Saturday, February 16, 2019

လူ့ ဘဝအရတော်ရဲ့ လား..?

🔺 လူ့ ဘဝ အရ​တော်​ရဲ့လား ❔
 ▬▬▬▬▬▬▬▬▬▬▬

🎐မလ္လိကာမိဖုရားကြီး [ တ​နေ့ သုံးကြိမ်​ ]
ဘုရား​ကျောင်း သွား​ပေမယ့်​ , ဘုရား​ရှင်​ ဟောကြားတဲ့
သစ္စာတရား ကိုယ်​တိုင်​ နာကြား​ရ​ပေမယ့်​ ..
ခန္ဓာ ဉာဏ်​မ​ရောက်​တဲ့အတွက်​ ..
သေ​တော့ ... အပါယ်​ [ ၇ ] ရက်​ ကျ​ရောက်​ရတယ်​။

🎐မဟာတိဿ   ရဟန်းဟာ
ရဟန်းဘဝ သီလ အကျင့်​ကို အနှစ်​နှစ်​​သောင်း
ဖြည့်​ကျင့်​ခဲ့​ပေမယ့်​ ​​ခန္ဓာဉာဏ်​ မ​ရောက်​ခဲ့တဲ့အတွက်
သေ​တော့ .... [ နင်္ဂါး ] ဖြစ်​ရတယ်​။

🎐အခြားဘာသာဝင်​ မကြည့်​ပါနဲ့ဦး ...
တို့ ဗုဒ္ဓဘာသာ​တွေ  အများကြီး​  ပေမယ့်
"သစ္စာတရား"ကို မနာကြားနိုင်​တာ, မသိတာ
အင်​မတန်​မှ  မနည်းဘူးလား ❔

🎐ကိုယ့်​မိသားစု ... ကိုယ့်​အိမ်​အနီးအနား ​-
ဘေး၇ အိမ်​, ​ရှေ့ ၇ အိမ်​ ပဲ ကြည့်​ပါ ။
သစ္စာတရား ကို  စိတ်​ဝင်​စားသူ ရှိကြရဲ့လား ❔
မိသားစုတစ်​ခု မှာ ​တောင်​ -
မိဘက စိတ်​ဝင်​စားရင်​ , သားသမီးက စိတ်​မဝင်​စားဘူး..
သားသမီးက စိတ်​ဝင်​စားရင်​ , မိဘက စိတ်​မဝင်​စားဘူး..
မရှိကြ ဘူးလား ❔

🎐သစ္စာ- မသိရင်​​တော့..
ဘုရားဒကာပဲဖြစ်​ဖြစ်​, သိမ်​ဒကာပဲဖြစ်​ဖြစ်​, သူ​ဌေးကြီးပဲ
ဖြစ်​ဖြစ်​, ဘုရင်​ကြီးပဲ ဖြစ်​ဖြစ်​ ....
[ ဂတိ]   မမြဲပါဘူး..
[ ဂတိ - ၅ ပါး တပါးပါးမှာ ကျဉ်​လည်​ကြရလိမ့်​ဦးမယ်​ ]

🎐ဒါ​ကြောင့်​...
သစ္စာတရား သိခွင့်​ရ​နေတဲ့ , နာကြားခွင့်​ရ​နေတဲ့ ,
နာကြားနိုင်​တဲ့ မိမိတို့ ...
[ လူ့ဘဝ အ ရ​ တော်​​ ​နေ မှန်း ] သိပါ..။

🔄 ယုတ်သော /  မြတ်သော အသက်ရှင်ခြင်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬

🎌 လူရယ်လို့ ဖြစ်ပြီး နာမ်ရုပ် မသိ။ ပညတ် ပရမတ် မသိ။
🎌 ဖြစ်ပျက် မသိပဲ အသက်တစ်ရာနေသောသူသည် ယုတ်သောအသက်ရှင်ခြင်းဖြစ်တယ်။
လူရယ်လို့ ဖြစ်ပြီး နာမ်ရုပ် ။ ပညတ် ပရမတ် ။
ဖြစ်ပျက် ကိုသိပြီး အသက် တစ်ရက် ရှင်ရခြင်းသည်
မြတ်သောအသက်ရှင်ခြင်းဖြစ်တယ်။

