Sunday, October 15, 2017

# သားသမီး ၃ မျိုး ( ကျော်မသွားနဲ့ နော် သေချာဖတ်ပါရှင် )

# သားသမီး ၃ မျိုး  ( ကျော်မသွားနဲ့ နော် သေချာဖတ်ပါရှင် )
=================
* အကြွေးလာဆပ်တဲ့ သားသမီးနဲ့
အကြွေးလာတောင်းတဲ့ သားသမီးဆိုပြီး
နှစ်မျိုးရှိပါတယ်
* အကြွေးလာဆပ်တဲ့ သားသမီးကတော့
သူတတ်တဲ့ပညာတွေနဲ့ မိဘတွေကို
ပညာတတ်ရင်လည်း ပညာနဲ့
ပညာမတတ်ရင်လည်း ခွန်အားနဲ့
လုပ်ကြွေးပြုစုမယ့် သားသမီးမျိုးပေါ့
* အကြွေးလာတောင်းတဲ့ သားသမီးကတော့
မိဘစိတ်ဆင်းရဲအောင်လုပ်မယ် ဂျီတိုက်မယ်
မသေခင် အမွေတောင်းမယ် စတဲ့ စိတ်ဆင်းရအောင်​ လုပ်မယ် အရှက်ပေးမယ်
အန္တရာယ်ပေးမယ့် သားသမီးမျိုးပေါ့
* ဘုရားဟောစကားတော်အရကတော့
အတိဇာတသား , အနုဇာတသား , အဝဇာတသား
ဆိုပြီး သုံးမျိုးရှိတာပေါ့
* အတိဇာတသားဆိုတာက
မိဘထက်အလွန် ကိုယ်ကျင့်သိက္ခာက
အစသာသွားတာ၊ဥပမာ ဘုန်းကြီး ရဟန်း
အဖြစ်နဲ့ မိဘကို လုပ်ကျွေးပြုစုတဲ့သားမျိုး ၊
သားကောင်းသားမြတ်မျိုးပေါ့
* အနုဇာတသား ဆိုတာက
မိဘနဲ့ ကိုယ်ကျင့်သိက္ခာတူ မိဘကို
လုပ်ကျွေးပြုစု  ကျွေးမွေးစောင့်ရှောက်တဲ့
သားသမီးမျိုးပေါ့
* အဲ့ဒီ ၂နှစ်မျိုးက သားကောင်း
သမီးကောင်းတွေပေါ့
အထက်မှာပြောထားသလို
အကြွေးဆပ်မယ့် သားသမီးမျိုးပေါ့
* အဝဇာတသားကတော့
မိဘထက်ယုတ်ညံတဲ့ သာသမီးမျိုး
အကြွေးတောင်းလာတဲ့ သားမျိုးပေါ့
မိဘကို ဒုက္ခပေးဖို့ သက်သက် ဖြစ်လာတဲ့
သားမျိုး မွေးလာလို့သာချစ်မြတ်နိုးရပေမယ့်
ဒီသားသမီးမျိုးကိုတော့ ဘယ်မိဘမှ
မလိုလားတဲ့ သားသမီးမျိုးပေါ့
* ဒီသားသမီးမျိုးကျ အထက်မှာပြောထားသလို
 အကြွေးလာတောင်းတဲ့ သားသမီးမျိုးပေါ့
* ဒါပေမယ့် မိဘဆိုတာက
ဘယ်သားသမီးကိုမဆို
ဆိုးရင်လည်းဂရုဏာနဲ့ ချစ်တာပါပဲ
* ကောင်းတဲ့သားသမီးကိုလည်း
လိမ္မာလို့ချစ်ရတာပါပဲ
ခွဲခြားတာမျိုးတော့မရှိဘူးပေါ့
* တကယ်လိုလားတာက
အတိဇာတ သားသမီးမျိုးသာ
မိဘတိုင်း လိုလားကြပါတယ်
* ဒါကြောင့်မို့လို့ သားသမီးတွေ အနေနဲ့
 အတိဇာတ သားသမီးမျိုးထိ
မဖြစ်နိုင်တောင် အနုဇာတ သားသမီး
လောက်တော့ ဖြစ်အောင် မိဘကို
ကျွေးမွေးစောင့်ရှောက်နိုင်တဲ့
သားသမီးများဖြစ်အောင်
ကြိုးစားနိုင်ကြပါစေ
* သားသမီး​ကောင်းများဖြစ်​လို့
မိဘကို အသက်​​ပေးလို့
ကာကွယ်​နိုင်​ကြပါ​စေရှင် #
                     copyပါ
                   ချမ်းမြေကြပါစေ

0 comments:

Post a Comment