မိန်းကလေးဆိုတာ
✿✿✿✿✿✿✿✿
.
ကိုယ့်ဘဝကိုယ် လေးစားရကောင်းမှန်းမသိရင်
ယောင်္ကျားလေးတွေရဲ့ လက်ထဲက
ကစားစရာအရုပ်ဖြစ်သွားလိမ့်မယ်။
မာနတရားကို လက်ကိုင်မထားဘဲနေမိရင်
ယောင်္ကျားလေးတွေရဲ့ ပေါ့ပျက်ပျက်
သဘောထားတာ ကြုံရတတ်တယ်။
အဖြေလွယ်လွယ်ပေး သဲသဲလှုပ်ချစ်ပြရင်
ယောင်္ကျားလေးတွေရဲ့ အထင်သေးတာ
တန်ဘိုးမထားတာခံရမယ်။
ခပ်ပျော့ပျော့ ခပ်တုံးတုံးအထာ ဖြစ်ပြရင်
ယောင်္ကျားလေးတွေရဲ့ လှည့်စားတာ
အကွက်ရွှေ့တာတွေ ခံရမယ်။
တစ်ခါတစ်ရံ ပြတ်သားရက်စက်တတ်ဖို့လည်း
လိုတယ်…ကိုယ့်ဘဝကိုလည်း
အသက်ထက်ပိုချစ်တတ်ရမယ်…
အကြောတင်းသင့်တင်း မာနကြီးသင့်ကြီးပြတတ်ရမယ်…
အသေအလဲချစ်နေရင်တောင် မုန်းဟန်ဆောင်တတ်ရမယ်…
မိန်းကလေးဖြစ်ရတာ ဘယ်နေရာမှ မနိမ့်ကျပါဘူး…
သဘာဝကပေးတဲ့ အလှအပတရားတွေ
အကုန်ပိုင်ဆိုင်ထားတယ်နူးညံ့သိမ်မွေ့တဲ့
နှလုံးသားတစ်စုံရှိထားတယ်…
ကိုယ့်ဘဝ ကိုယ့်အနာဂတ်ကို
ကိုယ်တိုင်ရွေးချယ်ခွင့်ရထားတယ်
မချစ်ရင် ငြင်းခွင့်ရှိတယ်မုန်းရင် လှည့်မကြည့်ခွင့်ရှိတယ်…
ဖြစ်ချင်တာတော့ ဖြစ်ခွင့်မရှိဘူး
ဖြစ်သင့်တာတော့ ဖြစ်ခွင့်ရှိတယ်…
ရွေးချယ်မှု မမှားဖို့တော့လိုလိမ့်မယ်…
လောကမှာရှင်သန်ဖို့ဆိုရင်
ခြင်္သေ့လို ရဲရင့်ပြဖို့လည်းလိုတယ်လေ…
အမှားရှိခဲ့တိုင်းလည်း အပြစ်မဟုတ်ဘူး
တစ်ချို့အမှားတွေက သန့်ရှင်းပါတယ်…
မသိလို့မှားခဲ့မိတာရယ်
မနူးမနပ်နဲ့ ငယ်သေးလို့မှားခဲ့မိတာရယ်ကြောင့်ပါ…
အဲ့အမှားထဲက အချိန်မှီပြန်ရုန်းထွက်နိုင်ဖို့ပဲလိုတာ။ ။
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
0 comments:
Post a Comment