Sunday, January 21, 2018

တရုတ္ႀကီးအေဖာက္ေျပာတဲ့ စီးပြားရွာသူတုိင္းသိသင့္တဲ့ စီးပြားေရးေျမပုံ ၇ ခု

တရုတ္ႀကီးအေဖာက္ေျပာတဲ့ စီးပြားရွာသူတုိင္းသိသင့္တဲ့ စီးပြားေရးေျမပုံ ၇ ခု


၁။ မင္းပုိင္တဲ့ေတာင္းထဲမွာ ၾကက္ဥ ၁၀လုံး ရွိတယ္။ တစ္ေန႔ကုိ ၉လုံးစားၿပီး ၁လုံးခ်န္ထားလုိ႔ ၁၀ရက္ၾကာရင္ ဘာျဖစ္မလဲ။

ၾကက္ဥ ၁၀လုံးေရာက္ေနၿပီေပါ့။ တစ္လုံးေလွ်ာ့စားလုိက္တဲ့အတြက္ မင္းလည္း ဘာမွမသိသာပါဘူး။ အဲီေတာ့ အလုပ္လုပ္မယ္ဆုိရင္ ကုိယ့္၀င္ေငြ ၁၀ပုံ ၁ပုံကုိ အၿမဲခ်န္ထားရမယ္ကြ။

၉ပုံေတာင္သုံးရတဲ့အတြက္ ဒီေလာက္ႀကီးလည္း ခ်ဳိးၿခဳံစရာမလုိဘူး မလား။ ဒါ ငါေျပာခ်င္တဲ့ ေျမပုံ ၁ ကြ။

၂။ ေနာက္တစ္ခုက မင္းရဲ႕၀င္ေငြထြက္ေငြေတြကို ေသေသခ်ာခ်ာသိထားဖုိ႔လုိတယ္။

မလုိအပ္ပဲနဲ႔ ထြက္ေနတဲ့လမ္းေၾကာင္းေတြရွိရင္ အျမန္ပိတ္ပစ္ေပေတာ့။ အဲလုိမွ မလုပ္ရင္ အိတ္ေပါက္နဲ႔ ဖားေကာက္သလုိ ျဖစ္ေနလိမ့္မယ္ကြ။ ဒါငါေျပာခ်င္တဲ့ ေျမပုံ ၂ ပဲ။

၃။ တတိယတစ္ခုက ေငြကုိစုေပမယ့္ သက္မဲ့လုိသေဘာမထားရဘူး။

ႏြားေတြ ၾကက္ေတြ ေမြးသလုိေပါ့။ အေကာင္ေတြပြား ၊ ဥေတြဥ အေကာင္ထပ္ပြားေပါ့ကြာ။ ေငြကုိေငြခ်င္းထပ္ပြားႏုိင္ဖုိ႔ အက်ဳိးရွိတဲ့ေနရာေတြမွာ ထည့္၀င္ၿမဳပ္ႏွံကြ။

အဲလုိမွ မလုပ္ပဲေငြကို ေသတၱာထဲ ထည့္သိမ္းထားမယ္ဆုိရင္ ေငြေတဟာအေၾကာေသသြားလိမ့္မယ္။ ေလျဖတ္တဲ့လူလုိ မင္းေငြေတြဟာ အင္အားမရွိေတာ့ဘူး ေပါ့။

ဥပမာကြာ ငါ့သားေမြးတုန္းက ငါေငြေလးနည္းနည္းအတုိးခ်ထားတယ္။ ရတဲ့အတုိးေတြကိုမသုံးပဲ အရင္းထဲထပ္ၿမဳပ္တယ္။

အဲဒီကေနအတုိးျပန္ျဖစ္ ငါ့သား ၁၂ႏွစ္ေရာက္လုိ႔ ေက်ာင္းပို႔မယ္လုပ္ေတာ့ ေငြကုိျပန္ထုတ္လုိက္တာ မနည္းပါဘူးကြာ ။ ဒါဟာေျမပုံ ၃ေပါ့။

