Tuesday, February 6, 2018

🚩 ❝ လောကဓံတရား ❞

🚩 ❝ လောကဓံတရား ❞

🎐​သောတာပန်​ သကဒါဂါမ်​များမှာ​တော့
ရာဂမကင်း​သေးတဲ့အတွက်​ ​လောကဓံအ​ကောင်း​တွေနဲ့ ​တွေ့တဲ့အခါ နှစ်​သက်​သာယာပြီး
ဝမ်း​မြောက်​တက်​ကြွတန်​သ​လောက်​​တော့ တက်ကြွ
ပေလိမ့်​ဦးမယ်​။ဗျာပါဒ ​ဒေါသမကင်း ​သေးတဲ့
အတွက်​ ​လောကဓံအဆိုး​တွေနဲ့ ​တွေ့တဲ့အခါ နှလုံးမသာမှု စိတ်​ပျက်​မှု ၊ ဝမ်းနည်းမှုလည်း
ဖြစ်​တန်​သ​လောက်​ ​တော့ ဖြစ်​​ပေလိမ့်​ဦးမယ်​။

🎐ဒါ့​ကြောင့်​ အနာထပိဏ်​သူ​ဌေးကြီးမှာ
သုမနာ​ဒေဝီ ဆိုတဲ့သမီးငယ်​ ​သေဆုံးသွားတာ
အ​ကြောင်းပြုပြီး နှလုံးမသာခြင်း ၊ ဝမ်းနည်းခြင်း ၊
ငို​ကြွေးမြည်​တမ်းခြင်းဖြစ်​ရတယ်​။ ဝိသာခါမှာလည်း ​မြေးမ​သေဆုံးတဲ့အတွက်​ နှလုံးမသာဖြစ်​ခြင်းဖြစ်​ရတယ်​။ အရှင်​အာန္ဒာမှာလည်း ဘုရားပရိနိဗ္ဗာန်​စံခါနီးမှာ  ငို​ကြွေးမြည်​တမ်းခြင်းဖြစ်​ပါတယ်​။

🎐ဒါ​ပေမယ့်​ 
သောတာပန်​.သကဒဂါမ်​ များမှာ တရားက
သိတန်​သ​လောက်​သိပြီးဖြစ်နေတဲ့အတွက်​ 
တော်​​တော်​​တော့ သည်းခံနိုင်​ပါပြီ။ ဖြစ်​​ပေါ်လာတဲ့ ​သောက ပရိ​ဒေဝ​တွေကို ပယ်​​ဖျောက်​ဖို့ရာ လွယ်​ကူ​နေပါပြီ။ ​တော်​​တော်​သက်​သာရာ ရ​နေပါပြီ။ ပုထုဇဉ်​​တောင်​မှ တရားနှလုံးသွင်း အားထုတ်​ထားတဲ့သူဆိုရင်​ ကိုယ့်​တရားနဲ့ ​ဖြေ​ဖျောက်​ပြီး သက်​သာခွင့်​ရနိုင်​ပါတယ်​။

🎐ဒါ့​ကြောင့်​ ​လောကဓံ တရားဆိုး​တွေနဲ့ 
တွေ့တဲ့အခါမှာ အားထုတ်​ထားတဲ့ တရားနဲ့
ဖြေ​ဖျောက်​ရတယ်​။ ဒီလိုအခါမှာ တရားမှတစ်​ပါး အားကိုးစရာမရှိဘူး။အကယ်​၍ ​လောက​ရေးဖက်က
အားထုတ်​လို့ ​လောကဓံအဆိုးမှ လွတ်​​မြောက်​နိုင်​တဲ့
နည်းလမ်းရှိ​သေးရင်​ ​တော့တတ်​နိုင်​သမျှ
နည်းမျိုးစုံနဲ့ အားထုတ်​ကာကွယ်​ရပါတယ်​။

🎐အဲ့ဒီလို 
လောကဖက်​က နည်းလမ်း​တွေနဲ့မကာကွယ်​ ၊
မတားမြစ်​နိင်​​တော့ဘူးဆိုတဲ့ အခါကျ​တော့ ကိုယ့်
တရားကိုပဲ အားကိုးရတယ်​။ ကိုယ့်​တရားနဲ့ နှလုံးသွင်းပြီး စိတ်​နှလုံးမသာမှု​ တွေကို ပယ်​​ဖျောက်​ရတယ်​။
     
🎐တရားလည်း အားမထုတ်​ဘူးလို့ ၊
"သို့မဟုတ်​" ပြည့်​ပြည့်​စုံစုံ အားမထုတ်​ဘူးလို့ တရားအားထုတ်​မှုဖြင့်​ မပယ်​​ဖျောက်​နိုင်​ဘူးဆိုရင်​ " ​ယောနိ​သော မနသိကာရ " နဲ့အသင့်​အတင့်
နှလုံးသွင်းပြီး ပယ်​​ဖျောက်​ရတယ်​။ ​လောကဓံ တရားဆိုတာ ဘုရား,ရဟန္တာများ​တောင်​မှ မ​ရှောင်​နိုင်​ဘူး။ ​တွေ့ကြ​သေးတာပဲ။ ငါလိုလူ ဘယ်​မှာမ​တွေ့ပဲ ရှိမှာလဲ။

