အပြုံးနဲ့ သာစွန့် လွှတ်လိုက်ပါ
_____________________________
စွန့် လွှတ်ဖို့ အချိန်တန်ရင် စွန့် လွှတ်လိုက်ဖို့ 
မနှောင့်နှေးပါနဲ့  တစ်ယောက်အပေါ် တစ်ယောက်
နားလည်မှုတွေ မထားတော့ရင် ကိုယ့်အတွက်လည်း
ဝန်ထုတ်ဝန်ပိုးဖြစ်စေသလို သူ့ ဖက်ကလည်း ကိုယ့်အပေါ်
ပိုပြီး စိတ်ကုန်သွားပါလိမ့်မယ် ။
ရေစက်ပါလို့  တွေ့ ဆုံခွင့်ရခဲ့ပြီးပြီ ရေစက်ကုန်တော့လည်း
ခွဲခွာရမှာ နိယာမမို့  လမ်းခွဲချိန်မှာ ခံနိုင်ရည်ရှိအောင်ပဲ
ကြိုးစားထားဖို့  လိုအပ်ပါတယ် ။
လူတိုင်းဟာ ကိုယ်စိတ်နဲ့ ကိုယ် ၊ သူ့ စိတ်နဲ့  သူ့ အမြင်
ရှင်သန်နေကြတာလေ သူဟာကိုယ်မှ မဟုတ်တာ
ကိုယ်ဖြစ်ချင်သလို မဖြစ်နိုင်တာလည်း သဘာဝတရား
တစ်ခုပါ ။
မိသားစုကြားမှာဖြစ်စေ ၊ သူငယ်ချင်းမိတ်ဆွေတွေကြားမှာ
ဖြစ်စေ ၊ ချစ်သူတွေကြားမှာဖြစ်စေ ပွင့်လင်းမှုဟာ
အားဆေးတစ်ခွက် လိုပါဘဲ ။
တစ်ယောက်အပေါ် တစ်ယောက် မရိုးသားရင်
ပွင့်လင်းမှုမရှိခဲ့ရင် အောင့်သက်သက်ဆက်ဆံရေးဟာ
ပြဿနာတွေထပ်ခါထပ်ခါ ဖန်တီးနေသလို မကြာခဏ
အထင်မြင်လွဲမှုတွေနဲ့ အတူ ကျေနပ်စရာကောင်းတဲ့
ဆက်ဆံရေး ဘယ်တော့မှ မရနိုင်တော့ပါဘူး ။
ဒီလို အမြင်မကြည်တဲ့ ဆက်ဆံရေးနဲ့  ဘယ်လိုရှေ့ ဆက်
ကြမှာလည်း ဆိုတာ အဓိကတွေးစရာဖြစ်ပါတယ် ။
ကိုယ်တွေးရမှာက -
> သူ ငါ့အပေါ် နောက်ထပ် နောက်ထပ် လိမ်ညာနေအုန်း
မှာဘဲလား …
> သူဆက်လိမ်ညာနေရင်ရော ငါ ခံနိုင်ရည်ရှိပါ့မလား …
> သူနောက်ထပ် မပွင့်လင်းရင် ငါ သည်းခံနိုင်အုန်းမှာလား …
> သူကရော ငါသည်းမခံနိုင်လို့  ပြောမိရင် ဘယ်လို တုန့် ပြန်
နိုင်သလည်း …
> သူ့ တုန်ပြန်မှုတွေကို ငါ့အနေနဲ့  ခံနိုင်ရည် ရှိပါ့မလား …
အစရှိတဲ့ အပေါ်ယံ အခက်ခဲတွေကို အဓိက တွေးကြည့်ပါ …
လူတိုင်း လူတိုင်းဟာ ကိုယ်ချစ်တဲ့သူရဲ့ / ကိုယ်တန်ဖိုးထား
မြတ်နိုးတဲ့ သူတွေရဲ့ ဥပက္ခာဒဏ်ကို ခံနိုင်ရည် မရှိကြပါဘူး ………
ဒါကြောင့်
တဖက်လူရဲ့ ဥပက္ခာပြုမှုတွေမရောက်လာခင်
လမ်းခွဲနိုင်ဖို့  ခံနိုင်ရည်စိတ် မွေးမြူထားပါ ။
အမုန်းတရားတွေရောက်မလာခင် ကိုယ့်ဖက်က
စွန့် လွှတ်နိုင်အောင် ကြိုးစားပါ ။
ပြဿနာပေါင်းစုံ သယ်မလာခင် ကင်းနိုင်သမျှ ကင်းအောင်
နေတတ်ဖို့  အားယူထားပါ ။
လောကကြီးမှာ ကိုယ်ချစ်တဲ့ တန်ဖိုးထားတဲ့သူတွေကို
လွယ်လွယ်နဲ့  ဘယ်သူမှ မစွန့် လွှတ်နိုင်သလို
အမုန်းဒဏ်လည်း မခံနိုင်ကြပါဘူး ။
ဒါပေမဲ့ -
စွန့် လွှတ်သင့်ပြီလို့  ကိုယ့်ဖက်က ယူဆလိုက်ရင်
ကိုယ့်စိတ်တွေ မနာကျင်သေးခင် စွန့် လွှတ်လိုက်ပါ ။
ရှေ့ ဆက်ဖို့  မဖြစ်နိုင်ဘူးလို့  ခံယူလိုက်ရင် ကိုယ့်စိတ်တွေ
ဝန်ထုတ်ဝန်ပိုးမဖြစ်ခင် စွန့် လွှတ်လိုက်ပါ ။
`` နေမြင့်လေ အရူးရင့်လေ `` ဆိုတဲ့ စကားပုံလိုပါဘဲ
တဖက်လူရဲ့ မရိုးသားမှုတွေကို သိသိရက်နဲ့  မစွန့် လွှတ်
နိုင်ရင် ရင်ထဲက သောကတွေဟာ ဖွဲမီးလိုပါဘဲ
တငွေ့ ငွေ့ နဲ့  လောင်မြိုက်ရင်း ဒေါသတွေက အမှားဆီကို
တွန်းပို့ သွားပါလိမ့်မယ် ။
လေးလံနေတဲ့အရာကို လွှတ်ချပစ်ဖို့ လည်း
မတွေဝေပါနဲ့  …
ပူလောင်နေတဲ့အရာကိုလည်း လွှင့်ပစ်လိုက်ဖို့ 
မနှောင့်နှေးပါနဲ့ …
တင်းကျပ်နေတဲ့အရာကိုလည်း ထုတ်ပစ်လိုက်ဖို့ 
မကြောက်ပါနဲ့ …
ဒဏ်ရာဆိုတာ မရင်းခင်သာ ကုသဖို့ လွယ်တာမို့ 
အချိန်မှီကုသဖို့  ကြိုးစားခြင်းသာ အမှန်ကန်ဆုံးဖြစ်ပါတယ် ။
ပွင့်လင်းမှုမရှိ ၊ ရိုးသားမှုမရှိတဲ့သူတွေဟာ ကိုယ့်ဘဝအတွက်
အရာမရောက်တဲ့ လူတွေမို့  အမုန်းနဲ့  လမ်းခွဲခြင်း
မဟုတ်ပဲ အပြုံးလေးနဲ့  စွန့် လွှတ်ပစ်လိုက်ပါ ။
#မုန်းမာန်ခ
credit to
0 comments:
Post a Comment