၄။ ေနာက္တစ္ခုက အလုပ္လုပ္တဲ့အခါမွာ ေလာင္းကစား မဆန္ရဘူးကြ။

ျမတ္ခ်င္ျမတ္ မျမတ္ရင္သြားဟ ဆုိတဲ့သေဘာမ်ဳိးမလုပ္ရဘူး။ ေသခ်ာတာေလာက္ ကုိယ္ကြ်မ္းက်င္သေလာက္ ႏုိင္သေလာက္ပဲလုပ္ရမယ္။

ေလာင္းကစားလုပ္လုိ႔ကေတာ့ ရလည္းခဏပဲ မြဲစရာရွိရင္ ျမန္ျမန္မြဲသြားလိမ့္မယ္။
တစ္ခါက မုိးႀကဳိးသြားတစ္ခုကို ငါ့လာေရာင္းဖူးတယ္။

အေျပာကလည္းေကာင္း လက္ေတြ႔စမ္းျပေတာ့လည္း လွ်ပ္စစ္မီးလည္းၿငိမ္း ၊ ေရဒီယုိလည္းရပ္သြားေတာ့ အစစ္လုိ႔ယုံသြားတယ္။

အစစ္ဆုိရင္ျပန္ေရာင္းရင္ သိန္း ၂၀ေလာက္ ရမွာကို။ ဒါနဲ႔ ၁သိန္းနဲ႔၀ယ္လာၿပီး အိမ္ေရာက္ေတာ့ လွ်ပ္စစ္ဓာတ္မီးမေျပာနဲ႔ လက္ႏွိပ္ဓာတ္မီးေတာင္ မၿငိမ္းဘူး။

စနစ္တက်စီစဥ္ၿပီး လိမ္သြားတာကြ။ တစ္သိန္းမုိ႔ေပါ့ ၁၀သိန္းဆုိရင္ ငါခြက္ဆြဲေနေလာက္ၿပီ။ အဲဒီေတာ့ ေျပာခ်င္တဲ့ ေလးအခ်က္က ကုိယ္မသိတဲ့ မပုိင္တဲ့အလုပ္ ၊ မကြ်မ္းက်င္တဲ့အလုပ္မွာ ဘာရင္းႏွီးျမဳပ္ႏွံမႈမွမလုပ္ရဘူး။

၅။ ေနာက္တစ္ခုက လူတစ္ေယာက္ဟာ အိမ္ငွားေနတာ မသင့္ေတာ္ဘူး။

အေျခအေနအရ ငွားေနရင္လည္း ကိုယ္ပုိင္အိမ္ျဖစ္ေအာင္ႀကဳိးစားရမယ္။ အိမ္ငွားစရိတ္ဟာ ၾကာလာရင္ အိမ္တစ္လုံးစာေလာက္ရွိလာတယ္။ စိတ္ရႈပ္ရတယ္။

ေသးတာႀကီးတာမဓာန မဟုတ္ဘူး။ ကုိယ္ပုိျဖစ္ေအာင္ႀကဳိးစားဖုိ႔ပဲ။ အဲဒီအေပါက္က ေငြအထြက္ဆုံးပဲ ။ အဲဒီေတာ့ ကားပဲေမာင္းေမာင္း ၊ စက္ေလွပဲေထာင္ေထာင္ ကုိယ္ပိုင္ ျဖစ္ေအာင္အရင္ဆုံးႀကဳိးစား ။ ဒါ ငါးခုေျမာက္ေျမပုံပဲ။

၆။ တုိ႔ျမန္မာစကားမွာ မတ္တတ္စာပဲရွိတယ္၊ တုံးလုံးစာမရွိဘူး ဆုိတဲ့စကားရွိတယ္။

စကားပဲရွိတာကြ မလုိက္နာၾကဘူး။ ဒါေၾကာင့္ မေမွ်ာ္မွန္းႏုိင္တဲ့ အနာဂါတ္အတြက္ ျပင္ဆင္မႈေတြလုပ္ထားရမယ္။

ရုတ္တရက္ကုိယ္ေသသြားရင္ က်န္ရစ္သူမိသားစုကို မထိခိုက္ေစဖုိ႔ ၊ ရုတ္တရက္ထိခိုက္မိလုိ႔ ဒုကၡိတျဖစ္သြားရင္ ဆက္လက္အသက္ရွင္ႏုိင္ဖုိ႔ ႀကဳိတင္ျပင္ဆင္ထားရမယ္။ ဒါ ေျခာက္ခုေျမာက္ေျမပုံပဲ။

