိထားကြည့်လိုက်ပါ။ ဒါဆို နှလုံးက ပုံမှန်ထက်ခုန်နေတာ၊
ခန္ဓာကိုယ်က တင်းကျပ်နေတာ၊ (တချို့ဆို အသားတွေတောင်
တဆတ်ဆတ်တုန်နေတတ်ပါတယ်။၊ ပင်ပန်းနေတာ၊ ပူလောင်
နေတာစသည်တွေကို တွေရပါလိမ့်မယ်။
အဲဒီဒေါသရဲ့ သဘောလေးကို သိနိုင်သမျှသိအောင် သတိကပ်ပြီး
ဒေါသဖြစ်တယ်ဒေါသဖြစ်တယ်လို့ အချက်သုံးဆယ်
လေးဆယ်လောက် မှတ်ပစ်နေလိုက်ပါ။ တကယ်တော့ဝိပဿနာမှာ
စကားလုံးဆိုတာ မလိုပါဘူး။ ဒါပေမဲ့ ၀ိပဿနာ အားမထုတ်
ဖူးသေးတဲ့ သူတစ်ယောက်အနေနဲတော့ စကားလုံးကို အကူအညီ
ယူပြီမှတ်တာ ပို အဆင်ပြေတတ်ပါတယ်။ ၀ိပဿနာကို
ေ တ်ာတော်လေး အားထုတ်ဘူးတဲ့သူကတော့ စကားလုံးမလို
ပါဘူး ဖြစ်နေတဲ့ဒေါသလေးကိုသိနေဖို့ပါဘဲ။
အတိတ်အတိတ်ဘ၀က ၀ိပဿနာ အထုံပါရမီပါခဲ့သူ၊ ဒါမှမဟုတ်
လက်ရှိ ပစ္စုပ္ပန်ဘ၀မှာ ၀ိပဿနာတရားကို တော်တော်လေး
အားထုတ်ဖူးတဲ့သူဆိုရင် စူးစိုက်ပြီးရှုမှတ်နေစဉ်မှာပဲ ဖြစ်နေတဲ့
ဒေါသလေးလည်းကုန်ပျက်ကုန်ပျက်သွားတာကို တွေ့လိုက်ရ
ပါလိမ့်မယ်။ အဲဒိလို ကုန်ပျက်နေတဲံ့ သဘောလေးကို သိခွင့်
ရလိုက်မယ်၊ သိခွင့်ရလိုက်ပြီဆိုရင်တော့..ဪ…ငါနှယ်ဖြစ်မ
ှဖြစ်ရလေ.. ဆိုပြီး ကိုယ်ကိုယ်ကို ရှက်ပြုံးလေးတောင်ပြုံးမိ
လိုက်ပါဦးမယ်။
အကုသိုလ်စိတ်ဖြစ်၊ ဖြစ်တာနဲသိ၊ သိတာနဲမှတ်ပြီး ပယ်ပစ်တဲ့
အကျင့်လေးကို စွဲနေအောင် ရှေ့ဘ၀အထိ အထုံဝါသနာပါ
သွားအောင် အထူးလေ့ကျင့်ထားသင့်ပါတယ်။ အကျင့်ဆိုတာ
ကျင့်ပါများရင်စွဲသွားတာပါ။ အဓိက ကတော စဖြစ်ဖို့ပါ၊
စဖြစ်ရင် စွဲသွားတာပါ။
မကောင်းတဲ့စိတ်ဖြစ်တာက အကုသိုလ်ပါ၊ မကောင်းတဲ့စိတ်
ဖြစ်တာကို သိလိုက်တာက ကုသိုလ်ပါ။ သာမန်ကုသိုလ်တောင်
မဟုတ်ပါဘူး၊ ဘာဝနာကုသိုလ်ပါ။ ဖြစ်တုန်းကတော့
အကုသိုလ်ပါပဲ မှတ်လိုက်တော့ ကုသိုလ်ဖြစ်သွားပါတယ်။
အကုသိုလ်ဖြစ်တာတောင် ကျေးဇူးတင်ဖို့ကောင်းပါတယ်။
ပုထုဇဉ်ပီပီ အကုသိုလ်စိတ် မကောင်းတဲ့စိတ်တွေကတော့
ဖြစ်နေမှာပါ။ စိတ်မပျက်ပါနဲ့ စိတ်ပျက်ရမယ့်အရာလည်း
မဟုတ်ပါဘူး ဖြစ်တာနဲသိ၊ သိတာနဲ့ မှတ်ပစ်နိုင်ဖို့ပဲ
အရေးကြီးပါတယ်။ အကုသိုလ်တစ်ခုကိုရှုမှတ်ပြီး ပယ်ပစ်
လိုက်နိုင်တယ်ဆိုရင်ပဲ ကိုယ့်ကိုယ်ကို ကြည်ညိုမှုပီတိတေ
ွဖြစ်လာမှာပါ။ အဲဒီကြည်ညိုမှု ပီတိတွေ ဖြစ်လာရင် ဘာနဲ့မှ
နှိုင်းယှဉ်လို့မရအောင် ပျော်ရွင်သွားတယ်ဆိုတာ ရှုမှတ
်ဖူးသူတွေ ပိုသိပါတယ်။
ဒီလိုပါပဲ၊ ကိုယ့်စိတ်ညံ့ကလေးကို ပြုပြင်ယူသွားရတာပါပဲ။
ကိုယ်ပြုပြင်ချင်တဲ့စိတ်ရယ်၊ မြင့်မြတ်ချင်တဲ့စိတ်ရယ် ရှိဖို့ပဲ
အရေးကြီးတယ်။ ပြုပြင်ရင်ပြုပြင်ရင်းနဲပဲ စိတ်ထားတွေမြင့်မြတ်
သွားရတာပါ။ ထိုက်သင့်သလောက်စိတ်ထားမြင့်မြတ်သူ
ဖြစ်လာပြိဆိုရင် ကိုယ်တစ်ချိန်ကဖြစ်ခဲ့တဲ့ အကုသိုလ်တွေ၊
မကောင်းတဲ့စိတ်တွေ ပြန်တွေမိရင် ရယ်ချင်စရာတွေတောင်
ဖြစ်နေပါဦးမယ်။
ကဲ မကောင်းတဲ့စိတ်ဖြစ်တာနဲသိ သိတာနဲမှတ်ကြည့်စမ်းပါလား၊
အကုသိုလ်ကနေ အမြတ်ဆုံး ၀ိပဿနာကုသိုလ် ဖြစ်သွားအောင်လေ။
0 comments:
Post a Comment