ဆက်လျှောက်ပါ မရောက်မှာကို မကြောက်ပါနဲ့
။ ။
အလုပ်တစ်ခုကို လုပ်တဲ့အခါ ဖြစ်စေ ၊ ကိုယ့်ရည်မှန်းချက်တစ်ခုကို အကောင်အထည် ဖော်နေတဲ့အခါ ဖြစ်စေ ၊ မအောင်မြင်လို့ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရလို့
မိမိကိုယ်ကို သိမ်ငငယ်စိတ် အားငယ်စိတ်မဝင်ပါ နဲ့ --- ။
အလုပ် လုပ်တိုင်း အောင်မြင်နေရင် ဆင်းရဲသားဆိုတာ ရှိလာစရာ အကြောင်းမရှိဘူး ။ ကျောင်းသားတိုင်း ဘွဲ့ရ ပညာတတ်ဖြစ်နေရင် ပညာဟာ တန်ဖိုးနည်းသွားမှာပေါ့ --။
တစ်ခြားသူတွေနဲ့ မိမိကို နှိုင်းယှဉ်ပြီး သူတို့အောင်မြင်သလို ငါ မအောင်မြင်ပါလား
သူတို့ ချမ်းသာသလို ငါ မချမ်းသာလားလို့ သိမ်ငယ်စိတ် အားငယ်စိတ်ဝင်နေခြင်းဟာ မိမိ၏ ဂုဏ်သိက္ခာတရားကို စော်ကားခြင်းသာ ဖြစ်လိမ့်မယ် --။
ဘေးပတ်ဝန်းကျင်က လူတွေဟာ တစ်ခါတစ်လေမှာ မိမိ၏ ကျရှုံးမှုကို အပြစ်ပြော ဝေဖန် အကြံပေးကြလိမ့်မယ် ။ သို့သော် သူတို့အထဲမှာ ငါ မင်းကို တတ်နိုင်သလောက် ကူညီပေးမယ် လို့ ပြောတဲ့သူ မရှိသလောက်ပါပဲ ။
အကူအညီ လိုချင်လို့ ပြောတာမဟုတ်ပါဘူး ။ ဘေးပတ်ဝန်းကျင်၏ စကားကို နားယောင်မိသွားမှာ စိုးလို့ပါ ။
သမိုင်းကို လှန်ကြည့်လိုက်ပါ အောင်မြင်ခဲ့တဲ့ လူတိုင်းဟာ ဒူးမှာ အမာရွက်တွေပြည့်နေတာကို တွေ့ရလိမ့်မယ် ။
ဒီတော့ လုပ်စရာရှိတာကိုသာ ဆက်လုပ်ပါ
ဘယ်လောက်ပြီးပြီ ဘယ်လောက်ကျန်သေးလဲ ဆိုတာကို စဉ်းစားမနေပါနဲ့ ။ ဒီနေ့ အလုပ်လုပ်နေလျှင် မနက်ဖန်က မိမိ၏ မျှော်လင့်ချက်ကို အသက်ဆက်ပေးနေလိမ့်မယ် ။သို့သော်
ဒီနေ့ အလုပ် မလုပ်ပဲနေလိုက်ရင်တော့ မနက်ဖန်ဟာ မိမိ၏ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းရာနေရာ ဖြစ်သွားလိမ့်မယ် ။
ဆက်လျှောက်ပါ ။ မရောက်မှာကို မကြောက်နဲ့ ။ မလျှောက်ပဲ နေမှာကိုပဲ ကြောက်ပါ ။ ဆက်လုပ်ပါ မဖြစ်မှာကို မကြောက်နဲ့ ရပ်တန့်သွားမှာကိုပဲ ကြောက်ပါ ။
မိမိ၏ စိတ် မိမိ၏ စွမ်းအား မိမိ၏ အလုပ်ကိုတော့ တန်ဖိုးထားတတ်ဖို့ လိုတယ် ။
အရှင် နန္ဒသီရိ
Wednesday, January 10, 2018
Home »
ဗဟုသုတဆိုင်ရာ
» ဆက်လျှောက်ပါ မရောက်မှာကို မကြောက်ပါနဲ့
0 comments:
Post a Comment