Friday, May 12, 2017

#ဘယ်အချိန်မှာ #အိမ်ထောင်ပြုသင့်လဲ?

#ဘယ်အချိန်မှာ #အိမ်ထောင်ပြုသင့်လဲ?

အသက် ၂၇ နှစ် မှ  ၃၁ နှစ် ကြားအရွယ်ဟာ
လက်ထပ်ဖို့ အသင့်တော်ဆုံးအရွယ် ဖြစ်ပါတယ်။
ဒီအသက်အပိုင်းအခြားမှာ ယူဖြစ်ကြတဲ့ စုံတွဲအများစုက
အိမ်ထောင်ရေးပြိုကွဲနိုင်ခြေ နည်းပါးပါတယ်။

အသက် ၂၀ မတိုင်ခင် အိမ်ထောင်ကျသူတွေနဲ့
အသက် ၃၁ ကျော်မှ ဝက်သက်ပေါက်တဲ့သူတွေက
ပြတ်စဲနိုင်ခြေ ကွဲနိုင်ခြေ ပိုများလေ့ရှိကြပါတယ်။

သစ်ရွက်လှုပ်တာနဲ့ ရင်တွေ ဟပ်ဟပ်ထိုးခုန်တဲ့အရွယ်မှာ
အချစ်ကို ဘဝလို့ထင်မှတ်ပြီး ကိုးကွယ်မယ်
ပညာရေးက တစ်ပိုင်းတစ်စ…
မိဘ စိတ်ကျေနပ်အောင် ဘာတစ်ခုမှလုပ်မပြနိုင်သေး…
အိမ်မှာဆို စားပြီးသားပန်းကန်တောင် မဆေး
ကျော့ကျော့ကော့ကော့လေး နေကြတာ။

ကျောင်းတက်တယ် သင်တန်းရှိတယ် ဆိုပြီး
ရည်းစားနဲ့ချိန်းတွေ့မယ် ကဲကြမယ်
သူငယ်ချင်းမွေးနေ့ အလှု ဘာညာ အကြောင်းပြ
ရည်းစားနဲ့ လျှောက်သွားကြတယ်
စာတွေစုကျက်မယ် အချိန်ပိုခေါ်ပါတယ်ဆိုပြီး
ချစ်သူနဲ့ ဒန်တန့်ဒန် …။

ချစ်နေတုန်းကတော့ သိပ်ရှော့မရှိဘူး
ပြဿနာတွေလည်း ကြိုမတွေးထားမိဘူး
နောင်ခါလာနောင်ဈေး အေးဆေးဘဲနေကြတာ
ကွိုင်တွေတက် မယူမနေရတွေဖြစ် ခိုးပြေးကြ
နောက်ဆုံး လက်ထပ်လိုက်ရတဲ့အထိဖြစ်ကုန်ရော…
အရွယ်လေးကြည့်တော့ မိခင်နို့နံ့တောင် စင်သေးရဲ့လားမသိ
လတ်တလော ယူလိုက်တာဘဲရှိတယ်
ဘဝရှေ့ရေးက မှုန်ဝါးဝါး အနာဂတ်က ဘာမှန်းမသိ
ကမ္ဘါကြီးနှစ်ခြမ်းကွဲသွားခဲ့ရင် ဆိုတာလောက်ပြောတတ်ပြီး
ကိုယ်နေထိုင်တဲ့ ကမ္ဘာက အလုံးလားအပြားလား မသိသေး။
အစပိုင်းလောက် မိုးမမြင်လေမမြင် ဖြစ်နေပေမယ့်
အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေက တန်းစီဝင်လာပြီ
စီးပွားရေးက ဘာဆိုဘာမှ မလုပ်တတ်
ခလေးသာသာအတွေးလောက်နဲ့ ဂွင်ကြီးကြီးမဆင်တတ်
ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ အချိန်တွေကုန်နေရော
နောက်ဆို တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ချင်တဲ့အထိ
စိတ်တွေပျက် ကိလေသာတွေကုန် ငယ်ငယ်ရွယ်ရွယ်လေးနဲ့
လူကြီးပုံတွေပေါက် ရင့်ထော်လာမယ် ဝလာမယ်
ဆိုဒ်တွေပျက်လာမယ် ပုံပျက်ပန်းပျက်ဖြစ်လာမယ်
သေချာတာ မှတ်ပုံတင်ထဲက အသက်ထက်ပိုရင့်သွားမှာပါ
မကြာပါဘူး အိမ်ထောင်ရေး အက်ကွဲကြောင်းထင်လာပြီး
ပြတ်ဖို့ လမ်းခွဲဖို့ ရွေးချယ်သွားကြပါလေရာ။

သစ်ရွက်လှုပ်တာနဲ့ သစ်ကိုင်းပါခုတ်ချချင်တဲ့အရွယ်
၃၁ နှစ်ကျော်ခါမှ ဈေးဦးပေါက်တဲ့ Old service တွေကျတော့
အသိတွေလွန် အတတ်တွေလွန်နေပြီလေ
အတောင်အလက်ကစုံနေပြီ နေရာတကာ ဆရာလုပ်ရမှ
ရင့်ကျက်လွန်းနေတော့ ဇီဇာတွေက Auto ထကြောင်
အရစ်စိန်တွေဖြစ် စာတတ်ပေတတ်တွေဖြစ်
နားလည်ရခက် သင်ပြပြန်တော့ လက်မခံ
စာအုပ်ကြီးအတိုင်း ပျင်းစရာဘဝကို တည်ဆောက်
ဘာ Romance မှမဆန် ရင်ခုန်ဖို့လည်းမကောင်း
တရားကလည်းချတတ်သေး တစ်ဖက်လူကြိုက်လားမသိ
ဒီကြားထဲ စိတ်ပျက်စရာ စကားက ထထပြောတတ်သေး
ကြာရှည်မခံနိုင် ဒဏ်မခံနိုင် လစ်ပြေးသွားမှာဘဲ
အရုပ်လောက်ဘဲ သူတို့အလိုလိုက်နိုင်မယ်လေ
အိမ်ထောင်ရေး တည်မြဲဖို့က မလွယ်ပြန်ဘူးလေ။

၂၇ နှစ် နဲ့ ၃၁ နှစ်ကြား ကောက်ယူလိုက်
စိတ်မချမ်းသာစရာ ဘာအကြောင်းမှမရှိဘူး
အချစ်တတ်ဆုံးနဲ့ နားလည်မှုအရှိဆုံး အချိန်ဖြစ်နေပြီလေ
နောက်ဆုံးပိတ် အိတ်နဲ့လွယ် အချစ်တွေအကုန်ရပြီသာမှတ်
ပညာရေးနဲ့ပက်သက်ရင် တတ်သင့်သလောက်တတ်ပြီ
စီးပွားရေးလား ဘာလုပ်ရမယ်မှန်း သိနေလောက်ပြီ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် အရည်အချင်းပြည့်နေပြီ
အဆင်မပြေစရာ ဘာအကန့်မှမရှိဘူး သာယာတာများတယ်
စိတ်တူကိုယ်တူနဲ့ Anni တွေအထပ်ထပ်ဖြတ်လို့ရပြီလေ။     ။

မောင်မောင်တိုး

#အထွေထွေဗဟုသုတ

0 comments:

Post a Comment