၇။ ၇ခ်က္ေျမာက္ ကေတာ့ ႀကဳိးစားမႈကို မေလွ်ာ့ဖုိ႔ပဲ ၊

ကိုယ္နဲ႔လုပ္ငန္းတူေတြရွိေနတယ္ကြ ၊ ကုိယ္ကရပ္ေပမဲ့ သူတုိ႔ကႀကဳိးစားေနမွာ ၊ ကုိယ္လုပ္တဲ့ အလုပ္မွာ အစြမ္းထက္ေလေလ ၀င္ေငြေကာင္းေလေလေပါ့ကြာ ၊ မင္းသေဘာေပါက္ဖုိ႔က ကုိယ့္ဆီကုိ အားေပးတဲ့ေဖာက္သည္တုိ႔ အားေပးတဲ့ ပရိသတ္တုိ႔ ဆုိတာ စိတ္ခ်ရတာမဟုတ္ဘူး ..

ကုိယ့္ထက္သာတဲ့လူ ၊ ေတာ္တဲ့သူရွိရင္ အဲဒီကုိ သြားၾကမွာ ..အဲဒါေတာ့ၿမဲၿမဲမွတ္ထား။ ငါေျပာခ်င္တဲ့ ၇ခုေျမာက္ေျမပုံက ဒါပဲ။

မင္းသေဘာေပါက္ဖုိ႔ကေတာ့ အလုပ္တစ္ခုမွာ သဘာရင့္၀ါရင့္တာနဲ႔ မႀကီးပြားဘူးေနာ္ ေတာ္မႀကီးပြားတာ..ကုလုိ႔ေပ်ာက္တဲ့ဆရာ၀န္ဆီကုိပဲ လူနာက သြားမွာေနာ္..သဘာရင့္၀ါရင့္တယ္ဆုိၿပီးသြားမွာမဟုတ္ဘူး…ဒီအခ်က္ကုိ ၿမဲၿမဲသေဘာေပါက္စမ္းပါ။

ဆရာမင္းသိခၤေရးတဲ့ ဖ်ားသားေခ်ာင္းကေရေမွ်ာကမ္းတင္ ေအာင္ဗဒင္ ဆုိတဲ့စာအုပ္ထဲက တရုတ္ႀကီးအေဖာက္က စီးပြားေရးလုပ္ဖုိ႔ႀကဳိးစားေနတဲ့ေအာင္ဗဒင္ကို အႀကံေပးေနတာပါ။

မွတ္သားစရာအခ်က္ကေလးေတြျဖစ္တဲ့အတြက္ သုတဇုန္ မိတ္ေဆြမ်ားအတြက္ သင့္ေတာ္သလုိျပန္လည္ေရးသားေ၀မွ်လုိက္ပါတယ္ ၊

ေဘဘီလုံမွာ အခ်မ္းသာဆုံးပုဂၢဳိလ္စာအုပ္က အခ်က္ေတြကို ျမန္မာမႈျပဳထားတာပါ

Unicode Version

တရုတ်ကြီးအဖောက်ပြောတဲ့ စီးပွားရှာသူတိုင်းသိသင့်တဲ့ စီးပွားရေးမြေပုံ ၇ ခု

၁။ မင်းပိုင်တဲ့တောင်းထဲမှာ ကြက်ဥ ၁၀လုံး ရှိတယ်။ တစ်နေ့ကို ၉လုံးစားပြီး ၁လုံးချန်ထားလို့ ၁၀ရက်ကြာရင် ဘာဖြစ်မလဲ။

ကြက်ဥ ၁၀လုံးရောက်နေပြီပေါ့။ တစ်လုံးလျှော့စားလိုက်တဲ့အတွက် မင်းလည်း ဘာမှမသိသာပါဘူး။ အဲီတော့ အလုပ်လုပ်မယ်ဆိုရင် ကိုယ့်ဝင်ငွေ ၁၀ပုံ ၁ပုံကို အမြဲချန်ထားရမယ်ကွ။

၉ပုံတောင်သုံးရတဲ့အတွက် ဒီလောက်ကြီးလည်း ချိုးခြုံစရာမလိုဘူး မလား။ ဒါ ငါပြောချင်တဲ့ မြေပုံ ၁ ကွ။

