❄ပဋိစ္စသမုပ္ပာဒ် အင်္ဂါတစ်ပါးစီ၏ ❄
. အဓိပ္ပာယ်
. 💫💫💫💫💫💫💫💫
၁။အဝိဇ္ဇာ
⏪⏩
မသိခြင်း မောဟသည် အဝိဇ္ဇာဖြစ်၏ ။ဒုက္ခသစ္စာ
သမုဒယသစ္စာ ၊ နိရောဓသစ္စာ ၊ မဂ္ဂသစ္စာဟူသော
သစ္စာလေးပါးကိုမသိခြင်းသည် အဝိဇ္ဇာဖြစ်သည်။
ဘ၀ခန္ဓာ၏ ရှေ့အဖို့အစု ၊ ဘ၀ခန္ဓာ၏နောက်အဖို့အစု ၊ ၎င်းတို့နှစ်ခုလုံး အဆက်မပြတ်လည်ပတ်နေသော ဘ၀စက်ရဟတ် ပဋိစ္စသမုပ္ပာဒ်ဟူသော
၈ ဌာနတို့ကို မသိမမြင်ခြင်း မောဟသည် ၊
အဝိဇ္ဇ၏ဖြစ်၏။
မျက်စိတွင် တိမ်သလ္လာဖုံနေသူသည် ၊ မြင်သင့်
မြင်ထိုက်သောအရာဝတ္ထုတို့ကို မမြင်ရသကဲ့သို့
အဝိဇ္ဇာဖုံးလွှမ်းနေသောကြောင့် ၊ ဘုံသုံးပါး၌ ရှိရှိသမျှ သောရုပ်နာမ်တို့သည် ၊ဆင်းရဲခြင်း ဒုက္ခချည်းဖြစ်သည်ဟူသော အမှန်တရား ဒုက္ခသစ္စာကို မသိမမြင်ပေ။
🔜တဏှာလောဘသည် ဆင်းရဲခြင်းအမှန်
(ဒုက္ခသစ္စာ)ဖြစ်ကြောင်းတရားဟု အမှန်အတိုင်း
မသိမမြင်ခြင်းသည် အဝိဇ္ဇာဖြစ်၏။
🔜နိဗ္ဗာန်သည် ဆင်းရဲအားလုံးချုပ်ဆုံးကွယ
်ပျောက်ရာ အမှန်တရား (နိရောဓသစ္စာ)ဟု
အမှန်အတိုင်း မသိမမြင်ခြင်းသည်
အဝိဇ္ဇာဖြစ်၏။
🔜မဂ္ဂင်ရှစ်ပါး အကျင့်တရားလမ်းစဉ်သည်
နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းအမှန်
(မဂ္ဂသစ္စာ)ဖြစ်သည်ဟု အမှန်တိုင်းမသိခြင်း
သည် အဝိဇ္ဇာဖြစ်၏။
🔯အဝိဇ္ဇာ၏ အဓိပ္ပာယ်ကား မသိခြင်း
. မောဟဖြစ်၏
၂။သင်္ခာရ
⏪⏩⏪⏩
🔜စေ့ဆော် ပြုပြင်တတ်သောသဘော
(စေတနာ)ကို သင်္ခာရ ဟုခေါ်ပါ၏။
အကျိုးဝိပါက်ဖြစ်သော ရုပ်နာမ်သင်္ခတတရားအစု
ကို ပြုပြင်စီမံတတ်သော လောကီကုသိုလ် ၊
အကုသိုလ် စေတနာသည် သင်္ခာရဖြစ်၏။
၃။ဝိညာဉ်
⏪⏩⏪
🔜သိတတ်သောသဘောကို ဝိညာဉ်ဟုခေါ်၏။
ပဋိသန္ဓေစိတ် ၊ လောကီဝိပါက်စိတ်ကို
ဝိညာဉ်ဟုခေါ်သည် ။
၎။နာမ် ၊ ရုပ်
⏪⏩⏪⏩
🔜ပဋိသန္ဓေ ဝိညာဏ် ဖြစ်ပေါ်လာသည့်အခါ
