Monday, October 23, 2017

ချမ်းသာခြင်းဆိုတာ လူတိုင်းရဲ့ ရပိုင်ခွင့်ပါ။

ဆေးရုံကြီးတစ်ရုံမှာ တစ်နေ့တည်းနဲ့ ခလေး ၁၀ ယောက်မွေးဖွားလာခဲ့ကြပါတယ်။ မွေးလာခါစမှာ အားလုံးဟာ  ကိုယ်တုံးလုံးလေးတွေနဲ့ ဘာမှမကွာခြား မကွဲပြားကြပါဘူး အားလုံးအတူတူပါပဲ။

သူတို့တွေ တစ်ယောက်တစ်နေရာစီ ကွဲကွာသွားကြပြီး နောင် ၂၅နှစ် အနှစ် ၃၀လောက်ကြာသွားတဲ့အခါ တစ်ချို့က ကားစပယ်ယာ ဆိုက်ကားသမား အထမ်းသမား တွေဖြစ်ကုန်တယ်။ တစ်ချို့ကျတော့အင်ဂျင်နီယာ တစ်ချို့ကျတော့ဒေါက်တာတွေ သူနာပြုတွေ ဆရာမတွေ တရားသူကြီးတွေဖြစ်ကုန်ကြတယ်။ တစ်ချို့ကျတော့လည်း သူဌေးကြီးတွေ ဖြစ်သွားကြတယ်။

ဘယ်အရာတွေက ဒီလို ဖြစ်ပေါ်စေတာလဲ?
ကံကြမ္မာလား? ကံဇာတာလား?
ပတ်ဝန်းကျင်ကြောင့်လား? မိဘမျိုးရိုးကြောင့်လား?
တိုင်းပြည်ကြောင့် အစိုးရကြောင့် ဟိုဝန်ကြီးကြောင့် ဒီလူကြီးကြောင့်လား?

တကယ်တမ်းတော့ ကိုယ့်ရဲ့အတွေးအခေါ် စဉ်းစားဥာဏ်ကြောင့်သာ ဖြစ်သွားကြတာပါ။ ကိုယ့်ဘဝကို သူနာပြု ဖြစ်မယ်ထင်ထား တွက်ထားတဲ့အတွက် သူနာပြုသင်တန်းသွားတက်တယ်။ နောက်တော့ သူနာပြုဖြစ်လာတယ်။ ကိုယ်က သဘောင်္သားဖြစ်ချင်လို့ သဘောင်္သားရုံးသွားတယ် သဘောင်္ကုမ္ပဏီကိုသွားတယ် သင်တန်းတက်တယ် သဘောင်္သားဖြစ်တယ်။

အရာအားလုံးဟာ ကိုယ့်ရဲ့အတွေးတွေကြောင့် ဖြစ်ပေါ်လာတာပါ။ ကိုယ့်ကိုယ်ကိုယ် မချမ်းသာနိုင်ဘူးလို့ တွေးထင်ထားရင်ချမ်းသာလာမှာ မဟုတ်သလို ချမ်းကိုချမ်းသာရမယ် ဖြစ်ကိုဖြစ်လာစေရမယ်ဆိုတဲ့ အတွေးမျိုးနဲ့ ပြင်းပြတဲ့ဆန္ဒသာ ထားရှိခဲ့မယ်ဆိုရင် သေချာပေါက်ဖြစ်လာမှာပါ။

သောမတ်စ်အယ်ဒီဆင်ဟာ လျပ်စစ်မီးသီး ဖြစ်ပေါ်လာစေလိုတဲ့ဆန္ဒကြောင့် နည်းလမ်းမရှိ သင်ကြားပေးမယ့်သူမရှိပါပဲ အကြိမ်ပေါင်း ထောင်သောင်းချီ ကြိုးစားရာကနေ လူသားမျိုးနွယ်စုတစ်ခုလုံးကို အလင်းရောင် ရရှိစေခဲ့ပါတယ်။

ရိုက်ညီနောင် ၂ယောက် လေယာဉ်ကို စပြီး တီထွင်ကြိုးစားကြတော့ လူတွေက သူတို့ကို ရူးနေတယ်လို့ပြောပါတယ်။ နောက်ဆုံးတော့ အောင်မြင်ခဲ့တာပါပဲ။ ဒါကြောင့် မဖြစ်နိုင်ဘူးဆိုတာမရှိပဲ ဖြစ်ချင်စိတ်သာရှိဖို့ လိုအပ်ပါတယ်။

ဘယ်အရာမဆိုနည်းလမ်းက ၂၀% သာရှိပြီး အတွေးအခေါ်နဲ့ဆန္ဒက ၈၀% ပါ။ လက်ရှိဘဝကနေ လွတ်မြောက်ချင်ရင် လက်ရှိနေထိုင်တဲ့ပတ်ဝန်းကျင် လက်ရှိတွေးနေတဲ့ အတွေးအခေါ်အမူအကျင့်က စပြီး ပြောင်းလဲပစ်လိုက်ပါ။

သင့်အတွေးကိုစပြောင်းရင် သင့်ကို အမြင်မတူ အတွေးအခေါ်မတူတဲ့ ပတ်ဝန်းကျင်က တိုက်ခိုက်လိမ့်မယ်။ အဲ့လိုလူတွေကို ထပ်စွန့်ခွာပြီး ပတ်ဝန်းကျင် အသစ်ကို တိုးဝင်လိုက်နိုင်ရင် သင့်ဘဝပြောင်းလဲ တိုးတက်လာပါလိမ့်မယ်။

သင့်ပတ်ဝန်းကျင်က လူ ၅ယောက်ရဲ့ဝင်ငွေ အမူအကျင့်နဲ့ ဘဝနေထိုင်မှုပုံစံ အားလုံးကိုပေါင်းပြီး ၅နဲ့ ပြန်စားကြည့်ပါ။ ရလာတဲ့အဖြေဟာ သင့်ရဲ့ပျမ်းမျှဝင်ငွေ နဲ့ သင့်ရဲ့ဘ၀အခြေအနေပါပဲ။

ဘဝပြောင်းလဲချင်ရင် ကိုယ့်အရည်အချင်း ပညာရပ် အသိဥာဏ်နဲ့ အတွေးအခေါ်တွေကို အရင်တိုးတက်အောင် ပြောင်းလဲလိုက်ပါ။ ပြီးရင် လက်ရှိအခြေအနေ ပတ်ဝန်းကျင်ထက် အဆင့်အတန်းမြင့်မားတဲ့နေရာမှာ ဝင်ဆန့်နိုင်အောင်ကြိုးစားပါ။

အချိန်မရှိဘူးဆိုတဲ့သူတွေ တစ်နေ့ အချိန် ၂နာရီ ထပ်ရချင်တယ်ဆိုရင် ညကို ၁နာရီနောက်ကျအိပ်ပြီး မနက် ၁နာရီစောထလိုက်ပါ။

ချမ်းသာခြင်းဆိုတာ လူတိုင်းရဲ့ ရပိုင်ခွင့်ပါ။
သင်သာအမှန်တကယ် လက်ခံချင်တယ်ဆိုရင်ပေါ့။

0 comments:

Post a Comment