၂။ နောက်တစ်ခုက မင်းရဲ့ဝင်ငွေထွက်ငွေတွေကို သေသေချာချာသိထားဖို့လိုတယ်။

မလိုအပ်ပဲနဲ့ ထွက်နေတဲ့လမ်းကြောင်းတွေရှိရင် အမြန်ပိတ်ပစ်ပေတော့။ အဲလိုမှ မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေလိမ့်မယ်ကွ။ ဒါငါပြောချင်တဲ့ မြေပုံ ၂ ပဲ။

၃။ တတိယတစ်ခုက ငွေကိုစုပေမယ့် သက်မဲ့လိုသဘောမထားရဘူး။

နွားတွေ ကြက်တွေ မွေးသလိုပေါ့။ အကောင်တွေပွား ၊ ဥတွေဥ အကောင်ထပ်ပွားပေါ့ကွာ။ ငွေကိုငွေချင်းထပ်ပွားနိုင်ဖို့ အကျိုးရှိတဲ့နေရာတွေမှာ ထည့်ဝင်မြုပ်နှံကွ။

အဲလိုမှ မလုပ်ပဲငွေကို သေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင် ငွေတေဟာအကြောသေသွားလိမ့်မယ်။ လေဖြတ်တဲ့လူလို မင်းငွေတွေဟာ အင်အားမရှိတော့ဘူး ပေါ့။

ဥပမာကွာ ငါ့သားမွေးတုန်းက ငါငွေလေးနည်းနည်းအတိုးချထားတယ်။ ရတဲ့အတိုးတွေကိုမသုံးပဲ အရင်းထဲထပ်မြုပ်တယ်။

အဲဒီကနေအတိုးပြန်ဖြစ် ငါ့သား ၁၂နှစ်ရောက်လို့ ကျောင်းပို့မယ်လုပ်တော့ ငွေကိုပြန်ထုတ်လိုက်တာ မနည်းပါဘူးကွာ ။ ဒါဟာမြေပုံ ၃ပေါ့။

၄။ နောက်တစ်ခုက အလုပ်လုပ်တဲ့အခါမှာ လောင်းကစား မဆန်ရဘူးကွ။

မြတ်ချင်မြတ် မမြတ်ရင်သွားဟ ဆိုတဲ့သဘောမျိုးမလုပ်ရဘူး။ သေချာတာလောက် ကိုယ်ကျွမ်းကျင်သလောက် နိုင်သလောက်ပဲလုပ်ရမယ်။

လောင်းကစားလုပ်လို့ကတော့ ရလည်းခဏပဲ မွဲစရာရှိရင် မြန်မြန်မွဲသွားလိမ့်မယ်။
တစ်ခါက မိုးကြိုးသွားတစ်ခုကို ငါ့လာရောင်းဖူးတယ်။

အပြောကလည်းကောင်း လက်တွေ့စမ်းပြတော့လည်း လျှပ်စစ်မီးလည်းငြိမ်း ၊ ရေဒီယိုလည်းရပ်သွားတော့ အစစ်လို့ယုံသွားတယ်။

အစစ်ဆိုရင်ပြန်ရောင်းရင် သိန်း ၂၀လောက် ရမှာကို။ ဒါနဲ့ ၁သိန်းနဲ့ဝယ်လာပြီး အိမ်ရောက်တော့ လျှပ်စစ်ဓာတ်မီးမပြောနဲ့ လက်နှိပ်ဓာတ်မီးတောင် မငြိမ်းဘူး။

စနစ်တကျစီစဉ်ပြီး လိမ်သွားတာကွ။ တစ်သိန်းမို့ပေါ့ ၁၀သိန်းဆိုရင် ငါခွက်ဆွဲနေလောက်ပြီ။ အဲဒီတော့ ပြောချင်တဲ့ လေးအချက်က ကိုယ်မသိတဲ့ မပိုင်တဲ့အလုပ် ၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြုပ်နှံမှုမှမလုပ်ရဘူး။

၅။ နောက်တစ်ခုက လူတစ်ယောက်ဟာ အိမ်ငှားနေတာ မသင့်တော်ဘူး။

အခြေအနေအရ ငှားနေရင်လည်း ကိုယ်ပိုင်အိမ်ဖြစ်အောင်ကြိုးစားရမယ်။ အိမ်ငှားစရိတ်ဟာ ကြာလာရင် အိမ်တစ်လုံးစာလောက်ရှိလာတယ်။ စိတ်ရှုပ်ရတယ်။