ဝိညာဉ်နှင့်ယှဉ်ဖက်ဖြစ်သော နာမ်ခန္ဓာ ၃ ပါးနှင့်
ကမ္မဇရုပ်ကလာဘ်များ တစ်ပြိုင်နက်ဖြစ်ပေါ်သဖြင့်
ဝိညာဉ်ကြောင့် နာမ်ရုပ်များဖြစ်ရသည်ဟု ဆို၏။
၅။သဠာယတန
⏪⏩⏪⏩
🔜တည်ရာဠာန ခြောက်ခုဟုအဓိပ္ပာယ်ရ၏။
ယင်းခြောက်ခုသောတည်ရာဌာနတို့ကား
မျက်စိ ၊ နား ၊ နှာခေါင်း ၊ လျှာ ၊ ခန္ဓာကိုယ် ၊
စိတ်တို့ဖြစ်ကြ၏
သ + အာယတန
သ = ခြောက်ခု ၊ အာယတန = တည်ရာဌာန
🔯ဤတည်ရာဌာနကို သံသရာချဲ့တတ်သော
တရား၆ပါးဟုခေါ်ပြီး ၊ ခန္ဓာအတွင်း၌တည်သော
ကြောင့် အတွင်းသံသရာ ချဲ့တတ်သောတရား
၆ပါး (သို့) အဇ္ဈတ္တ အာယတန ၊ အတွင်းအာယ
တန၆ ပါးဟုခေါ်သည်။
🔜ကိလေသာတို့ကို ပွားစီးပေါက်ဖွားစေသည့်
အဆင်း၊ အသံ၊အနံ့၊အရသာ၊တွေ့ထိစရာ
၊ကြံတွေးစရာဟူသော အာရုံတို့၏ ဝင်ရောက်
လာနိုင်သည့် တ့ခါးကြီး ၆ ပေါက်ဟုလည်း
ခေါ်၏။
၆။ဖဿ
⏪⏩
🔜အတွေ့အထိကို ဖဿ ဟုခေါ်သည်။
မျက်စိဖြင့်အဆင်းတွေ့ထိခြင်း
နားနှင့် အသံတွေ့ထိခြင်း
နှာခေါင်းနှင့်အနံ့တွေ့ထိခြင်း
ခန္ဓာကိုယ်နှင့်အာရုံတွေ့ထိခြင်း
စိတ်နှင့်ကြံတွေးစရာတွေ့ထိခြင်းစသည်ဖြင့်
တွေ့ထိခြင်း ဖဿ ၆ မျိုးရှိ၏။
၇။ဝေဒနာ
. ⏪⏩
ခံစားခြင်းကို ဝေဒနာဟု ခေါ်သည်။အတွေ့အထိ ဖဿ ကြောင့် ခံစားမှု ဝေဒနာဖြစ်ပေါ်ရသည်။
ဥပမာ - အတောင်သုံးဆယ်မြင့်မားသော
ကွမ်းသီးပင် ထိပ်ဖျားတွင် လူတစ်ယောက်
တန်းလန်းကြီးဖြစ်ပြီးပြုတ်ကျတော့မည့်အနေ
အထားကို ၊ အောက်ကမြင်ရသူသည် ၊
ကြောင်လန့်ပြီး ခြေဖဝါးများယားလာ၏။
🔜မျက်စိဖြင့်မြင်ရသော အတွေ့အထိကြောင့်
ခြေဖဝါးယားလာသည်အထိ ခံစားမှု ဝေဒနာ
ဖြစ်လာပုံကို သတိပြုပါ။
၈။တဏှာ
⏪⏩⏪⏩
🔜တက်မက်ခြင်း ၊ နှစ်သက်ခြင်း ၊သာယာခြင်းကို
တဏှာဟုခေါ်၏။
🔯တဏှာ ၆ မျိုးရှိပါ၏။🔯
🔜အဆင်း၌်နှစ်သက်သာယာခြင်း ရူပတဏှာ
