ပရိတ်တော်ရွတ်ဖတ်ရခြင်း အကျိုး
ပဌာန်းရွတ်ဖတ်ရခြင်း အကျိုး
ဓမ္မစကြာရွတ်ဖတ်ရခြင်း အကျိုး
ပရိတ်ရွတ်ဖတ်ရခြင်း အကျိုး
မင်္ဂလသုတ် - ကို အိမ်တတ်မင်္ဂလာနှင့် အခြားမင်္ဂလာအခမ်းအနားတို့တွင် ရွတ်ဖတ်ကြသည်။အမြဲ ရွတ်ဖတ်ခြင်းကြောင့် ဘေးရန်ကင်းရှင်းပြီး မင်္ဂလာကျက်သရေ တိုးတက်စေပါသည်။
ရတနသုတ် - ကိုငတ်မွတ်ခေါင်းပါးခြင်းဘေး/မကောင်းဆိုးဝါးဘေး/ရောဂါဘယဘေးတို့နှင့် တွေ့ကြုံသောအခါ ရွတ်ဖတ်ကြသည်။အမြဲရွတ်ဖတ်ခြင်းကြောင့် အထက်ပါ ကပ်ကြီးသုံးပါးနှင့် မကြုံတွေ့နိုင်ပေ။
မေတ္တသုတ် - ကိုမကောင်းဆိုးဝါး အခြောက်အလှန့်ခံရသောအခါ /မလိုမုန်းထားသူပေါများသောအခါ/အိမ်မက်ဆိုး/အတိတ်နိမိတ်ဆိုးများနှင့် ကြုံရသောအခါ ရွတ်ဖတ်ကြသည်။အမြဲရွတ်ဖတ်ခြင်းကြောင့် အထက်ပါအဖြစ်အပျက်များ ကင်းငြိမ်း၍ လူ,နတ်အများ ချစ်ခင်ပါသည်။
ံခန္တသုတ် - ကို မြွေ/ကင်းနှင့် အခြားသားရဲတိရစ္ဆာန်များ ထူပေါသောအချိန်တွင် ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ခြင်း မြွေ/ကင်းနှင့်သားရဲတိရစ္ဆာန်များ၏ ကိုက်ခဲခြင်းဘေးမှ ကင်းဝေးနိုင်ပြီး တခြားအန္တရာယ် ဆိုးများကိုလည်း ကာကွယ်နိုင်ပါသည်။
မောရသုတ် - ကို ရန်သူဘေးရန် နီးကပ်သောအခါ ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ခြင်းကြောင့် သူတစ်ပါးသေကြောင်းကြံသော ဘေးအမျိုးမျိုးနှင့် အနှောင့်အဖွဲ့ဘေးတို့မှ ကင်းလွတ်စေပြီး အသက်ရှည်စေပါသည်။
ဝဋ္ဋသုတ် - ကို မီးဘေးနှင့်ကြုံတွေ့သောအခါ ရွတ်ဖတ်ကြသည်။ အမြဲရွတ်ခြင်းကြောင့် မိမိ အိမ်ကို မီးကွင်းနိုင်ပါသည်။
ဓဇဂ္ဂသုတ် - ကိုကြောက်မက်ဖွယ် ဘေးအန္တရာယ်တို့နှင့် ကြုံတွေ့ရသောအခါ ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ခြင်းကြောင့် ကြောက်ရွံ့အားငယ်စိတ်များ ကင်းဝေးပြီး ကြောက်လန့်ခြင်းဘေးအမျိုးမှ ကင်းဝေးစေပါသည်။
အဋာနာဋိယသုတ် - ကို အမှောင့်ပယောကကပ်ချိန်နှင့် တစ်ခြားမကောင်းဆိုးဝါးများ နှိပ်စက်သောအခါ ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ခြင်းကြောင့် အထက်ပါအဖြစ်အပျက်များနှင့် မတွေ့ကြုံနိုင်ပဲ မကောင်းသော ကံကြမ္မာများမှ လွတ်ကင်းချမ်းသာနိုင်ပါသည်။