သေးတာကြီးတာမဓာန မဟုတ်ဘူး။ ကိုယ်ပိုဖြစ်အောင်ကြိုးစားဖို့ပဲ။ အဲဒီအပေါက်က ငွေအထွက်ဆုံးပဲ ။ အဲဒီတော့ ကားပဲမောင်းမောင်း ၊ စက်လှေပဲထောင်ထောင် ကိုယ်ပိုင် ဖြစ်အောင်အရင်ဆုံးကြိုးစား ။ ဒါ ငါးခုမြောက်မြေပုံပဲ။

၆။ တို့မြန်မာစကားမှာ မတ်တတ်စာပဲရှိတယ်၊ တုံးလုံးစာမရှိဘူး ဆိုတဲ့စကားရှိတယ်။

စကားပဲရှိတာကွ မလိုက်နာကြဘူး။ ဒါကြောင့် မမျှော်မှန်းနိုင်တဲ့ အနာဂါတ်အတွက် ပြင်ဆင်မှုတွေလုပ်ထားရမယ်။

ရုတ်တရက်ကိုယ်သေသွားရင် ကျန်ရစ်သူမိသားစုကို မထိခိုက်စေဖို့ ၊ ရုတ်တရက်ထိခိုက်မိလို့ ဒုက္ခိတဖြစ်သွားရင် ဆက်လက်အသက်ရှင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ်။ ဒါ ခြောက်ခုမြောက်မြေပုံပဲ။

၇။ ၇ချက်မြောက် ကတော့ ကြိုးစားမှုကို မလျှော့ဖို့ပဲ ၊

ကိုယ်နဲ့လုပ်ငန်းတူတွေရှိနေတယ်ကွ ၊ ကိုယ်ကရပ်ပေမဲ့ သူတို့ကကြိုးစားနေမှာ ၊ ကိုယ်လုပ်တဲ့ အလုပ်မှာ အစွမ်းထက်လေလေ ဝင်ငွေကောင်းလေလေပေါ့ကွာ ၊ မင်းသဘောပေါက်ဖို့က ကိုယ့်ဆီကို အားပေးတဲ့ဖောက်သည်တို့ အားပေးတဲ့ ပရိသတ်တို့ ဆိုတာ စိတ်ချရတာမဟုတ်ဘူး ..

ကိုယ့်ထက်သာတဲ့လူ ၊ တော်တဲ့သူရှိရင် အဲဒီကို သွားကြမှာ ..အဲဒါတော့မြဲမြဲမှတ်ထား။ ငါပြောချင်တဲ့ ၇ခုမြောက်မြေပုံက ဒါပဲ။

မင်းသဘောပေါက်ဖို့ကတော့ အလုပ်တစ်ခုမှာ သဘာရင့်ဝါရင့်တာနဲ့ မကြီးပွားဘူးနော် တော်မကြီးပွားတာ..ကုလို့ပျောက်တဲ့ဆရာဝန်ဆီကိုပဲ လူနာက သွားမှာနော်..သဘာရင့်ဝါရင့်တယ်ဆိုပြီးသွားမှာမဟုတ်ဘူး…ဒီအချက်ကို မြဲမြဲသဘောပေါက်စမ်းပါ။

ဆရာမင်းသိင်္ခရေးတဲ့ ဖျားသားချောင်းကရေမျှောကမ်းတင် အောင်ဗဒင် ဆိုတဲ့စာအုပ်ထဲက တရုတ်ကြီးအဖောက်က စီးပွားရေးလုပ်ဖို့ကြိုးစားနေတဲ့အောင်ဗဒင်ကို အကြံပေးနေတာပါ။

မှတ်သားစရာအချက်ကလေးတွေဖြစ်တဲ့အတွက် သုတဇုန် မိတ်ဆွေများအတွက် သင့်တော်သလိုပြန်လည်ရေးသားဝေမျှလိုက်ပါတယ် ၊

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်စာအုပ်က အချက်တွေကို မြန်မာမှုပြုထားတာပါ

0 comments:

Post a Comment