🔜အသံ၌ နှစ်သက်သာယာခြင်း သဒ္ဒတဏှာ
🔜အနံ့၌ နှစ်သက်သာယာခြင်း ဂန္ဓ တဏှာ
🔜အရသာ၌ နှစ်သက် သာယာခြင်း ရသ တဏှာ
🔜အတွေ့အထိ၌နှစ်သက်ခြင်းဖောဌဖ္ဗတဏှာ
🔜တွေ့ကြုံခဲ့ပြီးသော စက္ခု သောတ စသော
ဓမ္မာရုံတို့အပေါ်၌ ပြန်လည် အောက်မေ့တွေးတော
သာယာသော ဓမ္မတဏှာတို့ဖြစ်၏။
၉။ဥပါဒါန်
⏪⏩⏪
🔜အနည်းငယ်တပ်မက်မှုသည် တဏှာဖြစ်ပြီး
လွန်လွန်ကဲကဲစွဲလမ်းတပ်မက်မှုသည် ဥပါဒါန်ဖြစ်သည်။စွဲလမ်းခြင်းကို ဥပါဒါန်ဟုခေါ်၏။
၁၀။ဘဝ
⏪⏩
🔜ကမ္မဘဝနှင့် ဥပပတ္တိဘဝဟူ၍နျစ်မျိုးရှိ၏။
လက်ရှိလောကီကုသိုလ် ၊ အကုသိုလ်အမှုတို့ကို
ပြုခြင်းကို ကမ္မဘ၀ဟုခေါ်၏။
အကြောင်းကံအပေါ်တည်မှီပြီ့်ဖြစ်ပေါ်ရသော
လောကီ ဝိပါက် ၃၂ ပါး နှင့် ကမ္မဇရုပ်များကို
ဥပပတ္တိဘဝဟုခေါ်၏။
၁၁။ဇာတိ
⏪⏩
🔜ဘ၀၏အစကို ဇာတိဟုခေါ်၏။
ထိုထိုဘုံဘ၀၌ဖြစ်ရခြင်း ၊ ပဋိသန္ဓေနေရခြင်းကို
ဇာတိဟုခေါ်၏။
၁၂။ဇရာ ၊ မရဏ
⏪⏩⏪⏩⏪⏩
ဇရာ = အိုမင်းရင့်ရော်ခြင်းဒုက္ခ
မရဏ = သေဆုံးရခြင်းဒုက္ခ
🔜သတ္တဝါတိုင်းသည် ထိုထိုဘုံဘ၀၌ တိရိစ္ဆာန်
လူ ၊ နတ် ၊ ဗြဟ္မာ ဟူသော ခန္ဓာတို့ကိုရရှိက
အိုမင်းဆွေးမြေ့ခြင်း ရင့်ရော်ခြင်းဇ ရာ ၊
သေရခြင်းမရဏတို့ကိုတွေ့ရမည်ဖြစ်၏။
အင်္ဂါ ၁၂ ပါး
🌠🌠🌠
သတ္တဝါတို့၏ ဘ၀ခန္ဓာ စက်ရဟတ် အဆက်မပြတ် လည်ပတ်နေပုံ ပဋိစ္စ သမုပ္ပာဒ်(အကြောင်းကြောင့်အကျိုးဆက်စပ်ဖြစ်ပေါ်နေပုံ)သည် ၊ အစိပ်အပိုင်း
အင်္ဂါအားဖြင့် ၁၂ ပါးရှိသည်။
၁။အဝိဇ္ဇာ (မသိခြင်း မောဟ)
၂။သင်္ခာရ (ပြုပြင်ဖန်တီးသောသဘော၊စေတနာ)
၃။ဝိညာဉ် (သိတတ်သောသဘော)
၎။နာမ် ၊ ရုပ် (သိတတ်/ဖောက်ပြန်ပျက်ဆီးတတ်)
၅။သဠာယတန(တည်ရာဌာနခြောက်ခု)
၆။ဖဿ ( အာရုံနှင့်တွေ့ထိခြင်း)
၇။ဝေဒနာ(အာရုံ၏အရသာကိုခံစားခြင်း)
၈။တဏှာ(အာရုံ၌ နှစ်သက်တပ်မက်ခြင်း)