အဂုင်္လိမာလသုတ် - ကို ကိုယ်ဝန်သည်အမျိုးသမီးများ မီးဖွားရခက်ခဲသောအခါ ရွတ်ဖတ်ကြသည်။အမြဲရွတ်ဖတ်ခြင်းကြောင့် ကိုယ်တွင်းရှိသမျှဘေးရန်တို့ ပျောက်ကင်းစေပြီ ကိုယ်ဝန်သည်အမျိုးသမီးများသည် မိမိရင်သွေးကို အခကအခဲမရှိ လွယ်ကူစွာ မွေးဖွားနိုင်ပါသည်။
ဗောဇ္ဇုင်္ဂသုတ် - ကို မမာမကျန်းနှင့် အနာရောဂါဝေဒနာများ ဖြစ်သောအခါတွင် ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ခြင်းဖြင့် ရောဂါဝေဒနာဆိုးများ ပျောက်ကင်းချမ်းသာစေနိုင်ပါသည်။
ပုဗ္ဗဏှသုတ် - ကို အတိတ်ဆိုးများ/ နိမိတ်ဆိုးများဂြိုလ်ဆိုးများ/ကြမ္မာဆိုးများနှင့် ကြုံတွေ့ပါက ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ကြပါက အထက်ပါအဖြစ်အပျက်များမှ ကင်းဝေးနိုင်ပြီး ချမ်းသာသုခနှင့် ပြည်စုံစေနိုင်သည်။
(ပဌာန်းဒေသနာ ရွတ်ဖတ်ရခြင်း အကျိုး)
ပဌာန်းဒေသနာနှင့်နိဒ္ဒေသတို့ကို အမြဲရွတ်ဖတ်ခြင်းအားဖြင့် မိမိသန္တာန်၌ ကိန်းအောင်းနေသည့် ကာယအား/ ဥာဏအား အစွမ်းသတ္တိတို့ ပေါ်လွင်တွန်းတောက် ထက်မြက်စေသည်။
ရင်ဆိုင်ကြုံတွေ့ကျရောက်လာမည့် ဘေးအန္တရာယ်တို့ကို လွန်မြောက်ကင်းလွတ်နိုင်ပြီး ကောင်းကျိုးပွားသည့်ဆောင်ရွက်ချက်တို့ ပြီးစီးအောင်မြင်နိုင်၍ မကောင်းကျိုးဖြစ်စေမည့် ဆောင်ရွှက်ချက်တို့ ရှောင်လွှဲနိုင်သည်။ အဆုံးစွန်သောဘဝ၌ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းစသည့် အကျိုးတရားတို့ ရရှိစေသည်။
(ဓမ္မာစကြာ ရွတ်ဖတ်ခြင်းအကျိုး)
ဓမ္မစကြာသုတ်တော်ကို အမြဲရွတ်ဖတ် သရဇ္ဇုယ်ခြင်းဖြင့်လူ,နတ်ချစ်ခင်ကြည်ညို လေးစားသည်။သူတော်ကောင်းများနှင့် ကြုံတွေ့ရပြီး တရားထူး/တရားမြတ်များ နာယူကျင့်ကြံ ရတတ်သည်။ လောကီရေးတွင် မကောင်းကျိုး ဖြစ်စေမည့်ဆောင်ရွက်ချက်တို့ ရှောင်လွှဲနိုင်သည့် အကျိုးတရားတို့ကို ရရှိစေသည်။
၇ ရက် သားသမီး အပေါင်းစိတ်၏ ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံပြီ လိုအင်ဆန္ဒများတစ်လုံးတစ်ဝ တည်းပြည့်ဝ ပါစေ။ု
https://www.facebook.com/permalink.php?story_fbid=216566858695517&id=100010266134001&substory_index=1

0 comments:
Post a Comment