🎐ဘုရား, ရဟန္တာအရှင်​မြတ်​​တွေဟာ
ဒီ​လောကဓံ တရားနဲ့ ​တွေ့တဲ့အခါ မတုန်​မလှုပ်​ သည်းခံ​တော်​မူနိုင်​ကြတယ်​။ ငါလည်း ဘုရား, ရဟန္တာများလို သည်းခံမယ်​။ စိတ်​နှလုံးမသာခြင်း ကိုမဖြစ်​​စေရ​အောင်​ ဖြစ်​ရင်​လည်း ကြာရှည်​စွာ မဖြစ်​ရ​အောင်​ ​စောင့်​​ရှောက်​မယ်​။ ဒီလို​စောင့်​​ရှောက်​ခြင်းဖြင့်​ ဘုရား, ရဟန္တာအရှင်​မြတ်​တို့၏ ဂုဏ်​တစ်​စိတ်​တစ်​​ဒေသနှင့်​ ပြည့်​စုံ​စေရမယ်​။ စသည်​ဖြင့်​ နှလုံးသွင်း ဆင်​ခြင်​ပြီး နှလုံးမသာမှုကို ပယ်​​ဖျောက်​ရတယ်​။ အဲဒီလို ပယ်​​ဖျောက်​နိုင်​ဘို့က အ​ရေးကြီးပါတယ်​။

🚩 ရဟန္တာမှာ  မတုန်​လှုပ်
☀☀☀☀☀☀☀☀☀☀☀
🎐လောကဓ​မ္မေဟိ၊လောကဓံတရား ရှစ်​ပါးတို့နှင့်​ ၊
ဖုဋ္ဌဿ ၊ ​တွေ့​သော ၊ ဝါ ၊ ​လောကဓံတရား ရှစ်​ပါး
တို့က ​တွေ့ထိနှိပ်​စက်​အပ်​​သော ၊ ယဿ  ၊ အကြင်​ရဟန္တာပုဂ္ဂိုလ်​၏။ စိတ္တံ ၊ စိတ်​သည်​ ၊ နကမ္ပတိ၊ မတုန်​မလှုပ်​။ ​လောကဓံရှစ်​ပါး နဲ့ ​တွေ့တဲ့အခါမှာ ရဟန္တာပုဂ္ဂိုလ်​၏ စိတ်​နှလုံးဟာ တုန်​လှုပ်​ခြင်း ​ပြောင်းလဲခြင်း မရှိဘဲ တည်​တံ့​နေပါတယ်​-တဲ့။ 

🎐ကောင်းတာ​တွေကို​တွေ့ရလို့လည်း
ဝမ်း​မြောက်​တက်​ကြွပြီး တုန်​လှုပ်​ခြင်း မရှိဘူး။ ဆိုးတာ​တွေကို ​တွေ့ရလို့လည်း နှလုံးမသာဖြစ်​ခြင်း  စိတ်​ဓာတ်​ကျခြင်း မရှိဘူး။ သာမန်​ ရိုးရိုးအာရုံနဲ့ ​တွေ့ရသလိုပဲ။ တုန်​လှုပ်​ခြင်းမရှိဘဲ တည်​မြဲ​နေပါတယ်​တဲ့။ သိပ်​​ကောင်းတာပဲ။

🎐ရဟန္တာသာမဟုတ်​ပါဘူး
အနာဂါမ်​ဆိုရင်​လည်း ​တော်​​တော်​သည်းခံနိုင်​ပါပြီ။
တုန်​လှုပ်​ခြင်း မရှိသ​လောက်​ ဖြစ်​​နေပါပြီ။ ရူပရာဂနဲ့ အရူပရာဂ ရှိ​နေ​သေးတဲ့အတွက်​  ရူပဘဝနဲ့ အရူပဘဝနဲ့ စပ်​ပြီးသာယာမှု ၊ ဝမ်း​မြောက်​မှု ဖြစ်​နိုင်​​သေး​ပေမယ့်​ ​ဒေါသကကင်း​နေတဲ့အတွက်​ နှလုံးမသာမှု ၊ ဝမ်းနည်းမှုက​တော့ လုံးဝမရှိ​တော့ဘူး။ ဒါ့​ကြောင့်​ အနာဂါမ်​မှာလည်း စိတ်​နှလုံး တုန်​လှုပ်​မှုဟာ မရှိသ​လောက်​ပဲ သက်​သာ​နေပါပြီ။

           【 မဟာစည်ဆရာတော်ဘုရားကြီး】

❝ အပ္ပမာဒေန သမ္မာဒေထ ❞
⛄ရွှင်လန်း⛄ချမ်းမြေ့⛄ပါစေ⛄
Credit -

0 comments:

Post a Comment