Saturday, December 17, 2016

" လူဖြစ်ကျိုးနပ်စေရန် ဘယ်လိုအတွေးမျိုးတွေးရမလဲ "

( နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ) ၃
" လူဖြစ်ကျိုးနပ်စေရန် ဘယ်လိုအတွေးမျိုးတွေးရမလဲ "
* မြတ်စွာဘုရားက အတွေးနဲ့ပတ်သက်လာရင် အတွေးသုံးမျိုးကို မတွေးနဲ့တဲ့
* အဲ့ဒီသုံးမျိုးတွေးရင် လူဖြစ်ရကျိုးမနပ်ဖြစ်လိမ့်မယ်တဲ့ အဲဒီသုံးမျိုးကတော
* အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဌ
* အဘိဇ္ဈာဆိုတာ သူတစ်ပါးပစ္စည်းကို ပိုင်ဆိုင်လိုချင်တဲ့အတွေးဟာ
* သူခိုးဓမြဖြစ်စေတဲ့အတွေးဒီအတွေးဟာ အန္တရာယ်ရှိတဲ့အတွေး အကုသိုလ်အတွေး မနောဒုစရိုက်အတွေးမျိုး မတွေးသင့်ဖူး ဒီအတွေးကိုရှောင်ရမယ်
* ဗျာပါဒ ဘာလဲဆိုရင် ကိုယ်နဲ့မတည့်သူတစ်ယောက်အပေါ် စိတ်ထဲမှာပေါ်လာတယ်
* ဟာဒီကောင်သေသွားရင်ကောင်းမှာပဲ စီးပွားပျက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေး
* ထောင်ကျရင်ကောင်းမှာပဲဆိုတဲ့အတွေမျိုး မတွေးကြဘူးလား?
* အဲဒီအတွေးတွေဟာ ဗျာပါဒအတွေးလို့ခေါ်တယ် လူဖြစ်ရကျိုးနပ်စေဖို့ အဲဒီအတွေးမျိုးမတွေးမိစေနဲ့ရှောင်ရှားဖို့လိုတယ်
* မိစ္ဆာဒိဌိဆိုတာ ကိုယ်လုပ်တာကိုယ်နဲ့ဆိုင်တယ်လို့မတွေးဘူး
* ကောင်းတာလုပ်လည်းကောင်းတာမဖြစ်ပါဘူး မကောင်းတာလုပ်လည်းကောင်းတာဖြစ်တယ်
* မကောင်းတာလုပ်နေသူတွေကြီးပွားနေတာရှိတာပဲ
* ကောင်းတာလုပ်လည်း
ဒုက္ခရောက်နေတဲ့သူတွေရှိတာပဲ စသဖြင့် ကံကို မျက်စိလည်နေကြတယ်
* တကယ်တော့မကောင်းတာလုပ်ပြီး ကြီးပွားနေတယ်ဆိုတာ တစ်ချိန်တုန်းက ကောင်တာတွေလုပ်ခဲ့လို့ ကောင်းကျိုးခံစားနေရတယ်လို့ ဒီလိုနားလည်ရမယ်
* ဟုတ်တယ်မို့လား ကိုယ်ကခုမှကောင်းတာလုပ်တာ အကျိုးမပေးသေးဖူးလား?
* ခုသရက်ပင်စိုက် ခုသရက်သီးစားရမလား? မစားရဘူး
* ကောင်းတာလုပ်ရဲ့နဲ့ မကောင်းတာကြုံနေရတာဟာ အတိတ်ကမကောင်းတာတွေ ဘယ်လောက်လုပ်ခဲ့မှန်းမှမသိတာ
* အဲဒါကြောင့် မှန်ကန်တဲ့အတွေးမှာ ကံဆိုတာရှိတယ် ကံကိုငြင်းပယ်တာ အကိရိယဒိဌိလို့ခေါ်တယ်
* ကံဆိုတာမရှိ အကုသိုလ်ဆိုတာမရှိဘူးဆိုပြီး ငြင်းပယ်တဲ့ဝါဒလို့ခေါ်တယ်
* နတ္ထိကဒိဌိ ကံရဲ့အကျိုးတရားကို လက်မခံဘူး မကောင်းတာလုပ်လည်း မကောင်းတာမဖြစ်ဘူး
* ကောင်းတာလုပ်လည်း ကောင်းတာမဖြစ်ဘူး အကျိုးတရားကိုငြင်းပယ်ခြင်း
* ဟေတုကဒိဌိ အကြောင်းတရားကို ငြင်းပယ်တဲ့အမြင်ပေါင်းလိုက်ရင် ကံနှင့်ကံရဲ့အကျိုးကို ငြင်းပယ်တဲ့သူဟာ မိစ္ဆဒိဌိအမြင်ရှိသူသာဖြစ်တယ်
* အဲဒီလို မိစ္ဆာဒိဌိအယူရှိသူဟာ ကောင်းရာသုဂတိမရောက်နိင်ဘူး သွားရမှာက အပါယ်လေးဘုံပဲ
* ဘာလို့တုန်းဆိုရင် သူက ကံကိုငြင်းပယ်ထားတော့ သူလုပ်ချင်းသလိုလုပ်တော့မှလေ
* လုပ်ချင်ရာလုပ်တဲ့နေရာမှာ လူတွေက ဘာတွေလုပ်လည်းဆို မကောင်းတာပဲလုပ်ကြတာများတယ်
* အတွေးနဲ့ပတ်သက်လာရင် အပေါ့်အတွေးမျိုးမတွေးကြနဲ့ တွေးမိပြီဆိုရင်
* ငါ ဆိုတဲ့သန္တန်ကိုယ်ရဲ့စိတ်မှာအစဉ် ကိန်းဝပ်သွားတယ် ကိန်းဝပ်သွားရင် အကြောင်းရှိတိုင်းပေါ်လာလိမ့်မယ်
* ဒါကြောင့်ွှအဲဒီအတွေးမျိုးမတွေးမိဖို့ သတိထားရမယ် အဲဒီတော့ ဘာတွေးရမလဲဆိုတော့
* သူတစ်ပါးပစ္စည်းကိုရရှိလိုတဲ့အတွေးတွေ မတွေးနဲ့ တရားသဖြင့်ရတဲ့ပစ္စည်းကို ရလိုတဲ့အတွေးတွေးရမယ်
* သူတစ်ပါးကို ပျက်စီးစေလိုတဲ့ အတွေးမတွေးနဲ့ ကြီးပွားကြပါစေ ချမ်းသာကြပါစေ အစဉ်ပြေကြပါစေဆိုတဲ့ အတွေးကိုသာတွေးပါ
* အဲဒါကို မေတ္တာအတွေးလို့ခေါ်တယ် ပြီးတော့မှန်ကန်တဲ့အမြင်နဲ့ မိစ္ဆာ အမြင်ကိုဖယ်ရှားရမယ်
* ကမ္မသကာ သမ္မာဒိဌိ ကိုယ်လုပ်တာကိုယ်နဲ့ပဲဆိုင်တယ်ဆိုတဲ့ အမြင်မျိုးမြင်မယ် ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ်
* ငါပဲ အမွေခံရမယ်ဆိုတဲ့အမြင်ရှိပါစေတဲ့

သာဓု သာဓု သာဓု
ပါချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသတရားတော်မှ
(* ပန်းခရေ*)၁၇ . ၁၀ .၂၀၁၆ဲ



0 comments:

Post a Comment