Saturday, February 13, 2016

အနုပညာ ဆန်ပြီး ကြည်ညိုစရာပင်။

အနုပညာ ဆန်ပြီး ကြည်ညိုစရာပင်။
.
သိမ်တစ်ဆောင် ဖြစ်ပေါ်လာဖို့အတွက်
သိမ်သမုတ် သိမ်နုတ် ကမ္မဝါ ရွတ်ဆိုနေကြတာကို
မမြင်ဖူးကြသေးတဲ့ အချို့ တကာ တကာမများအတွက်
ဗဟုသုတအဖြစ် ကြည်ညို ဖူးမြော် ခွင့်ရအောင် တင်ပေးလိုက်ပါတယ်။
အချို့ အဘိုးအဘွားတွေဆိုရင် သိမ်တစ်ဆောင် ဖြစ်ပေါ်လာဖို့အတွက်
ဘယ်လိုစတင်ခဲ့ရတယ်ဆိုတာ မသိကြမဖူးမြော်ကြရပဲ
ဆုံးသွားကြတဲ့ အဘိုးအဘွားတွေ အများကြီးရှိခဲ့ကြပါတယ်။

အိမ် တိုက်တာများ ဆောက်လုပ်ဖို့အတွက် သစ် ၀ါး အုတ် ဘီလပ်မြေ
မြေနေရာ စသည် ပြည့်စုံရုံဖြင့် ဆောက်လုပ်နိုင်ပေမယ့်..
.
သိမ်တစ်ဆောင် ဖြစ်ပေါ်လာဖို့အတွက်ကား အထက်ပါအဂါင်္ရပ်
သစ် ၀ါး အုတ် ဘီလပ်မြေ မြေနေရာ စသည်ပြည့်စုံရုံဖြင့် မပြီးသေးပါ
ပုံပါအတိုင်း အဖန်ဖန် အထပ်ထပ် ပြုလုပ်ပြီးမှ သိမ်ဆောက်ရပါတယ်။
သိမ်ဆိုတာ သာသနာတော်ရဲ့ အသက်၊ သိမ်မရှိလျှင် ရဟန်းဆိုတာ
ဖြစ်ပေါ်လာဖို့ မလွယ်ပါ။

0 comments:

Post a Comment