၉။ဥပါဒါန် (စွဲလန်းသောတဏှာ၊ အယူသီးသောဒိဌိ)
၁၀။ဘဝ (ကမ္မဘဝ နှင့် ဥပပတ္တိဘ၀)
၁၁။ဇာတိ (ဘ၀အသစ်ဖြင်ပေါ်ခြင်း )
၁၂။ဇရာ ၊ မရဏ (အိုမင်းရင့်ရော်ခြင်းနှင့်
. သေဆုံးခြင်း)
ကာလသုံးပါး
🌠🌠🌠🌠
၁။လွန်လေပြီးသောအတိတ်ကာလ
. အဝိဇ္ဇာ သင်္ခိာရသည် အတိတ်ကာလ။
၂။ယခုဖြစ်ဆဲပစ္စုပ္ပန်ကာလ
ဝိညာဏ် ၊ နာမ်ရုပ် ၊ သဠယတန ၊ ဖဿ ၊
ဝေဒနာတို့သည် ၊ ယခု တဏှာ ဥပါဒါန်
ဘဝတို့သည် ယခုဖြစ်ဆဲ ပစ္စု ပ္ပန်ကာလ
အတွင်း၌ရှိ၏။
၃။နောင်ဖြစ်လတ္တံ့သော အနာဂါတ်ကာလ
ဇာတိ၊ဇရာ ၊ မရဏသည် အနာဂါတ်ကာလ၌
ပါ၏။
ဝဋ်သုံးပါး
🌠🌠🌠
၁။အဝိဇ္ဇာ ၊ တဏှာ ၊ဥပါဒါန်သည်
. ကိလေသဝဋ်မည်၏။
၂။သင်္ခာရ ၊ ကမ္မဘ၀သည် ကမ္မဝဋ်မည်၏။
၃။ဝိညာဏ်၊ နာမ်ရုပ် ၊ သဠယတန ၊ ဖ ဿ
ဝေဒနာ ၊ ဥပပတ္တိဘဝ ၊ ဇာတိ ဇရာ မရဏသည်
ဝိပါကဝဋ် မည်၏။
ခြင်းရာနှစ်ဆယ်
🌠🌠🌠🌠
၁။အဝိဇ္ဇာ ၊ သင်္ခာရ ၊ တဏှာ ၊ ဥပါဒါန် ဘဝ
. ခြင်းရာ ၅ ပါး
၂။တဏှာ ၊ ဥပါဒါန် ၊ ဘဝ ၊ အဝိဇ္ဇာ ၊ သင်္ခာရ
. ခြင်းရာ ၅ ပါး
၃။ဝိညာဏ် ၊ နာမ်ရုပ်၊သဠာယတန ၊ ဖဿ
. ဝေဒနာ ခြင်းရာ ၅ ပါး
. ပစ္စုပ္ပန် အကျိုးခန္ဓာငါးပါး
၎။ဝိညာဏ် ၊ နာမ်ရုပ် ၊ သဠယတန၊ ဖဿ
. ဝေဒနာ ၊ ခြင်းရာ ငါးပါး
အနာဂါတ်၌ဖြစ်လတ္တံ့ သောအကျိုး ခန္ဓာငါးပါး
စုစုပေါင်း ခြင်းရာ ၂၀ ဖြစ်၏။
🔜ဤတရားစုတို့ကို အမည်သညာနှင့်
အဓိပ္ပာယ်သိရုံမျှ ကျက်မှတ်ထားရန်
လိုအပ်ပါ၏။
🔯တရားကိုယ်များကို ကျကျနနဃဂနဏ
နားလည်အောင် ရှင်းလင်းပြေပြစ်ရေးသည်
ဝိပဿ နာကမ္မဌာန်းပြမည့် ဆရာ၏
တာဝန်သာတည်း။
⏪သာယာချမ်းမြေ့ကြပါစေ။⏩
. 🔯သစ္စာနီ🔯
မှီငြမ်း
ဗုဒ္ဓဘာသာကောင်းတစ်ယောက်
စာ ၃၈၂ - ၃၈၇
Sunday, August 27, 2017
Home »
တရားဆိုင်ရာ
» ❄ပဋိစ္စသမုပ္ပာဒ် အင်္ဂါတစ်ပါးစီ၏ ❄ . အဓိပ္ပာယ်
0 comments:
Post a Comment