Sunday, August 27, 2017

ခွဲရမှာကြောက်ရင် အစကတည်းက မတွဲတာကောင်းတယ်။

❖ ခွဲရမှာကြောက်ရင် အစကတည်းက
မတွဲတာကောင်းတယ်။

တွဲတယ်ဆိုတာ ခွဲခြင်းရဲ့အကြောင်းပဲ။
ဘယ်သူတွေ ဘယ်လောက်ပဲ
အတွဲကောင်းနေကြပါစေ အမြဲပြောင်းနေတဲ့
လောကကြီးမှာ အချိန်တန်တော့လည်း
မြဲတဲ့သူနဲ့ ခွဲကြရတာပဲ မဟုတ်လား။
အရှင်ခွဲနဲ့ အသေခွဲပဲကွာတယ်။

❖ ဆိုတော့ကား… တွဲမရလို့ခွဲကြတဲ့အခါ
အခွဲကောင်းဖို့ပဲ ကြိုးစားရမယ်။ အမုန်းနဲ့မခွဲဘဲ အပြုံးနဲ့ခွဲနိုင်အောင်၊ အချစ်နဲ့မခွဲဘဲ အနှစ်နဲ့ခွဲနိုင်အောင်၊ မတရားနဲ့ မခွဲဘဲ တရားနဲ့ခွဲနိုင်အောင်၊ အကုသိုလ်နဲ့မခွဲဘဲ ကုသိုလ်နဲ့ခွဲနိုင်အောင်၊ လေ့ကျင့်ရမယ်။ အချိန်တန်ရင် ခွဲရမယ်ဆိုတဲ့ အသိကိုဆင်ခြင်ပြီး တွဲနေတဲ့အချိန်မှာ အလွဲတွေမများဖို့၊ အတွဲလွန်ပြီး အစွဲလွန်ရောဂါ မဖြစ်ဖို့၊ အတွဲများတဲ့ အလွဲအမှားကြောင့် ငရဲသွားတဲ့အထိ မရောက်ဖို့ သတိပြုကြရမယ်။

❖ အကောင်းဆုံးကတော့ အတွဲနဲ့ အခွဲကို သတိပြုပြီး မမြဲကြလို့ခွဲကြတဲ့အခါ အလွဲတွေနဲ့ မခွဲကြဘဲ အချိန်တန်လို့ ခွဲကြရတာလို့ သဘောထား၊ မနော(စိတ်)အား ကောင်းအောင်သာ ကြိုးစားကြဖို့ပါပဲ။……… ။

❁ (မနာပဒါယီ အရှင်ဝိစိတ္တ) ❁
ကိုယ့်ကိုကိုယ် ဆုံးမခြင်း (၁၁)

★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★
Win Soe

0 comments:

Post a Comment