🎌 ခန္ဓာရယ်လို့ ရလာတဲ့ (၃၁)ဘုံသားတွေဟာ
ခန္ဓာရှိခြင်းကြောင့် သေကိုသေရတယ် မသေခင်မှာ 
သစ္စာသိအောင် အားထုတ်ကြရမယ်။ဒီခန္ဓာကြီးဟာ
အကြောင်းတိုက်ဆိုင်လာတိုင်း နာတယ် ကျင်တယ် ပူတယ်
အေးတယ် အောင့်တယ် စသဖြင့် ဖြစ်ပေါ်တာဟာ ဆင်းရဲတယ်။
ဆင်းရဲတဲ့ အတွက်ကြောင့် နှိပ်စက်ပြန်ပြီလို့  ဒီလိုမှတ်ပါ။
ဘာကိုနှိပ်စက်တာလဲဆိုရင် ခန္ဓာကိုနှိပ်စက်တာ ။
စစ်ခနဲ့ နာတယ် ကျင်တယ် ဆိုရင် နှိပ်စက်ပြန်ပြီးလို့သိပါ။
ဒီလိုနှိပ်စက်တယ်ဆိုတာ ရုပ်ရဲ့ သဘောပဲ။
ရုပ်ရဲ့ သဘောကိုက ဖေါက်ပြန်တဲ့သဘောရှိတယ်။

🎌 ဒါကြောင့် နာတယ် ကျင်တယ်
အောင့်တယ် ပူတယ် အေးတယ် အစရှိသဖြင့်
ခန္ဓာမှာပေါ်လာတိုင်း နှိပ်စက်ပြန်ပြီလို့ သိပါ။
ဖေါက်ပြန်တာက ရုပ်။ ဖေါက်ပြန်မှန်း သိတာက နာမ်။
ခန္ဓာ မှာ  နာတာ ကျင်တာ ပူတာ အေးတာ ပေါ်တိုင်း
နှိပ်စက်ပြန်ပြီလို့ သိခြင်းသည် ဓမ္မာနုပဿနာ အားထုတ်နေခြင်းပဲ။
ဓမ္မရဲ့ သဘောလေးကို သိနေခြင်းပဲ ဖြစ်တယ်။
ဖေါက်ပြန်တာက ရုပ်။ သိတာက နာမ်။
ရုပ်နာမ်ကို သိခြင်းကြောင့် ငါ ငါ့ ခန္ဓာ ဆိုတာ မလာတော့ပါဘူး။
ငါ  ငါ့ ခန္ဓာ ဆိုတာမလာတော့တဲ့အတွက် ကြောင့်
ဒိဋ္ဌိ ပြုတ်ပါတယ်။

✅ဒီတော့ ခန္ဓာ မှာဖေါက်ပြန်တိုင်း  ဒုက္ခသစ္စာ။
✅ခန္ဓာဖေါက်ပြန်တာကို နှိပ်စက်ပြန်ပြီလို့
သိခြင်းသည် မဂ္ဂသစ္စာ။
✅ငါ ငါ့ ခန္ဓာ လို့ မလာတော့ပဲ
ဒိဋ္ဌိ ပြုတ်နေသောကြောင့် သမုဒယ သစ္စာ သေတယ်။
✅သမုဒယ တို့ ရဲ့ ငြိမ်းရာချုပ်ရာသည် နိရောဓသစ္စာ
ဖြစ်တယ်။
✧ သစ္စာလေးချက်ညီနေတယ်။

🎌 ဒါကြောင့် ခန္ဓာမှာ နာတာ ကျင်တာ
အောင့်တာ ကိုက်တာ ပူတာ အေးတာ စသဖြင့် ပေါ်တိုင်း
နှိပ်စက်ပြန်ပြီလို့ သိခြင်းသည် ကိစ္စဥာဏ်ကို ရခြင်းဖြစ်တယ်။
ဒီတော့ ငါနာတယ် ငါကျင်တယ်လို့ မဖြစ်တော့ပဲ ခန္ဓာ
ဖေါက်ပြန်တာကို ဥာဏ်နဲ့သိပေးခြင်းကြောင့်
သမုဒယ သစ္စာသေပြီး နိရောဓ သစ္စာ ဆိုက်တယ်။
ဒီလိုအမြဲတမ်း ရှုမှတ်နိုင်မယ်ဆိုရင် အချိန်တန်တော့ဓမ္မ က
သူ့ အလုပ်သူလုပ်ပြီး မဂ်ဥာဏ် ဖိုလ်ဥာဏ်ဆိုက်ရောက်လို့ 
သောတာပန် တည်ပါလိမ့်မယ်။

➠ ဒီလိုသိပြီး သေရင်တော့
မြတ်သော အသက်ရှင်ခြင်းဖြစ်ပြီး 
➠ ဒီလိုမသိပဲ သေရင်တော့
ယုတ်သောအသက်ရှင်ခြင်းသာဖြစ်ပါတယ်။

【ဆရာ​တော်​ ဘဒ္ဒန္တသုနန္ဒ ဓမ္မရံသီ မိုးကုတ်​ရိပ်​သာ】

❝ အပ္ပမာဒေန သမ္မာဒေထ ❞
🚩 ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု
#Credit

0 comments:

Post a Comment